ရင်ဖွင့်စရာတွေ ရှိလာရင်လည်း သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်လိုက်ပေါ့....
 

နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝဟာ ပူပန်စရာတွေ များလှပါတယ်။ အဆင်မပြေတဲ့ နေ့ရက်တွေမှာ သူငယ်ချင်းတွေသာ ကိုယ့်ဘေးမှာရှိနေမယ်ဆို လောကဓံဆိုတာလည်း ပျော်ပျော်ကြီးရင်ဆိုင်လို့ရသွားမှာပေါ့။ သူငယ်ချင်း၊မိတ်ဆွေ များများရှိတာ ကောင်းပါတယ်။ ဘာတွေကောင်းသလဲလို့မေးရင် ပြောလို့တောင် ကုန်မယ်မထင်ပါဘူး။ အလွယ်ဆုံးနဲ့ အရှင်းဆုံးထုတ်နုတ် ပြောပြရရင်တော့ ဒီအချက်တွေက သူငယ်ချင်းကောင်းရှိသူတွေသာ သိနိုင်မယ့် ရလဒ်ကောင်းတွေဖြစ်ပါတယ်။

၁။ ပျော်ရတယ်

ပျော်စရာရှိရင် အတူဝေမျှ ခံစားလို့ရသလို မပျော်မရွှင်ဖြစ်နေချိန်မှာလည်း သူငယ်ချင်းတွေကြောင့်ပဲ စိတ်သက်သာရာရသွားတယ်လေ။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ကို ကျန်းမာစေတာပေါ့။ သူငယ်ချင်းတွေနဲ့ အတူဆုံပြီး ပျော်စရာတွေ ဖန်တီးတဲ့အခါ ပိုပြီးရယ်ဖြစ်ကြပါတယ်။ ရယ်မောခြင်းက ကျန်းမာရေးအတွက်လည်း ကောင်းတဲ့အရာပါပဲ။

497640715.jpg 

၂။ အတင်းအုပ်

ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါ။ မိန်းကလေးတွေဆုံရင် မင်းသား၊မင်းသမီး၊ ဆယ်လီတွေအကြောင်းကအစချီလို့ သူများအကြောင်းတွေ ပြောကြတာပါပဲ။ ကောင်းတာလည်းပါသလို မကောင်းတာလည်း ပါမှာပဲလေ။ သူငယ်ချင်းအချင်းချင်းမှ မပြောကြရင် တခြားလူကိုလည်း မပြောဖြစ်ဘူးပေါ့။ ရင်ဖွင့်စရာတွေ ရှိလာရင်လည်း သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်လိုက်ရတဲ့အခါ စိတ်ထဲ ပေါ့သွားတယ်လေ။

၃။ အကူအညီ

သူငယ်ချင်းတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီရပါတယ်။ အခက်အခဲတွေကြုံလာရင် ကူညီဖြေရှင်းပေးတာ၊ အကြံဉာဏ်ကောင်းတွေ စဉ်းစားပေးကြတာမို့လို့ သူငယ်ချင်းတွေရှိရခြင်းရဲ့ အကျိုးအမြတ်ကောင်းပါပဲ။

o-FRIENDS-facebook.jpg 

၄။ ကိုယ့်အတွက်

သူငယ်ချင်းတွေဆီက အကူအညီတွေရတာ ကောင်းသလို ကိုယ်က ကူညီပေးရတာလည်း ကောင်းတဲ့အရာပါ။ အပြန်အလှန် ကူညီရိုင်းပင်းရတာကိုက လူ့သဘာဝပဲမဟုတ်လား။ သူများကို ကိုယ်ကျိုးမကြည့်ဘဲ စေတနာသန့်သန့်နဲ့ ကူညီပေးလိုက်ရတဲ့စိတ်လောက် နေလို့ကောင်းတာ မရှိတော့ပါဘူး။

၅။ ပေါင်းစည်းတတ်လာ

ကိုယ့်မှာရှိတဲ့ တစ်ကိုယ်ကောင်းဆန်တာတွေ၊ စကားအပြောအဆို မတတ်တာတွေဟာ သူငယ်ချင်းတွေကြောင့် ပြောင်းလဲသွားရပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့စိတ်လေးလည်း ဖြစ်ပေါ်လာလို့ ကိုယ့်ကိုနှစ်လိုသူတွေများလာတဲ့အခါ ကောင်းတာပဲမဟုတ်ပါလား။ ပြီးတော့ မျှဝေခံစားတတ်လာလေ။

Source : Women Talk

Share

Loading Next Article...
က္က