ကြည်နူးစရာပုံရိပ်လေးတွေပါပဲ။
 

မင်္ဂလာအခမ်းအနားမှာ မင်္ဂလာကိတ်မုန့်ကိုခွဲပြီး သတို့သား၊ သတို့သမီးနဲ့ နှစ်ဖက်အသိုင်းအဝိုင်းကို ကျွေးမွေးဧည့်ခံကြပါတယ်။ နယူးဇီလန်က ဇနီးမောင်နှံနှစ်ဦးကတော့ သူတို့ရဲ့မင်္ဂလာကိတ်မုန့်ကို အိမ်ရာမဲ့လူတစ်ဦးကို ကျွေးမွေးနေပုံက ကြည်နူးစရာပါပဲ။

 

မင်္ဂလာပွဲကို စနေနေ့က အောက္ကလန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားအပြီးမှာ ကိတ်မုန့်ကို အနီးဝန်းကျင်က အိမ်ရာမဲ့လူတစ်ဦးဆီ သွားရောက်ကျွေးမွေးနေပုံကို ဓာတ်ပုံဆရာတစ်ဦးက အမိအရ မှတ်တမ်းတင်လိုက်ပါတယ်။

 

ကြာသပတေးနေ့ထုတ် နယူးဇီလန်သတင်းစာတစ်စောင်ရဲ့ မျက်နှာဖုံးစာမျက်နှာမှာ စိတ်ထားဖြူတဲ့ဇနီးမောင်နှံရဲ့ ဓာတ်ပုံက ပါဝင်လာလို့ သူတို့ကိုယ်တိုင် အံ့သြပျော်ရွှင်နေကြရပါတယ်။ သူတို့က မင်္ဂလာကိတ်သာမက ကော်ဖီနဲ့ ငွေကြေးတွေလည်း ပေးအပ်လှူဒါန်းခဲ့ကြပါသေးတယ်။

Source : Mail Online

Share

Loading Next Article...
က္က