မိဿ(မတ် ၂၁- ဧပြီ ၁၉)

စိတ်မရှည်တတ်သူ၊ စိတ်မြန်သူဖြစ်တဲ့အလျောက် သူတို့နဲ့ စကားပြောတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောတာကို ကြိုက်ပါတယ်။ မိဿ ရာသီဖွားချစ်သူနဲ့ ရန်ဖြစ်ပြီဆိုရင် လိုရင်း တိုရှင်းနဲ့ ထိထိမိမိပြောတာရင် သူတို့နားလည်သဘောပေါက်လွယ်ပြီး စိတ်ကောက်တာတို့၊ အိစိအိစိလုပ်နေတတ်တာတို့ကို သည်းမခံနိုင်ကြပါဘူး။ သူတို့ကို တစ်ယုတစ်ယဂရုစိုက်ရင် အလွန်ကျေနပ်နေတတ်ပါတယ်။

 

ပြိဿ(ဧပြီ ၂၀-မေ ၂၀)

ခေါင်းအလွန်မာပြီး လူတစ်ယောက်ကို စိတ်ဆိုးရင် ခွင့်လွှတ်ဖို့ အချိန်ကြာကြာယူတတ်ပါတယ်။ အသည်းနုတဲ့သူတွေမို့ စိတ်ထိခိုက် ခံစားလွယ်ပါတယ်။ ပြိဿရာသီဖွားချစ်သူနဲ့ ရန်ဖြစ်ပြီဆိုရင် ချစ်သူက သု့ကို နူးနူးညံ့ညံ့ ဆက်ဆံပြီး ညင်သာစွာ ပြောဆိုတာမျိုးကို သဘောကျပါတယ်။

 

မေထုန်(မေ ၂၁-ဇွန် ၂၀)

သူတို့ကို စိတ်လှုပ်ရှားမှုပေးနိုင်သရွေ့ ချစ်နေမယ့်သူတွေဖြစ်ပါတယ်။ ငြီးငွေ့စရာကောင်းလာပြီလို့ ခံစားရရင် မေထုန်ရာသီဖွားတွေက တခြားသူတစ်ယောက်ကို စိတ်ဝင်စားတတ်ကြပါတယ်။ သူတို့နဲ့ ချစ်သူတော်ထားတဲ့သသူများက မေထုန်ရာသီဖွားများကို အချိန်များများပေးဖို့ကတော့ အလိုအပ်ဆုံးအရာ ဖြစ်ပါတယ်။

 

ကရကဋ်(ဇွန် ၂၁-ဇူလိုင်၂၂)

သစ္စာရှိပြီး နူးညံ့သိမ်မွေ့တဲ့ ကရကဋ်ရာသီဖွားတွေက ချစ်သူအပေါ် တွယ်တာမှီခိုတတ်သူတွေဖြစ်ပါတယ်။ ချစ်သူဆီကနေ တူညီတဲ့ သစ္စာတရား နဲ့ သူတို့လိုအပ်တဲ့ အချိန်မှာ မှီခိုနိုင်မဲ့သူမျိုး ဖြစ်ဖို့ မျှော်လင့်တတ်ကြပါတယ်။

 

သိဟ်(ဇူလိုင် ၂၃-သြဂုတ် ၂၂)

ချစ်သူအပေါ် အလွန်သစ္စာရှိပြီး မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ သိဟ်တွေက လူအများရဲ့ မှီခို အားထားမှုကို လိုချင်တတ်ကြသလို ခေါင်းဆောင်ကောင်းတွေလည်းဖြစ်ကြပါတယ်။ တူညီတဲ့ စိတ်ထားရှိတဲ့ချစ်သူကို ရွေးချယ်ကြသူများဖြစ်ပြီး သဘောကောင်း၊ မနောကောင်းလေးတွေဖြစ်ကြပါတယ်။

 

ကန်(သြဂုုတ် ၂၃-စက်တင်ဘာ ၂၂)

အလွန်ကြင်နာတတ်သူတွေဖြစ်ပြီး အရာရာကို စိစိစပ်စပ် စစ်ဆေးတတ်တဲ့ စိတ်ထားရှိသူများ ဖြစ်ပါတယ်။ တော်တော်များများကို နားလည်ပေးနိုင်ပြီး အမျှော်လင့်ဆုံးအရာကတော့ အတူတူရှိနေတဲ့အချိန်မှာ ချစ်သူရဲ့ နူးညံ့ကြင်နာမှုပဲ ဖြစ်ပါတယ်။

 

တူ(စက်တင်ဘာ ၂၃-အောက်တိုဘာ ၂၂)

