ကိုယ်ကြိုက်တဲ့ မင်းသားတွေ၊ အဆိုတော်တွေနဲ့လည်း စိတ်ကူးထဲမှာ ဒရာမာတွေခင်းနေလိုက်တာ မပြီးနိုင်တော့ပါဘူး။
 

မိန်းကလေးဆိုတာမျိုးက စိတ်ထားနုနယ်ကြသူတွေပါ။ စိတ်ကူးယဉ် တွေးတောလွန်းသူတွေ၊ ရိုမန့်တန်ဆန်သူတွေ၊ စိတ်လှုပ်ရှားလွယ်သူတွေလည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝ အပျိုမလေးအရွယ်မှာတော့ အရမ်းကို စိတ်ကူးယဉ်ဖြစ်ကြပါတယ်။ အဓိက စိတ်ကူးယဉ် တွေးတောဖြစ်ကြတဲ့ အကြောင်းအရာတွေကတော့ ဒါတွေပါပဲ။

၁။ အလုပ်အကိုင်လမ်းကြောင်း

ဘယ်တက္တသိုလ်တက်ပြီး ဘယ်လိုဘွဲ့ကို ရအောင်ယူမယ်။ ပြီးရင် ဘာလုပ်မယ်ဆိုတာမျိုးတွေ စိတ်ကူးယဉ်ကြပါတယ်။ တချို့ကတော့ စီးပွားရေးလုပ်ငန်း၊ တချို့ကတော့ ပညာနဲ့အသက်မွေးဝမ်းကြောင်းလုပ်ဖို့ တွေးတောကြပါတယ်။ စိတ်ကူးတွေယဉ် တွေးတောတာသာ များနေပြီး တကယ်အားစိုက်ဖို့ကျတော့ ပျင်းနေကြရောလေ။

 

၂။ အချစ်ရေး

ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဟာ ဘယ်လိုလူမျိုးဖြစ်ရမယ်ဆိုပြီးတော့လည်း စံသတ်မှတ်ချက်တွေ ထားကြပါတယ်။ ဥပမာ အရပ်ရှည်ရမယ်၊ ဘွဲ့ရဖြစ်ရမယ် ဆိုတာမျိုးတွေပေါ့။ ချစ်သူရည်းစား ရလာပြီဆိုရင်လည်း သူနဲ့ပဲအိမ်ထောင်ပြုပြီး ရာသက်ပန်လက်တွဲရလိမ့်မယ်လို့ ထင်နေမိခဲ့ပါတယ်။ တကယ်တမ်း အရွယ်ရောက်လို့ အိမ်ထောင်လည်းကျရော ထင်ထားတာတွေနဲ့ အတော်များများ ကွဲလွဲရတာလည်း မိန်းကလေးတို့ဘဝပါပဲ။

၃။ မင်္ဂလာပွဲ

အနောက်တိုင်းဆိုရိုးစကားတစ်ခု ရှိပါတယ်။ ယောက်ျားတွေက မိန်းမယူဖို့ မင်္ဂလာဆောင်တာဖြစ်ပြီး မိန်းမတွေကတော့ မင်္ဂလာဆောင်ချင်လို့ ယောက်ျားယူကြတာဖြစ်ပါသတဲ့။ ဆိုလိုတာကတော့ မိန်းကလေးတွေဟာ လက်ထပ်မင်္ဂလာပွဲကို အရမ်းအလေးအနက်ထားတယ်ဆိုတဲ့ သဘောပါပဲ။ ဘယ်လိုနေရာမှာ ဘယ်လိုမျိုးဝတ်ပြီး မင်္ဂလာဆောင်မယ်ဆိုတာမျိုးကို မိန်းကလေးတိုင်း စိတ်ကူးယဉ်ဖူးကြပါတယ်။

 

၄။ ဘဝပန်းတိုင်

အသက် ၃၀ အရွယ်မှာ အလုပ်ထဲမှာ နေရာတစ်ခုရနေဖို့၊ ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့လမ်းကြောင်းပေါ်ကို ရောက်နေဖို့ ကြိုတင်စိတ်ကူးထားတတ်ကြပါတယ်။ အိမ်ထောင်သည်ဖြစ်နေရမယ်၊ ကလေးတစ်ယောက်လောက်တော့ ရနေရမယ်လို့ ဆုံးဖြတ်ထားကြသူတွေလည်း ရှိပါတယ်။

၅။ ဒရာမာဇာတ်လမ်းတွေ

ဆယ်ကျော်သက်ဘဝမှာ အချစ်ဝတ္ထုတွေကိုလည်း စတင်ဖတ်ရှုနေပါပြီ။ ငယ်ငယ်က နားမလည်ခဲ့တဲ့ အချစ်ဇာတ်ကားတွေကိုလည်း အရူးအမူးကြည့်နေတတ်တဲ့အရွယ်ပါ။ ကိုရီးယားဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်နဲ့ ဝတ္ထုတွေရဲ့ လွှမ်းမိုးမှုကို အကြီးအကျယ်ခံနေရတဲ့အရွယ်လည်း ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ မင်းသားတွေ၊ အဆိုတော်တွေနဲ့လည်း စိတ်ကူးထဲမှာ ဒရာမာတွေခင်းနေလိုက်တာ မပြီးနိုင်တော့ပါဘူး။

Share

Loading Next Article...
က္က