တစ်ဦးဦးက ကျန်တစ်ဦးကိုထိန်းချုပ်နေတယ်လို့ ယူဆရပါတယ်။
 

ကိုယ့်ရဲ့ဖေ့စ်ဘွတ်အကောင့်ထဲမှာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး ဘယ်လိုတွေချစ်ခင်ဂရုစိုက်သလဲဆိုတာကိုလည်း အဆက်မပြတ်ရေးနေကြ၊ နှစ်ယောက်တွဲပုံတွေ တင်နေကြတဲ့ စုံတွဲတစ်တွဲတော့ အနည်းဆုံး ရှိတတ်ပါတယ်။ သူတို့ကိုကြည့်ရတာ ဟောလိဝုဒ်ရုပ်ရှင်တွေထဲက အချစ်သီချင်းတစ်ပုဒ်လို အရမ်းကိုရိုမန့်တစ်ဖြစ်နေတယ်လို့လည်း ထင်ရပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ထင်ထားသလို မဟုတ်နိုင်ပါဘူး။

 

လိင်မှုဗေဒပညာရှင် နစ်ကီဂိုးလ်စတိုင်းရဲ့ အဆိုအရ ကိုယ့်အချစ်ရေးရာပတ်သက်မှုကို လူမှုကွန်ရက်ပေါ်မှာတင်နေကြသူအများစုဟာ သူတို့ရဲ့ပတ်သက်မှုအတွက် အခြားလူတွေထံကနေ အထောက်အထားရဖို့ တောင်းခံနေကြသူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။ Like နဲ့ Comment တွေကိုလည်း ကိုယ်အမူအရာတွေထက် ပိုပြီးအလေးထားနေကြပါတယ်လို့ ဂိုးလ်စတိုင်းက Mail Online ကို ပြောခဲ့ပါတယ်။ ကိုယ့်ရဲ့အချစ်ရေးရာပတ်သက်မှုနဲ့ဆိုင်တာတွေကို ဖေ့စ်ဘွတ်ပေါ်အဆက်မပြတ်တင်နေကြပြီဆိုရင် ဒီစုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် အူလှိုက်သည်းလှိုက်မုန်းနေကြတာလည်း ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။ ပြီးတော့ ဒီလိုမျိုးပို့စ်တွေတင်ရခြင်းဟာ စုံတွဲနှစ်ဦးအနက် တစ်ဦးဦးက ကျန်တစ်ဦးကိုထိန်းချုပ်နေတာဖြစ်နိုင်သလို သူပိုင်ဆိုင်ထားသူဖြစ်ကြောင်း လူသိအောင်ပြသလိုကြတာဖြစ်နိုင်တယ်လို့ ဂိုးလ်စတိုင်းက သတိပေးထားပါတယ်။

 

ဘရူနယ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း ကိုယ့်ချစ်သူနဲ့ ရိုမန့်တစ်ဖြစ်စရာကိစ္စတွေကို ဖေ့စ်ဘွတ်ပေါ်မှာ မကြာခဏတင်လေ့ရှိသူတွေဟာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလေးစားမှု နည်းပါးသူတွေဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဆိုပါသုတေသနကတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ၅၅၅ ဦးကို စစ်တမ်းကောက်ယူပြီး လေ့လာခဲ့တာဖြစ်ပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က