မိခင်နာမည်နဲ့ အလှူဒါနတစ်ခု ပြုလုပ်ပေးလိုက်တာ အရမ်းကို မွန်မြတ်တဲ့ လက်ဆောင်တစ်ခုပါပဲ။
 

ဒီနေ့ ပြာသိုလပြည့်နေ့ဟာ မြန်မာနိုင်ငံရဲ့ အမေနေ့ဖြစ်ပါတယ်။ အမေနေ့မှာ ကိုယ့်မိခင်ကို တန်ဖိုးထားလေးစားချစ်ခင်သူများအတွက်၊ မေမေ့ကို ဘာလက်ဆောင်ပေးရင်ကောင်းမလဲဆိုပြီး စဉ်းစားနေသူများအတွက် အကြံဉာဏ်ကောင်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။

mom 2.jpg 

၁။ အချိန်လက်ဆောင်

ပို့စကတ်၊ ပန်းစည်း၊ သူကြိုက်တတ်တဲ့ မုန့်နဲ့ လက်ဝတ်ရတနာ စတဲ့ပစ္စည်းလေးတွေ ဝယ်ပေးတာလည်း ကောင်းမွန်တဲ့အကြံတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ သင့်မေမေ တကယ်လိုချင်နေတာက သင်နဲ့အတူတူ နွေးနွေးထွေးထွေးနေချင်တာပါ။ သူမရဲ့ အိမ်အလုပ်တွေကို သင်ကူလုပ်ပေးတာမျိုး၊ သူမ ပြောချင်တာတွေ၊ သူမ သိချင်တာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပြောပြပေးတာက သင့်မေမေကို အလွန်ပျော်သွားစေမယ့်လက်ဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ မိသားစု စုံစုံလင်လင် ထမင်းစားဖို့ စီစဉ်ပေးတာမျိုးကိုလည်း သူမ တောင့်တနေတတ်ပါတယ်။

Mom 3.jpg 

၂။ ဈေးဝယ်ကူပွန်တွေကို မေ့လိုက်ပါ။

သားသမီးအများစုက များသောအားဖြင့် သူမ လိုအပ်တာတွေကိုု စိတ်တိုင်းကျဝယ်လို့ရအောင် ဈေးဝယ်ကူပွန်တွေ ဝယ်ပေးတတ်ကြပါတယ်။ ဒီနှစ်မှာတော့ ကူပွန်တွေ၊ ဘောက်ချာတွေမပေးဘဲနဲ့ သူမအတွက် အလှူအတန်း တစ်ခုခုလုပ်ပေးလိုက်ပါ။ သူမ လှူလေ့ရှိတဲ့ နေရာ၊ ရိပ်သာမှာ မိမိရဲ့ မိခင်နာမည်နဲ့ အလှူဒါနတစ်ခု ပြုလုပ်ပေးလိုက်တာ အရမ်းကို မွန်မြတ်တဲ့ လက်ဆောင်တစ်ခုပါပဲ။

444.jpg 

၃။ ဓာတ်ပုံဟောင်းတွေ တူတူကြည့်ပါ။

ဓာတ်ပုံဆိုတာက အမှတ်တရအချိန်တွေကို သိမ်းထားပေးတဲ့ ပုံရိပ်တစ်ခုပါပဲ။ ဓာတ်ပုံဟောင်းတွေ၊ အယ်လ်ဘမ်တွေ၊ သင်ငယ်စဉ်ကလေးဘဝက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေ၊ မိသားစုတစ်စုတစ်စည်းတည်း တူတူသွားခဲ့တဲ့ ခရီးတွေ၊ အမှတ်တရပစ္စည်းလေးတွေကို စုဆောင်းထားပြီး သူမနဲ့အတူတူ ငယ်ဘဝကို ပြန်လည်တူးဆွပါ။

mom 5.jpg 

၄။ သူမ ဝါသနာပါတဲ့ အရာတွေလုပ်ဖို့ တိုက်တွန်းပေးပါ။

သင့်မေမေဟာ သူမတစ်ဘဝလုံး သင့်ကို ပြုစုပျိုးထောင်ရင်း အိမ်မှုကိစ္စတွေကြားမှာ အချိန်ကုန်နေခဲ့ရတာပါ။ အမေတွေဟာ သူမ ဝါသနာပါတဲ့ အရာတွေ၊ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လက်လျော့ခဲ့ရသူတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခုချိန်မှာတော့ သူမဟာ သင့်ကို စိတ်ချလက်ချ ယုံကြည်အားကိုးနိုင်ပြီး အေးချမ်းစွာနေနိုင်ပြီဆိုတာကိုလည်း သူမကို ပြောပြသင့်ပါတယ်။  ကျန်ရှိတဲ့သူမရဲ့ ကိုယ်ပိုင်အချိန်ကို သူမဝါသနာပါတဲ့အလုပ်၊ တရားအားထုတ်ခြင်း စတဲ့ အရာတွေကို လုပ်ဖို့ တိုက်တွန်းအားပေးပါ။

Share

Loading Next Article...
က္က