ရေရှည်တွဲတဲ့အခါ သင့်အတွက် ငြီးငွေ့စိတ်ပျက်စရာ ဖြစ်နေပါတယ်။
 

၁ - ဆွဲဆောင်မှု

ဆွဲဆောင်ရှိတိုင်းလည်း သင့်လျော်တဲ့လူမဟုတ်ပါဘူး။ သင်လိုချင်တဲ့ အလုပ်အကိုင်အဆင့်အတန်းမျိုးနဲ့ ရုပ်ရည်ရှိပါတယ်။ ဒါပေမဲ့ သင်ထင်သလို အဆင်မပြေပါဘူး။ စကားပြောရင် သူ့အကြောင်းပဲ ပြောချင်ပါတယ်။ အထိအတောက် မခံချင်ပါဘူး။ သင့်ကို နှိမ်ချသလို လုပ်ပါတယ်။ အပေါ်ယံတွေကသာ သင်နှစ်သက်စရာဖြစ်ပေမဲ့ တကယ်တွဲတဲ့အခါ သင့်အတွက် သင့်လျော်တဲ့လူမဟုတ်ပါဘူး။

၂ - အမေ့သား

photodune-2321738-young-couple-in-stress-relationship-xs.jpg 

မိသားစုချစ်တိုင်းလည်း ချစ်စရာ မကောင်းပါဘူး။ မိသားစုပေါ်ခင်တွယ်တတ်တဲ့ စိတ်ကြောင့် ကြင်နာခင်တွယ်တတ်သူလို့ သင့်ဘက်က ထင်ခဲ့ပါတယ်။ တကယ်လည်း ကြင်နာခင်တွယ်တတ်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေက သင့်အတွက် လက်မခံနိုင်စရာ ဖြစ်နေပါတယ်။ အသက်အရွယ်ကြီးနေပြီ ဖြစ်ပေမဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘဲ အစစအရာရာ အိမ်ကို ပြန်တိုင်ပင်နေတာ၊ သင်နဲ့ယှဉ်လာရင် အိမ်ကို သာမန်ထက် ဦးစားပေးလွန်းတာတွေက စိတ်ပျက်စရာ ဖြစ်ပါတယ်။ အစစအရာရာ အိမ်ကို ကြောက်နေတာတွေက သင့်အတွက် စိတ်ကျေနပ်စရာ မရှိပါဘူး။ 

၃ - ရဲရင့်မှု

Signs-That-Youre-Not-Going-To-Have-A-Future-With-Such-Partner.jpg 

ရဲရင့်တယ်ဆိုပေမယ့်လည်း ထင်သလောက်မဟုတ်ပါဘူး။ တွေးပုံခေါ်ပုံ သူများနဲ့ မတူဘဲ ရဲရင့်တဲ့ပုံစံမျိုးလို့ သင့်ဘက်ကထင်ပါတယ်။ ဒါပေမဲ့လည်း ထင်သလောက်မဟုတ်ပါဘူး။ အတွေးအခေါ်သမားသက်သက်ဖြစ်ပြီး လက်တွေ့မပါသူ ဖြစ်နေတတ်ပါတယ်။ တကယ်လေးနက်တဲ့အရာတွေကို အကောင်အထည်ဖော်ဖို့အတွက် အချိန်ဆွဲဝန်လေးနေတတ်ပါတယ်။ အဆုံးမှာ ဘာမှ ဖြစ်မလာတတ်ပါဘူး။

၄ - လွပ်လပ်သူ

perfectmatche.jpg 

လွပ်လပ်တိုင်းလည်း မကောင်းပါဘူး။ သင်သွားချင်တဲ့နေရာ သွားခွင့်ပေးတယ်။ သင်လုပ်ချင်ရာ လုပ်ခွင့်ပေးတယ်။ သင်ပြောချင်ရာ ပြောခွင့်ပေးတယ်။ အစစရာ သင့်ကိုယ်သင်ပိုင်စိုးခွင့်ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ သင်တို့ နှစ်ဦးသားဆက်ဆံရေးဟာ အခြားလူတွေလို အချိန်တွေ ကြာလာတာနဲ့အမျှ ခိုင်မာလာတယ်လို့ သင် မခံစားရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် နားလည်လာတယ်လို့ မခံစားရပါဘူး။

၅ - ခြိုးခြံသူ

bad-relationship.jpg 

အနေရိုးရိုးနဲ့ ခြိုးခြံတတ်ပေမယ့်လည်း သင်နဲ့မကိုက်ဘူး။ အနေရိုးပြီး ခြိုးခြံတတ်တာကြောင့် သင့်ဘက်က သဘောကျမိပါတယ်။ ဒါပေမဲ့ ရေရှည်တွဲတဲ့အခါ သင့်အတွက် ငြီးငွေ့စိတ်ပျက်စရာ ဖြစ်နေပါတယ်။ သူ့ရဲ့ ခြိုးခြံနေထိုင်မှုဟာ နေ့စဉ်နေ့တိုင်း၊ လစဉ်လတိုင်း ဖြစ်နေပါတယ်။ နေ့ရက်တွေဟာ စိတ်ဝင်စားစရာ မကောင်းသလို၊ လိုတာထက် ပိုထိန်းချုပ်နေရတာကြောင့် သင့်နဂိုပုံစံတောင် ပျောက်လာသလို ခံစားရပါတယ်။

သင်ကြိုက်နိုင်တဲ့ အခြားဆောင်းပါင်းများ  - ချစ်ပြီဆိုရင် အမျိုးသားတွေ လိုချင်တဲ့ အရာ (၆) ခုသူငယ်ချင်းရည်းစားက နောက်တစ်ယောက်တွဲနေတယ်ဆိုရင် သင့်သူငယ်ချင်းကို ဘယ်လိုပြောမလဲ

Photos & Source: Candy

Share

Loading Next Article...
က္က