သင်လုပ်နေတဲ့အလုပ်ပေါ် သံသယပွားလာစေပြီး သူတို့ဖြစ်စေချင်တဲ့ ပုံစံမျိုး ဖြစ်အောင်လုပ်တတ်ပါတယ်။
 

၁ - လက်တွေ့မကျတဲ့မျှော်လင့်မှု

အတ္တကြီးသူတွေဟာ တခြားလူဆီကနေ လက်တွေ့မကျတာတွေ မျှော်လင့်တတ်ပါတယ်။ သူတို့သူငယ်ချင်းတွေနဲ့ သူတို့မိသားစုဝင်တွေဟာ သူတို့ကို ဗဟိုပြုပြီး နေထိုင်ပြောဆိုနေမှ ကြိုက်ပါတယ်။ သူတို့ကို ဦးစားပေးတာမျိုးလိုုချင်ပေမဲ့ ဒီလိုဦးစားပေးချင်လောက်အောင် အပြုအမူလည်း သူတို့က ဘာမှ မလုပ်ပါဘူး။

ရှောင်ရှားနည်း - သူတို့ကို ဦးစားပေးတာ၊ သူတို့လိုချင်တာ ပေးတာမျိုး မလုပ်ပါနဲ့။ ဆုံးဖြတ်စရာရှိလာရင် ကိုယ့်အတွက် အရင်စဉ်းစားပါ။

၂ - ဘဝင်

 

သူတို့ကိုယ်သူတို့ ကြွားဝါတတ်ပြီး သူတို့နဲ့သက်ဆိုင်တာတွေမှန်သမျှ အရေးပါသလို ပြောတတ်ပါတယ်။ ဒီလိုပြောဆိုမှုတွေနဲ့ သူတို့ကို အာရုံစိုက်အောင် အဆက်မပြတ်လုပ်တတ်ပါတယ်။

ရှောင်ရှားနည်း - သူတို့နဲ့ စကားပြောရင် စိတ်ရင်းတိုင်း မပြောပါနဲ့။ ဒီလိုလူပေါင်းစိတ်ခွာမျိုးပြောမှ သူတို့စကားတွေကို သင် မခံစားရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့စကားတွေက သင့်စိတ်ကို အနှောင့်အယှက်ပေးနေပါလိမ့်မယ်။

၃ - စိုးမိုးချယ်လှယ်

 

သူတို့တွေးသလိုတွေးအောင်၊ သူတို့ဖြစ်စေချင်သလို ဖြစ်အောင် ဇာတ်လမ်းဆင်တတ်ပါတယ်။ ဒါဟာ အတ္တကြီးပြီး ထိန်းချုပ်လိုတဲ့ ဆန္ဒကြောင့်ဖြစ်ပေါ်လာတာပါ။ သင်လုပ်နေတဲ့အလုပ်ပေါ် သံသယပွားလာစေပြီး သူတို့ဖြစ်စေချင်တဲ့ ပုံစံမျိုး ဖြစ်အောင်လုပ်တတ်ပါတယ်။ သူများကို စိုးမိုးချယ်လှယ်ပြီးလုပ်ကိုင်တာဟာ သူတို့ သိတဲ့ တစ်ခုတည်းသော ပြဿနာဖြေရှင်းနည်း ဖြစ်ပါတယ်။

ရှောင်ရှားနည်း - ကိစ္စတစ်ခုလုပ်ဖို့ ဒီလိုလူမျိုးတွေနဲ့ တိုင်ပင်တာမျိုး မလုပ်ပါနဲ့။ သူတို့နဲ့ပတ်သက်လာရင် ကိုယ်တကယ်နှစ်သက်သဘောကျမှပဲ လုပ်ပါ။

Photos & Source: Higher Perspectives

Share

Loading Next Article...
က္က