ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ခုလိုပဲတောင်းရမ်းရပါတော့တယ်။
 

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက တရုတ်နိုင်ငံ ပေကျင်းမြို့က လမ်းတစ်ခုမှာ ရိုက်နှက်ခံပြီး ငွေတောင်းရမ်းနေသူတစ်ဦးကို တွေ့ခဲ့ကြရပါတယ်။ အဝတ်တွေချွတ်ပြီး အတွင်းခံဘောင်းဘီကိုသာ ဝတ်ထားတဲ့ လူငယ်အမျိုးသားက ဒူးထောက်လျက်အနေအထားနဲ့ သစ်သားတုတ်တံတစ်ချောင်းကို ကိုင်ကာ သူ့ကိုအခကြေးငွေနဲ့ စိတ်ကြိုက်ရိုက်နှက်နှက်ကြောင်းကိုလည်း စာရေးထားပါတယ်။ တစ်ချက်ရိုက်နှက်ပြီးလျှင် တရုတ်ယွမ်ငွေ ၁၀ (ကျပ် ၁၉၈၀ ခန့်) ပေးပါရန်လည်း တောင်းခံထားတာကို တွေ့ရပါတယ်။

ယင်းအမျိုးသားရဲ့အမည်က ဖန်ဖုကွေလို့ခေါ်ပါတယ်။ အသက် ၁ နှစ်အရွယ် သားဖြစ်သူရဲ့ မျက်စိရောဂါကို ခွဲစိတ်ကုသပေးဖို့အတွက် ငွေကြေးတောင်းခံနေတာပါ။ သားလေးရဲ့မျက်လုံးကလည်း မခွဲစိတ်ဘူးရင် အမြင်အာရုံတွေပျောက်ကွယ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဖုကွေတို့ဇနီးမောင်နှံမှာ သားအတွက် ဆေးကုသစရိတ်လည်း မတတ်နိုင်ကြတာကြောင့် ခုလိုပဲ တောင်းခံနေရပါတယ်။

 

ကလေးရဲ့မျက်စိကို ခွဲစိတ်ဖို့က ယွမ် ၁၀၀,၀၀၀ (ကျပ်ငွေ ၁၉၈ သိန်း)လောက် ကုန်မှာဖြစ်လို့ ကြံရာမရတဲ့အဆုံးမှာ ဖုကွေက ဇနီးနဲ့သားကိုခေါ်ပြီး လမ်းဘေးမှာ တောင်းရမ်းခဲ့ရတာဖြစ်ပါတယ်။ သူပိုင်ဆိုင်သမျှနဲ့ ဖုန်းနံပါတ်ကိုလည်း ဘေးမှာချပြထားပါတယ်။ ဖုကွေတို့ရဲ့အဖြစ်ကိုမြင်ရပြီး သနားကရုဏာသက်သူတွေက ငွေကြေးတွေစွန့်ကြဲပေးကမ်းသွားကြပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဖုကွေကို မရိုက်နှက်ရက်ခဲ့ကြပါဘူး။

Source : Mail Online

Share

Loading Next Article...
က္က