သူတို့အပေါ် အထင်အမြင်ကောင်းစေဖို့ တစ်ဖက်လူကို ချီးကျူးစကားတွေ ပြောလေ့ရှိပါတယ်။
 

၁ - ဘယ်သူမှ မသိဘူး

ဘယ်သူမှ သတိမထားမိတဲ့အချိန်ကို ရောက်ရင် သူတို့ရဲ့ ဆိုးဝါးတဲ့ အပြုအမူတွေ ထွက်လာတတ်ပါတယ်။ အထူးသဖြင့် သူတို့လုပ်နေတာကို ဘယ်သူမှ အာရုံမစိုက်တဲ့ အချိန်မျိုးမှာ ဖြစ်ပါတယ်။

၂ - အတိုက်အခံလုပ်ရမှာ ကြောက်တယ်

ashkzsu6hr0hb1tqeotp.jpg 

အတိုက်အခံလုပ်ရမှာကို သူတို့က ရှောင်တတ်ပါတယ်။ အတိုက်အခံဖြစ်တော့မယ်ဆိုရင် သူတို့ကိုင်ထားတဲ့အယူအဆတွေကိုတောင် စွန့်လွှတ်ပြီး တစ်ဖက်လူနဲ့ သဘောတူတတ်ပါတယ်။ ဒါပေမဲ့ ကွယ်ရာရောက်ရင်တော့ သူတို့ရဲ့ မကျေနပ်ချက်တွေကို တစ်နည်းနည်းနဲ့ ဖော်ထုတ်လေ့ရှိပါတယ်။

၃ - ကတိမတည်ဘူး

Good-and-Bad-People.jpg 

သူတို့တွေက တောင်းဆိုမှုမှန်သမျှကို လက်ခံပါတယ်။ ဒါပေမဲ့ ပေးထားတဲ့ကတိကို မတည်တတ်ပါဘူး။

၄ - သဘောကောင်းသူ

people-doing-bad-things.jpg 

အပြင်လူတွေကို သူတို့ ဘယ်လောက်ကောင်းကြောင်း ပြတတ်ပါတယ်။ ဒါပေမဲ့ သူတို့ကို သည်းခံမယ့်လူတွေ၊ အထူးသဖြင့် မိသားစုဝင်တွေကို ဆိုးဝါးစွာ ဆက်ဆံလေ့ရှိပါတယ်။

၅ - စကားသက်သက်

သူတို့အပေါ် အထင်အမြင်ကောင်းစေဖို့ တစ်ဖက်လူကို ချီးကျူးစကားတွေ ပြောလေ့ရှိပါတယ်။

 

၆ - အထက်ဖားအောက်ဖိ

အဖွဲ့အစည်းတစ်ခုတွင်းမှာ အာဏာရှိတဲ့လူတွေကို ကောင်းကောင်းဆက်ဆံလေ့ရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့ လူတွေကိုတော့ အထင်အမြင်သေးသလို လုပ်တတ်ပါတယ်။ သူတို့မှာ ပုံမှန်စိတ်ထားမျိုးမရှိဘဲ ဆက်ဆံတဲ့လူပေါ်လိုက်ပြီး ပြောင်းလဲတတ်ပါတယ်။

၇ - စိတ်ရင်း

PAFF_121516_angerdisgustmorality-609x419.jpg 

သူတို့ အပြုအမူကိုပဲ အာရုံစိုက်လေ့ရှိပြီး ဒီလို အပြုအမူတွေ ဖြစ်ပေါ်လာစေတဲ့ စိတ်ပိုင်းဆိုင်ရာကိုတော့ သူတို့တွေက ဂရုစိုက်လေ့မရှိပါဘူး။

Photos & Source: Lifehack

Share

Loading Next Article...
က္က