ကိုယ့်ရည်မှန်းချက်၊ ကိုယ့်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ရွေးချယ်လို့ ရပါတယ်။
 

၁ - ပိုက်ဆံစုမိတယ်

လက်တွေ့ကျကျ ပြောရရင် တက္ကသိုလ်တက်တဲ့အခါ ငွေရေးကြေးရေးဟာ ပြဿနာ တစ်ခုပါ။ အိမ်က ပိုက်ဆံဘယ်လောက်ပဲရရ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်သုံးရတာပါ။  ကိုယ့်လူနဲ့ တစ်ချိန်လုံး စားမယ်သောက်မယ်၊ ဝယ်မယ်ခြမ်းမယ်၊ သွားမယ်လာမယ်ဆိုရင် ငွေကြေးပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ သင့်ပိုက်ဆံအိတ်က အသုံးအဖြုန်းတွေ လျှော့ဖို့ အမြဲတမ်း အော်နေပါလိမ့်မယ်။ တစ်ကိုယ်တည်းဆိုရင်တော့ သွားတာလာတာနည်းပြီး ပိုက်ဆံပိုစုမိပါမယ်။

၂ - လေ့လာမှု

 

တက္ကသိုလ်တက်တာ ဘွဲ့ရဖို့တော့ လိုပါတယ်။ ဘွဲ့တစ်ခုတည်း မလုံလောက်တာကြောင့် အပြင်သင်တန်းတွေလည်း လုပ်ရပါသေးတယ်။ သင့်ရဲလူက သူ့ကို အချိန်မပေးတဲ့အခါမျိုးမှာ နားလည်မှုမရှိဘူးဆိုရင်တော့ တကယ့်ကွိုင်ပါပဲ။ သင်တို့နှစ်ယောက်က ယုံကြည်ချက်တွေ၊ ဘဝကို လျှောက်လှမ်းချင်တဲ့ ပုံစံတွေပါ မတူဘူးဆိုရင်တော့ အကြီးကြီးကွိုင်ပါပြီ။ တက္ကသိုလ်နေ့ရက်တွေဟာ ပြဿနာ နေ့ရက်တွေပဲ ဖြစ်နေပါလိမ့်မယ်။ သင့် ပညာရေးကိုပါ ထိခိုက်လာပါလိမ့်မယ်။

၃ - အပေါင်းအသင်း

 

တက္ကသိုလ်ဆိုတာ စာသင်ရုံသက်သက်မဟုတ်ပါဘူး။ လူတွေရဲ့ အကြောင်းတွေ၊ လူမှုဆက်ဆံရေးတွေ ဒါတွေကိုပါ သင်ယူရမှာပါ။ သင့်ရဲ့လူကြောင့် သူငယ်ချင်းတွေပေါ် အချိန်မပေးနိုင်ဘဲ အပေါင်းအသင်းနည်းသွားနိုင်ပါတယ်။

၄ - လွပ်လပ်တယ်

 

တွယ်တာနှောင်ဖွဲ့စရာ မရှိတာကြောင့် လွပ်လပ်မှုကို အပြည့်အဝရပါတယ်။ ဘယ်သူ့ကိုမှ ကြည့်နေစရာမလိုဘဲ ကိုယ်သဘောကျရာကို ကိုယ်ရွေးချယ်လို့ရပါတယ်။

၅ - ဘွဲ့ရပြီး အစီစဉ်

 

ဘွဲ့ရပြီးတဲ့အခါမှာလည်း သင်က လူလွတ်ဖြစ်တာကြောင့် သိပ်တွေးစရာမလိုပါဘူး။ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ရွေးချယ်လို့ ရပါတယ်။ ညှိုနှိုင်းရတာတွေ၊ အလျှော့ပေးရတာတွေ မလုပ်ရတော့ပါဘူး။

Photos & Source: Candy

Share

Loading Next Article...
က္က