အချစ်ဆိုတာ ကိုယ့်ဘက်ကချစ်နေရရုံနဲ့ ပြီးပြည့်စုံလုံလောက်တာမျိုး မဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် တွယ်တာချစ်ခင်မှသာ ပြီးပြည့်စုံမှာပေါ့။ ကိုယ့့်ချစ်သူ ကိုယ့်အပေါ် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးချစ်လာတာကို လိုချင်ရင်တော့ ဒီလိုအပြုအမူလေးတွေကို စိတ်ပါလက်ပါနဲ့လုပ်ကြည့်ပါ။ တမ်းတမ်းစွဲချစ်လာမှာမို့လို့ ဂေါ်ပြားနဲ့ကော်ထုတ်တောင် ထွက်သွားတော့မှာမဟုတ်ပါဘူး။



၁။ စာတိုလေးတွေ

ဖုန်းကနေ မက်ဆေ့ပို့တာအပြင် စာရွက်လေးပေါ်မှာ ကိုယ့်လက်ရေးနဲ့ စာတိုလေးတွေရေးကာ သူ့ကိုချစ်ကြောင်း ဖော်ပြပါ။

၂။ လူကြားထဲမှာ လက်တွဲတာ

ချစ်သူတွေဖြစ်နေပြီး လူကြားထဲ လက်တွဲမလျှောက်ဘူးဆိုရင် သူ့ဘက်က စိတ်ခုသွားပါလိမ့်မယ်။ တစ်လောကလုံးမှာ ဒီချစ်သူတစ်ဦးပဲရှိတယ်ဆိုတာ သိသွားအောင် လက်ချင်းတွဲပြီး ရဲရဲသာလျှောက်။

၃။ ကြိုမပြောထားတဲ့ ပျော်စရာတွေ

သူနှစ်သက်မယ့်အရာလေးတွေကို ကြိုတင်အသိမပေးထားဘဲ ပြုလုပ်ပေးတာမျိုးပေါ့။ ကိုယ့်ချစ်သူ ဘာကြိုက်လဲဆိုတာတော့ ကောင်းကောင်းသိထားဖို့လိုပါမယ်။

၄။ ချစ်သူရဲ့ပံုံရိပ်နဲ့ကိုယ့်ဖုန်း

ကိုယ့်ဖုန်းရဲ့ lock screen မှာ ချစ်သူရဲ့ပုံလေးကို တင်ထားလိုက်မယ်ဆိုရင် သူအရမ်းကျေနပ်မှာပါ။

၅။ နှိပ်နယ်ပေးတာ

ဇက်ကြောတွေတက်နေလို့ ဇက်ပိုးကိုနှိပ်ပေးတာမျိုး၊ ခေါင်းကိုက်နေလို့ နားထင်ကိုနှိပ်နယ်ပေးတာမျိုးက လူအမြင်မှာ ရုပ်ဆိုးတဲ့အပြုအမူမှမဟုတ်ဘဲလေ။ ကိုယ့်ချစ်သူ နေမကောင်းတာကို ကိုယ်တတ်သလောက်လေးနဲ့ ကုသပေးတာ ရှက်စရာမလိုပါဘူး။

 

၆။ နောက်ပြောင်ကျီဆယ်

အရမ်းတည်လွန်းရင်လည်း သူ့ဘက်က ပျင်းရိသွားနိုင်ပါတယ်။ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာအတွင်းမှာ နောက်ပြောင်ကျီဆယ်တာမျိုး ပြုလုပ်ပါ။

၇။ ချက်ပြုတ်ကျွေးမွေးပါ

ဘာပဲချက်ချက် ချစ်သူလက်ရာဆိုရင် စေတနာပါပြီးသားမို့ ချဉ်ချဉ်တူးတူး စားလောက်ပါတယ်။ သူကြိုက်တာလေးတွေကို အချိန်ရရင်ရသလောက် လုပ်ကျွေးပေါ့။

၈။ ချစ်တယ်လို့ပြော

ချစ်သူတွေပဲလေ၊ ချစ်တယ်လို့ပြောရမှာ ပျင်းစရာလား။ ဘာမှရှက်ရွံ့မနေပါနဲ့။ ချစ်တယ်ဆိုတဲ့စကားကို နေ့တိုင်းသာပြောလိုက် သူက ပိုတောင်ပီတိဖြာနေဦးမယ်။

 

၉။ သီချင်းတစ်ပုဒ်နဲ့ရည်ညွှန်း

ဂစ်တာလို တူရိယာတစ်မျိုးမျိုး တီးမှုတ်တတ်မယ်ဆို သူ့ကိုတင်စားတဲ့ သီချင်းတစ်ပုဒ်လောက် တီးပြဆိုပြနိုင်ပါတယ်။ ဥပမာ ဆံပင်ရှည်တာမျိုး၊ အရမ်းလွမ်းရတာမျိုးတွေနဲ့ တင်စားနိုင်ပါတယ်။

၁၀။ သူ့ဝါသနာကို လိုက်ပါဆောင်ရွက်ပေး

နောင်လည်း အတူတူလက်တွဲသွားရမှာဆိုတော့ သူ့ရဲ့ဝါသနာကို တားမြစ်ပိတ်ပင်တာမျိုး မလုပ်ပါနဲ့။ သူဘောလုံးပွဲကြိုက်တယ်ဆို ကိုယ်လည်း တစ်ခါတစ်လေ အတူတူထိုင်ကြည့်ပေးပေါ့။

၁၁။ ဆက်စီကျတဲ့စကား

နေရာတကာ အရမ်းကြီး ရှက်ရွံ့နေလို့လည်း မဖြစ်ပါဘူး။ ပါးလေးကို နမ်းချင်လိုက်တာတို့၊ ဖက်ထားချင်လိုက်တာတို့ ဆိုတဲ့စကားတွေက သူနဲ့ကိုယ့်ကြားမှာ ပိုပြီးချစ်စိတ်ဝင်စေတာမို့ ပြောပေးသင့်ပါတယ်။

 

၁၂။ အိပ်ရာဝင်နှုတ်ဆက်မှု

ဖုန်းလေးဆက်ပြီး "Good Night" လို့ ပြောပေးပါ။ ဖုန်းဆက်လို့ မလွယ်ဘူးဆိုရင်လည်း မက်ဆေ့လေးပို့ပေးလိုက်ပေါ့။ ချစ်သူနဲ့နှုတ်ဆက်မှုနဲ့ အိပ်ရာဝင်ရတာ စိတ်ချမ်းမြေ့စရာကောင်းပါတယ်။

Source : Women Talk


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က