ဘောလုံးပွဲတွေ အားပေးတယ်ဆိုရင်တော့ ယောက်ျားလေးဘော်ဒါတွေရှိမှဖြစ်မှာပါ။
 

အပေါင်းအသင်းမိတ်ဆွေဆိုတာ ယောက်ျားလေးရော မိန်းကလေးရော ရှိကြတာပါပဲ။ ကိုယ်က မိန်းကလေးမို့လို့ မိန်းကလေးသူငယ်ချင်းတွေချည်းပဲ ပေါင်းသင်းနေရင် ဘဝက ဘယ်ပြည့်စုံမှာလဲ။ ဒီတော့ အပေါင်းအသင်းမိတ်ဆွေကို မိန်းမ၊ ယောကျ်ား ခွဲခြားမနေဘဲ လူစုံအောင် ပေါင်းသင်းတာ ကိုယ့်ရဲ့လူနေမှုဘဝကို ပိုပြည့်စုံစေပါလိမ့်မယ်။ ယောက်ျားလေးတွေနဲ့ သူငယ်ချင်းဖြစ်ရတာ ကောင်းတဲ့အချက်တွေ အများကြီးပါပဲ။

၁။ သက်တောင့်သက်သာရှိ

ယောကျ်ားလေးမိတ်ဆွေတွေက သင့်ရဲ့ မိတ်ကပ်နဲ့ အဝတ်အစားကိုကြည့်ပြီး ဝေဖန်တတ်သူတွေမဟုတ်ဘူးလေ။ ဒီတော့ သူတို့နဲ့တွေ့ရင် ဝတ်ချင်တာဝတ်သွားလို့ရတယ်။ ဖိအားတွေမရှိဘူး။

၂။ ဘော်ဒီဂတ်

ယောက်ျားမိတ်ဆွေတွေရှိခြင်းရဲ့ အားသာချက်တစ်ခုကတော့ လိုအပ်လာရင် သက်တော်စောင့်လိုမျိုး အကူအညီရတာပါပဲ။ ကိုယ့်ကိုနှောင့်ယှက်နေသူတွေရှိရင် ယောက်ျားလေးသူငယ်ချင်းကိုသာ အသိပေးလိုက်ရုံနဲ့ သူက ကူပြီးဖြေရှင်းပေးနိုင်တယ်လေ။ လူပြတ်တဲ့နေရာတွေကို မဖြစ်နေသွားရမယ်ဆို သူတို့ကို လိုက်ပို့ခိုင်းလို့ရပါသေးတယ်။

girlfriend-hanging-out-with-guy-friends.jpg 

၃။ ရှက်ကြောက်ဖို့မလို

သူတို့ရဲ့စိတ်ထားက ပွင့်လင်းပြီးပျော်ရွှင်တတ်ကြတာမို့ ကိုယ်လည်း ပွင့်ပွင့့်လင်းလင်းနေထိုင်လို့ရပါတယ်။ ပျော်စရာတွေရှိလာရင်လည်း အားပါးတရ ရယ်မောလိုက်လို့ ကဲ့ရဲ့မှာမဟုတ်တဲ့လူတွေပါ။

၄။ မားမားမတ်မတ်ရပ်ပေးသူတွေ

မင်္ဂလာဆောင်တွေသွားလို့ အစအနောက်ခံရတာများလာရင် ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ကိုပဲ အဖော်ခေါ်သွားလိုက်ပေါ့။ FA (အမြဲတမ်းတစ်ကိုယ်တည်းအထီးကျန်)လို့ အပြောခံရမယ့် အနေအထားမျိုးမှာ ယောက်ျားလေးသူငယ်ချင်းက အသုံးတည့်တယ်လေ။

1.jpg 

၅။ အားကစား

မိန်းကလေးအများစုက ဘောလုံးကန်တာလိုမျိုး အားကစားနည်းတွေ မနှစ်သက်ကြပါဘူး။ ကိုယ်က တခြားမိန်းကလေးနဲ့မတူဘဲ ဘောလုံးကန်တာကိုကြိုက်သူ၊ ဘောလုံးပွဲတွေ အားပေးတယ်ဆိုရင်တော့ ယောက်ျားလေးဘော်ဒါတွေရှိမှဖြစ်မှာပါ။ ကိုယ်က မိန်းကလေးဖြစ်ပြီး ဘောလုံးပွဲကြိုက်လို့ဆိုပြီး ပြစ်တင်ကြမှာမဟုတ်တဲ့အပြင် ပွင့်လင်းတဲ့မိန်းကလေးဆိုပြီး ပိုတောင် ဂရုစိုက်ချစ်ခင်ကြပါလိမ့်မယ်။

၆။ အတွေးအမြင်

ကိုယ်က မိန်းကလေးဖြစ်နေ ကိုယ့်သူငယ်ချင်းတွေကလည်း မိန်းကလေးတွေချည်း ဖြစ်နေရင် အတွေးအမြင်တွေက သမားရိုးကျဆန်သွားပါလိမ့်မယ်။ တချို့နေရာတွေမှာ ယောက်ျားတွေရဲ့ အတွေးအမြင်တွေကိုလည်း လိုအပ်တာမို့ ယောက်ျားလေးမိတ်ဆွေတွေရှိတာ ကောင်းပါတယ်။

Source : Belief

Share

Loading Next Article...
က္က