သုတေသနကို Experimental Psychology: Human Perception and Performance မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
 

တစ်စုံတစ်ဦးကို နှစ်နှစ်ကာကာနမ်းတဲ့အခါမှာ မျက်လုံးတွေက ဘာကြောင့်မှိတ်သွားတာလဲ။ ဒီ့အတွက် သိပ္ပံနည်းကျအဖြေရှိပါတယ်။

 အင်္ဂလန်နိုင်ငံ  Royal Holloway တက္ကသိုလ်မှ စိတ်ပညာရှင်တွေရဲ့ လေ့လာချက်အရ ဒီလိုမျက်လုံးမှိတ်ရခြင်းဟာ အာရုံစူးစိုက်မှုနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ အမြင်အာရုံနဲ့ အထိအတွေ့အာရုံတွေကို အခြေခံကာ လူတွေကို စမ်းသပ်လေ့လာခဲ့တာဖြစ်ပြီး မျက်လုံးကိုဖွင့်ထားပြီး အမြင်အာရုံရဲ့ ကြားဖြတ်မှုရှိနေတဲ့အခါ အခြားအာရုံတစ်ခုကို ဦးနှောက်က လုပ်ဆောင်ဖို့ ခက်ခဲတယ်လို့ သိရပါတယ်။

 

စမ်းသပ်ခံမယ့်လူတွေရဲ့လက်ကို တုန်ခါအောင်ပြုလုပ်ထားပြီး မျက်လုံးက စာတွေကို ရှာခိုင်းတဲ့အခါ လက်ရဲ့ တုန်ခါမှုနည်းလာလေလေ မျက်လုံးက ပိုအလုပ်လုပ်နိုင်လေဖြစ်တာကို သုတေသနက တွေ့ရှိခဲ့ပါတယ်။ အာရုံတစ်ခုကို နှစ်နှစ်ကာကာ ခံစားမယ့်အခါမှာ အခြားအာရုံတစ်ခုကို ရပ်ထားတတ်တာကြောင့် လူတွေနမ်းတဲ့အခါ မျက်လုံးက မှိတ်သွားတတ်တာ ဖြစ်ပါတယ်။

 

ဒါကြောင့် နမ်းတဲ့အခါ မျက်လုံးဖွင့်ရင် အနမ်းကရရှိမယ့်အာရုံခံစားမှုကို သိပ်နှစ်နှစ်ကာကာ မရှိတာကြောင့်ဖြစ်နိုင်ပါတယ်။ သုတေသနကို Experimental Psychology: Human Perception and Performance မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Radiao One, abc

Share

Loading Next Article...
က္က