တစ်စုံတစ်ရာကို အချိန်တွေပေး၊ ဘဝတွေပေးပြီး နေထိုင်ရမှာမျိုးကို ကြောက်ပါတယ်။
 

၁ - တစ်ခါပဲဖြစ်ချင်တယ်

တစ်သက်မှာ တစ်ခါပဲ လက်ထပ်ချင်တယ်။ သေတဲ့ထိ ဒီလက်ထပ်ထားတဲ့လူနဲ့ နေချင်ပါတယ်။ ဒီလို တစ်သက်မှာ တစ်ခါပဲ ဖြစ်ချင်တဲ့ဆန္ဒကို အာမခံပေးနိုင်ပါ့မလား စိုးရိမ်ပါတယ်။ အိမ်ထောင်တစ်ခု တည်တံ့ဖို့ ကိုယ့်ဘက်က အစွမ်းကုန်ကြိုးစားမှာ ဖြစ်ပေမဲ့ တစ်သက်မှာ တစ်ခါပဲ ဖြစ်ချင်တဲ့ ဒီဆန္ဒကို အာမခံချက်မရှိမှာ စိုးရိမ်နေပါတယ်။

 

၂ - လွပ်လပ်မှု

တစ်ကိုယ်တည်းနေခဲ့တုန်းက လွပ်လပ်မှုကို မဆုံးရှုံးချင်ပါဘူး။ လက်ထပ်လိုက်ရင် ကိုယ့်ရဲ့လွပ်လပ်မှု အချို့ကို ပေးရမှာ ကြောက်နေပါတယ်။

၃ - ကမ္ဘာသစ်

လက်ထပ်လိုက်ရင် အစစအရာရာဟာ ပြောင်းလဲသွားမယ်လို့ ထင်ပါတယ်။ နေရာသစ် တစ်ခုထဲ ရောက်သွားသလိုဖြစ်ပြီး အဆိုပါ နေရာနဲ့ လိုက်လျောညီထွေဖြစ်အောင် လိုက်နေပေးရမှာကို ကြောက်ပါတယ်။

 

၄ - အလုပ်အကိုင်

လက်ထပ်လိုက်ရင် လက်ရှိအလုပ်အကိုင်ကို စွန့်လွှတ်ရမယ့် အခြေအနေမျိုး ဖြစ်နေလို့ပါ။

၅ - နှစ်မြှပ်မှု

တစ်စုံတစ်ရာကို အချိန်တွေပေး၊ ဘဝတွေပေးပြီး နေထိုင်ရမှာမျိုးကို ကြောက်ပါတယ်။ ဒီလိုနေထိုင်ချင်တယ်ဆိုတဲ့ ခံစားချက်မျိုး မဖြစ်ပေါ်သေးပါဘူး။

 

၆ - ယုံရမှာ

တစ်စုံတစ်ဦးကို ဘဝနဲ့ရင်းပြီး ယုံရမှာမျိုး ကြောက်ပါတယ်။

၇ - ဝန်ထုပ်ဝန်ပိုး

နှစ်ယောက်ပေါင်းတဲ့ ဘဝမို့ တစ်ဖက်လူရဲ့ ဝန်ထုပ်ဝန်ပိုးတွေကလည်း ကိုယ့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာပါမယ်။ အပြန်အလှန်နားလည်မှုပေးတာတွေ၊ မျှဝေတာတွေလုပ်နိုင်ပေမဲ့ အဲ့ဒဏ်ကို တွေးပြီး ကြောက်နေပါတယ်။

 

၈ - တည်ငြိမ်မှု

အလုပ်အကိုင် ဒါမှမဟုတ် ကိုယ့်မိသားစုက တည်ငြိမ်မှု မရှိသေးလို့ လက်ထပ်ရမှာ ကြောက်တာဖြစ်ပါတယ်။

Photos & Source: India Times, Thought Cataloug

Share

Loading Next Article...
က္က