ဘယ်လိုအမူအရာလေးတွေဆိုရင် အရမ်းကို အသည်းယားပြီး ချစ်ဖို့ကောင်းတယ်လို့ ပြောလိုက်ပါ။
 

မိန်းကလေးဆိုတာမျိုးက အနည်းနဲ့အများဆိုသလို စိတ်ဆိုး၊ စိတ်ကောက်တတ်သူတွေပါ။ တခြားလူတွေအပေါ် ဘယ်လောက်ပဲကောင်းကောင်း ချစ်သူနဲ့ဆိုရင် စိတ်ကောက်တတ်တာလည်း မိန်းကလေးတို့သဘာဝပါပဲ။ ဒီလိုဆိုရင် စိတ်ကောက်နေတဲ့ကောင်မလေးကို ဘယ်လိုနည်းတွေသုံးပြီး ချော့မလဲဆိုတာ အကြံဉာဏ်တွေမျှဝေလိုက်ပါ့မယ်။

၁။ တောင်းပန်ပါ

အထိရောက်ဆုံးနည်းကတော့ ရိုးရိုးသားသား တောင်းပန်တာပါပဲ။ ကိုယ့်ဘက်ကမှားသွားခဲ့ရင် ပြန်တောင်းပန်ရမှာပေါ့။ စိတ်ပါလက်ပါနဲ့ တောင်းပန်စကားဆိုဖို့ကောင်းပါတယ်။

၂။ ချစ်စကား

ကိုယ့်ဘက်က အမှားမရှိဘဲနဲ့ သူ့ဘာသာ အထင်လွဲပြီး ကောက်သွားတာဆိုရင်တော့ ချစ်တယ်လို့ပြောလိုက်တာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဘယ်လောက်ချစ်တယ်၊ ဘယ်ကစပြီးချစ်မိတယ်၊ ဘယ်လိုအမူအရာလေးတွေဆိုရင် အရမ်းကို အသည်းယားပြီး ချစ်ဖို့ကောင်းတယ်လို့ ပြောလိုက်ပါ။ ကိုယ်သာ ချုပ်တတ်မယ်ဆို စိတ်ကောက်ပြေမယ့်အပြင် အပီအပြင်ကြွေပြီး အရင်ကထက်တောင် ပိုအချစ်ခံလာရပါလိမ့်မယ်။

romantic-spoonfeed.jpg

Photo - Mugstoria.com

 

၃။ မုန့်ကျွေးပါ

သူက အစားပုပ်တဲ့ကောင်မလေးမျိုးတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ အကြိုက်ဆုံးစားစရာတော့ ရှိမှာပါ။ သူအကြိုက်ဆုံးအစားအစာကို ချက်ခြင်းဝယ်ကျွေးလိုက်ရင်လည်း မျက်စောင်းတစ်ချက်လောက်နဲ့ စိတ်ကောက်တာကို ကျေအေးပေးနိုင်ခြေရှိပါတယ်။ တကယ်လို့များ သူကြိုက်တာလေးတွေကို ကိုယ်တိုင်လုပ်တတ်ရင် လုပ်ကျွေးလိုက်ပေါ့။ ကိုယ့်လက်ရာကိုကြိုက်လို့ ခဏခဏစိတ်ကောက်ပြနေရင်လည်း ကိုယ့်ကုသိုလ်နဲ့ကိုယ်လို့သာ မှတ်လိုက်ပါ။

၄။ လိုက်လျောပေး

တစ်ခုခုလိုချင်တာ မရလို့ ကောက်နေတာမျိုးဆိုရင်လည်း စိတ်ရှုပ်ခံမနေပါနဲ့။ လိုချင်တာသာ လိုက်လျောပေးလိုက်ပါ။ အများကြီးမဟုတ်တောင် နည်းနည်းလောက်တော့ လိုက်လျောပေးလိုက်လည်း ပြေလည်သွားမှာပဲ မဟုတ်လား။ မဖြစ်နိုင်တဲ့အရာကိုမှ တောင့်တပူဆာနေရင်တော့ နံပါတ်နှစ်မှာ ဖော်ပြခဲ့တဲ့အချက်ကို ထပ်သုံးပါ။

girlfriend-and-boyfriend-fight.jpg 

၅။ စိတ်ရှည်ပါစေ

စိတ်ကောက်တယ်ဆိုမှတော့ လွယ်လွယ်နဲ့ ပြေမှာမဟုတ်ပါဘူး။ သူက စိတ်ကောက်နေလို့ ကိုယ်ကပါ စိတ်မရှည်ဖြစ်ပြီး ဒေါသတွေထွက်လာမယ်ဆို ပိုဆိုးသွားနိုင်ပါတယ်။ ကိုယ်ချစ်ရတဲ့လူကို နည်းနည်းလောက်  စိတ်ရှည်ပေးလို့ ငရဲမကြီးပါဘူး။

Share

Loading Next Article...
က္က