ချိန်ခွင်ပုံစံ သင်္ကေတရှိတဲ့အတိုင်းပဲ တူရာသီဖွားတွေက လောကကြီးနဲ့ သဟဇာတဖြစ်အောင်နေရတာကို နှစ်သက်သူတွေပါ။ ဒါကြောင့် တူရာသီဖွားတွေရဲ့ ချစ်သူအနေနဲ့ ရန်ပွဲတွေ ၊ စကားများတာတွေကို ရှောင်ကြဉ်ရမှာပါ။ ချစ်သူက အော်တာဟစ်တာ လုပ်ရင်အရမ်းစိတ်ညစ်တတ်ပြီး တာ့တာပြသွားမယ့်သူမျိုးပါ။

famous-scorpio-celebrities-u1.jpg

ဗြိစ္ဆာ(အောက်တိုဘာ ၂၃- နိုဝင်ဘာ ၂၁)

ရာသီဖွားအားလုံးထဲမှာ Sexy အကျဆုံးဖြစ်သလို သံသယအများဆုံးနဲ့ မယုံကြည်တတ်ဆုံးသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူတွေအနေနဲ့ ရိုးသားမှုရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုမဟုတ်ရင်တော့ ပြဿနာတွေ အများကြီးဖြေရှင်းနေရတဲ့ ဆက်ဆံရေးမျိုး ဖြစ်မှာပါ။ သူတု့ိ မုန်းတဲ့သူဆိုရင် ကင်းမြီးကောက်လိုပဲ အမြီးက အဆိပ်နဲ့ ပေါက်မယ်လို့လည်း ကြံစည်နေတတ်ပါတယ်။

 

ဓနု(နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ၂၁)

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ နေရတာကို ကြိုက်တယ်။ ကိုယ့်အားကိုယ်ကိုးတတ်သူတွေ ဖြစ်ပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တယ်။ ခရီးထွက်ရတာ ဝါသနာပါတာမို့ ချစ်သူက ခရီးတွေထွက်ဖို့စီစဉ်ပေးတာမျိုး သိပ်သဘောကျပါတယ်။ သူတို့ချစ်သူတွေကိုလည်း သူတို့လိုပဲ လူတွေကို ကူညီတတ်တဲ့သူတွေ ဖြစ်စေချင်ကြပါတယ်။

 

မကာရ(ဒီဇင်ဘာ ၂၂-ဇန်နဝါရီ ၁၉)

အလုပ်ကြိုးစားပန်းစားနဲ့ တကုပ်ကုပ်လုပ်တတ်တဲ့သူတွေပါ။ တာဝန်သိစိတ်အလွန်ရှိပြီး လက်တွဲဖော်ကိုလည်း ဆက်ဆံရေး ခိုင်မာစေဖို့ သူ့လိုပဲ တာဝန်ယူတတ်တဲ့စိတ် ၊ကြိုးစားလိုစိတ်တွေ ရှိဖို့လိုလားပါတယ်။

 

ကုမ်(ဇန်နဝါရီ ၂၀-ဖေဖော်ဝါရီ ၁၈)

လက်တွေ့ဆန်ပြီး အတွေးအခေါ်ကောင်းတဲ့သူတွေဖြစ်ကြပါတယ်။ ရေရှည်တွေးတတ်ပြီး စွန့်စားမှုကို အနှစ်သက်ဆုံးသူတွေ ဖြစ်ကြပါတယ်။ သူတို့ ချစ်သူ၊ ခင်သူတွေကို အလျော့ပေးတတ်ပေမယ့် မဟုတ်မခံလေးတွေပါ။ သူတို့ချစ်သူတွေဆီကနေ မျှော်လင့်တတ်တာက သူတို့ရဲ့ အယူအဆတွေကို ထောက်ခံအားပေးဖို့ပဲဖြစ်ပါတယ်။

 

မိန်(ဖေဖော်ဝါရီ ၁၉-မတ် ၂၀)

ချစ်သူရဲ့ ဂရုစိုက်မှုကို လိုလားပြီး အနစ်နာခံချစ်တတ်တဲ့ ရာသီဖွားတွေဖြစ်ပါတယ်။ ရိုမန်တစ်ဆန်ဆန်ချစ်တတ်ကြပြီး သူတို့နဲ့ နွေးနွေးထွေးထွေးနေတာကို သဘောကျတယ်။သူ့ချစ်သူက သူ့ဘဝကြီးဖြစ်နေပြီး စကားလုံးချိုချိုလေးတွေနားထောင်ရတာ သဘောတွေ့သူတွေဖြစ်တယ်။

Source : Café Astrology

Share

Loading Next Article...
က္က