ပြုံးပြုံးရွှင်ရွှင်နေပါ။

ဘဝမှာ အခက်အခဲတွေရင်ဆိုင်ရတဲ့အခါမှာ တစ်ခါတစ်လေအရှုံးတွေနဲ့ ရင်ဆိုင်ရပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အရှုံးကနေသင်ခန်းစာရယူပြီး ရှေ့ဆက်လျှောက်လှမ်းတဲ့အခါမှာ ယုံကြည်မှုအပြည့်ရှိနေစေဖို့ နည်းလမ်းလေးတွေမျှဝေပေးလိုက်ပါတယ်။

၁။ ကိုယ်ရည်ကိုယ်သွေးကို အမြင့်မားဆုံးဖြစ်နေစေရန် ကြိုးစားပါ။

အခြားသူတွေက ဘယ်လိုပဲပြောင်းလဲပြောင်းလဲ သူတို့နဲ့လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မနှိုင်းပါနဲ့။  မိမိကိုယ်ကို အမြဲဆန်းစစ်သုံးသပ်ပြီး ကိုယ်ပိုင် အစွမ်းသတ္တိနဲ့ အရည်အချင်း ပိုတိုးတက်လာစေရန် ကြိုးစားပါ။

၂။ စကားကို ရိုးရိုးရှင်းရှင်းပြောပါ။

"စကားထဲက ဇာတိပြ" ဆိုသလို မိမိပြောတဲ့စကားက မိမိအကြောင်းကို အများကြီး ဖော်ပြနေပါတယ်။ စကားအသုံးအနှုန်းကို ကြည့်ပြီး လူတစ်ယောက်ရဲ့စရိုက်သဘာဝကို ခန့်မှန်းနိုင်ပါတယ်။ စကားပြောတဲ့အခါမှာလည်း ယဉ်ယဉ်ကျေးကျေးပြောသင့်ပြီး မလိုအပ်ဘဲ စကားများခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

confidence-farzana-featured-600x400.png 

၃။ ကိုယ့်အကြောင်းကို သိပါ။

တစ်စုံတစ်ခုကို မလုပ်ချင်ဘူးသေချာလျှင် ဘယ်သူကပဲ အတင်းအကြပ်ခိုင်းခိုင်း မလုပ်နိုင်ကြောင်းကို ကောင်းကောင်းမွန်မွန် ငြင်းပါ။ ကိုယ် ဘယ်အရာမှာ တော်တယ်၊ ဘယ်လိုဆိုရင်တော့ အားနည်းတတ်တယ်၊ စသဖြင့် ကိုယ့်အကြောင်းကို မလိမ်ဘဲ အမှန်အတိုင်းသိနိုင်အောင် ဆန်းစစ်ထားပါ။ မိမိနဲ့ အဆင်မပြေဘူးထင်လျှင် မပြေကြောင်း ပွင့်လင်းစွာပြောဆိုသင့်ပါတယ်။

၄။ စမတ်ကျကျဝတ်ဆင်နေထိုင်ပါ။

မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့သူတွေဟာ လမ်းလျှောက်တဲ့အခါ၊ ထိုင်နေတဲ့အခါမှာ ခါးကိုမတ်မတ်ထားလေ့ရှိပါတယ်။ ဒီလိုနေခြင်းဟာ ခန္ဓာကိုယ်အနေအထားကို ပုံကျစေပြီး စိတ်ထဲမှာသိမ်ငယ်စိတ်မရှိအောင် တားဆီးပေးပါလိမ့်မယ်။

children-dream-20160830123623.jpg-q75,dx720y432u1r1gg,c--.jpg 

၅။ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။

အားကစားလိုက်စားခြင်းက သင့်ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ နေမကောင်းဖြစ်မှ ဂရုစိုက်တာထက် မိမိကိုယ်ကိုကြိုတင်ပြီး ဂရုစိုက်ထားခြင်းက ပိုကောင်းပါတယ်။ ကျန်းမာရွှင်လန်းပြီး ခွန်အားပြည့်ဝနေစေဖို့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

၆။ ပြုံးပြုံးရွှင်ရွှင်နေပါ။

မျက်နှာက ကြွက်သားတွေက စိတ်ခံစားမှုတွေနဲ့ အပြန်အလှန်ဆက်စပ်နေပါတယ်။ သင်ပြုံးလိုက်တဲ့အခါမှာ မျက်နှာက ကြွက်သားတွေရဲ့လှုပ်ရှားမှုက သင့်ကို ပြုံးချင်သလို၊ ရယ်ချင်သလို စိတ်ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ ဟုတ်၊ မဟုတ် အခုပဲ ပြုံးကြည့်လိုက်ရင် သင်ရယ်ချင်စိတ်ပါပေါက်လာပြီး စိတ်ဖိစီးမှုတွေလျော့ကျသွားတာကို တွေ့ရပါလိမ့်မယ်။

Self-confidence-02.jpg 

၇။ အလုပ်တွေ ပြီးအောင်လုပ်ပါ။

မိမိဆောင်ရွက်ရမည့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြီးမြောင်အောင် ဆောင်ရွက်ပါ။ တစ်နေ့အလုပ်တစ်နေ့ပြီးခြင်းကလည်း သင့်ကိုသင် ကျေနပ်အားရစေပြီး ကိုယ့်ကိုယ်ကို လေးစားမှုလည်းပိုရှိလာစေပါတယ်။ တစ်နေ့တာမိမိလုပ်ဆောင်ပြီးသွားသည်များကို စာရင်းလုပ်ထားခြင်းကလည်း သင့်ကိုသင် ယုံကြည်မှုအပြည့်အဝရရှိစေပါတယ်။

Share

Loading Next Article...
က္က