ကိုယ့်ကောင်မလေးက ကိုယ့်ကိုပိုချစ်လာစေမယ့် စကားတွေပေါ့...
 

မိန်းကလေးဆိုတာမျိုးက စိတ်ခံစားချက်ကို အပြည့်အဝ ထုတ်ဖော်ပြောလိုက်တာ နည်းပါတယ်။ အရမ်းချစ်ရတဲ့ ချစ်သူကိုတောင်မှ လိုချင်တာတွေရှိနေပေမဲ့ အလိုက်တသိနဲ့လိုက်လျောလာတာကိုပဲ တိတ်တခိုး တောင့်တနေကြသူတွေပါ။ ချစ်သူထံက စကားတွေအများကြီး ကြားနေရပေမဲ့ ဒီစကားတွေကိုတော့ မိန်းကလေးအားလုံး ကြားချင်ကြပါတယ်။

၁။ အရမ်းချစ်တယ်

ချစ်တယ်ဆိုတဲ့စကားက ဘယ်လောက်ပြောပြော ရိုးမသွားပါဘူး။ နားထောင်ရတဲ့လူမှာလည်း စိတ်ကျေနပ်ရသလို ဒီလိုခဏခဏပြောတတ်တဲ့ ချစ်သူကိုလည်း ချစ်စိတ်ပိုဝင်မှာ အမှန်ပါပဲ။

၂။ မင်းအကောင်းဆုံး

ကိုယ့်အကြောင်းကိုယ်သာ အသိဆုံးပေါ့။ ဒါပေမဲ့လည်း တခြားမိန်းကလေးတစ်ယောက်ယောက်နဲ့ယှဉ်ပြောတဲ့အခါ ကိုယ့်ကိုဦးစား ချီးကျူးတဲ့ချစ်သူက မိန်းကလေးတွေက ပိုပြီးယုံကြည်ကိုးစားကြပါတယ်။ ချစ်သူရဲ့အရည်အချင်းကောင်းတွေကို ထုတ်ပြောတတ်တဲ့ယောက်ျားလေးကို ဘယ်မိန်းကလေးကများ ထားရစ်နိုင်မှာလဲ။

happy-couple.jpg 

၃။ စိတ်ပူတယ်

ညဘက်သူငယ်ချင်းတွေနဲ့ အပြင်ထွက်လို့ နောက်ကျပြီဆိုတာနဲ့ အဲ့ဒီကောင်လေးကို စိတ်အပူဆုံးလူက မိဘနဲ့ချစ်သူပါပဲ။ ကိုယ်တိုင်ကလည်း စိတ်ပူတတ်သူတွေဆိုတော့ ကိုယ့်အတွက်လည်း စိုးရိမ်ပေး စိတ်ပူပေးတတ်တဲ့ချစ်သူရဲ့စကားတွေဟာ ဂရုစိုက်တယ်လို့ ဖော်ညွှန်းနေတာပဲမဟုတ်ပါလား။

၄။ မင်းတစ်ယောက်တည်းကိုပဲ

အရင်လူတွေ ဘယ်လောက်ပဲရှိခဲ့ရှိခဲ့ လက်ရှိမှာ မင်းတစ်ယောက်တည်းကိုပဲချစ်တယ်။ မင်းကိုပဲ အမြဲတမ်းထာဝရလက်တွဲသွားမယ်ဆိုတဲ့ စကားလုံးတွေဟာ မိန်းကလေးတွေရဲ့အသည်းအိမ်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားနိုင်မယ့် စကားတွေဖြစ်ပါတယ်။

၅။ နားလည်ပါတယ်

ကိုယ်တစ်ခုခု အလွဲအချော်ဖြစ်သွားလို့ စိတ်ညစ်နေချိန်မှာ ချစ်သူက နားလည်ပေးပြီး နှစ်သိမ့်အားပေးတဲ့စကားတွေ ပြောပေးတာကိုလည်း မိန်းကလေးတွေက လိုလားတောင့်တကြပါတယ်။

84ba15f7013f7bbb483b3c6e52031178.jpg 

၆။ လက်ထပ်ရအောင်

အရှက်အကြောက်ကြီးတဲ့ မြန်မာမိန်းကလေးတွေက ချစ်သူကို "ဘယ်တော့လက်ထပ်မှာလဲ" လို့ အရင်မေးဖို့ သတ္တိနည်းကြပါတယ်။ ကိုယ့်ချစ်သူက လက်ထပ်ခွင့်တောင်းခံလာတာကိုသာ စောင့်နေကြရတာပါ။ "ကိုယ်တို့လက်ထပ်ရအောင်" လို့ ယောက်ျားလေးဘက်က အရင်စပြောတာ မျှော်လင့်ကြပါတယ်။

Share

Loading Next Article...
က္က