တော်တော်နဲ့လက်ခံချင်မှာမဟုတ်ပေမဲ့ အမှန်တရားတွေဆိုတာကိုတော့ ငြင်းမရပါဘူး။
 

အမှန်တရားဆိုပေမဲ့ အချို့အမှန်တရားတွေကတော့ နားဝင်မချိုပါဘူး။ တစ်ခါတစ်လေကျပြန်တော့လည်း ယုတ္တိမရှိမှန်း သိသိနဲ့ကို မျက်စိစုံမှိတ် ယုံလိုက်ကြတာမျိုး ရှိလေရဲ့။ လူမှုကွန်ရက်တွေထဲမှာ နာမည်ကြီးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Reddit ကို အသုံးပြုသူအချို့က စကားဝိုင်းဖွဲ့ ဆွေးနွေးရင်းနဲ့ လူတွေ လွယ်လွယ်နဲ့လက်မခံချင်တဲ့ အမှန်တရားတွေကို ရေးသားခဲ့ကြပါတယ်။ သူတို့က ဝက်ဘ်ဆိုက်ကို သာမာန်အသုံးပြုသူတွေပါ။ ဒါပေမဲ့လည်း သူတို့ပြောစကားတွေက စိတ်ဝင်စားစရာကောင်းပါတယ်။

"မင်းလည်း မင်းကောင်မလေးကိုချစ်တယ်၊ သူကလည်း မင်းကိုချစ်တယ်။ တစ်ခါတစ်ရံကျတော့လည်း အဲ့တာကို အလုပ်ဖြစ်အောင် မလုံလောက်ပါဘူး" (zermat146)

" မင်းအကောင်းဆုံးလုပ်ဆောင်ဖို့ဆိုတာ ဖြစ်နိုင်တယ်။ အမှားလုံးဝမရှိအောင်လည်း လုပ်နိုင်တယ်။ ပြီးတော့လည်း ဆုံးရှုံးနိုင်တာပါပဲ" (Wisdomlost)

 

" မင်းကို အစားထိုးလို့ရနိုင်တာပဲ" (LadySnowLeopard)

" ကျွန်တော်တို့အများစုက စပယ်ရှယ်တွေမဟုတ်ကြပါဘူး။ အတော်များများဆိုရင် ပျမ်းမျှရဲ့အထက်မှာတောင် ရှိမနေကြဘူး" (Draki1903)

 

"ကျွန်တော်တို့အများစုကတော့ လုပ်အားခကျေးကျွန်တွေပါပဲ။ ကျွန်တော်တို့ရမယ့် အကျိုးအမြတ်ထက် သူများတွေအတွက်ပိုပြီး အကျိုးအမြတ်ရအောင်လုပ်နေကြရတာ" (Desert Camo)

သူတို့ရေးသားခဲ့တဲ့ စကားတွေဟာ ဆိုရိုးစကားတွေလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ ခံစားချက် အမြင်တွေဖြစ်ပြီး အမှန်တရားတွေလည်းဖြစ်ပါတယ်။ ကိုယ်တိုင်က တော်တော်နဲ့လက်ခံချင်မှာမဟုတ်ပေမဲ့ အမှန်တရားတွေဆိုတာကိုတော့ ငြင်းမရပါဘူး။

Source : Reddit

Share

Loading Next Article...
က္က