သတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေကိုလည်း ဂရုစိုက်စရာမလိုပါဘူး။
 

၁ - ဂရုမစိုက်တဲ့လူ

သင့်ကို ဂရုမစိုက်တဲ့လူတွေကို သင်ကလည်း အချိန်မပေးသင့်ပါဘူး။ သင့်ဘက်က ပိုဂရုစိုက်လေ သူတို့က သင့်ကို အရေးမလုပ်လေပါပဲ။ သူတို့ကို အဓိကထားမယ့်အစား ကိုယ့်ကိုယ်ကိုယ်ပဲ အဓိကထားပါ။

၂ - အဆိပ်အတောက်

Toxic_people1.jpg 

အဆိပ်အတောက် ရှိတဲ့လူတွေ ဖြစ်ပါတယ်။ အလုပ်ထဲမှာဆို အလုပ်မကောင်းကြောင်း အမြဲတမ်းငြီးငြူနေပါမယ်။ မကောင်းမြင်စိတ် ကြီးမားပြီး အမြဲတမ်းမကောင်းဘဲ ပြောနေသူ ဖြစ်ပါတယ်။ သူတို့ပြောစကားတွေနဲ့ သူတို့ကို လုံးဝဂရုမစိုက်ပါနဲ့။ ဂရုစိုက်မိရင်တော့ သူတို့ရဲ့ စိတ်မကြည်မလင်မှုတွေနဲ့ မကောင်းမြင်မှုတွေဟာ သင့်ကိုပါ ကူးစက်လာမှာ ဖြစ်ပါတယ်။

၃ - အသက်အရွယ်

difference-between-relative-absolute-age_2e4cf6583a8d82bd.jpg 

အသက်အရွယ်ကို တွေးပြီး ကြောင့်ကြပူပန်နေတာမျိုးလည်း လုပ်စရာမလိုပါဘူး။ သင်ယုံကြည်ရာကို သင်လုပ်ပါ။ ဘယ်အရာမဆို နောက်ကျတာ မရှိသလို စောတာလည်း မရှိပါဘူး။

၄ - အတိတ်

Forget-your-Past23.jpg 

သင့်အတိတ်က သင့်အပေါ်လွှမ်းမိုးမှုရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ကျောပိုးအိတ်တစ်လုံးလို သင့်အတိတ်အကြောင်းကို နေရာတကာ သယ်သွားစရာမလိုပါဘူး။

၅ - အလှအပ

perfectface-ratio.jpg 

လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေကိုလည်း ဂရုစိုက်စရာမလိုပါဘူး။ ဒီလိုဝတ်မှလှမယ်၊ ဒီလိုပြင်မှ လှမယ် ဆိုတာမျိုးတွေပါ။ ဒါတွေကို ဂရုစိုက်မနေဘဲ သင့်ကိုယ်သင် ယုံကြည်မှုရှိတဲ့ပုံစံနဲ့သာ နေထိုင်သင့်ပါတယ်။ ဒီလိုစံနှုန်းတွေက သင့်ကို လာအဓိပ္ပါယ်ဖွင့်တာမျိုးလည်း လက်မခံပါနဲ့။

၆ - အထင်အမြင်

boots-828975_1280 (1).jpg 

တခြားလူတွေ ငါ့ကို ဘယ်လိုထင်မလဲဆိုတာမျိုးကို လုံးဝဂရုစိုက်စရာ မလိုပါဘူး။ လူတိုင်း သင့်ကိုကြိုက်အောင် သင်မလုပ်နိုင်ပါဘူး။ အကောင်းဆုံး အမြဲတမ်းကြိုးစားရင် သင်ဘယ်တော့မှ နောင်တရမှာ မဟုတ်တော့ပါဘူး။

Photos & Source: Lifehack

Share

Loading Next Article...
က္က