တစ်ဖက်လူရဲ့ ခံစားချက်အခြေအနေကို သိရှိနားလည်စေချင်တာ ဖြစ်ပါတယ်။

နှစ်ဦးသားလက်တွဲတဲ့အခါ အမျိုးသမီးတွေဘက်က လိုချင်တာ၊ မျှော်လင့်တာတွေ ရှိပါတယ်။ တချို့အချက်တွေက နားလည်ပေးနိုင်ပေမဲ့ တချို့အချက်တွေကတော့ နှစ်ဦးသားလမ်းခွဲတဲ့ထိ ဖြစ်သွားနိုင်ပါတယ်။ ဒီမျှော်လင့်ချက်တွေက ဘာတွေလဲဆိုတာ ကြည့်ကြည့်ရအောင်ပါ။

၁ - အချစ်ခံချင်တယ်

အချစ်ခံချင်တယ်ဆိုတာ အမျိုးသားတွေ ထင်သလို ဂရုစိုက်ခံချင်တာမျိုး မဟုတ်ပါဘူး။ အချစ်ခံရတယ်ဆိုတဲ့ ခံစားချက်ကို ရတဲ့အခါ စိတ်ထဲမှာ တင်းကြပ်နေတာတွေ ပြေလျော့သွားပြီး ပျော်ရွှင်သွားလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ချစ်တဲ့လူနဲ့ အတူရှိနေရင်း လုံခြုံမှုရှိတယ်လို့ ခံစားရတာ ဖြစ်ပါတယ်။

၂ - လုံခြုံမှု

 

ငယ်ရွယ်စဉ်ဘဝကတည်းက အမျိုးသမီးတွေဟာ ချုပ်တည်းမှုတွေ ရှိဖို့ ပိုသင်ကြားခံရလေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ပွင့်ပွင့်လင်းလင်းပြောဆိုနေထိုင်ချင်တာ၊ တိုင်ပင်ချင်တာတွေ ရှိပါတယ်။ ဒါကြောင့် လက်တွဲဖော်ဆီက လုံခြုံမှုကို မျှော်လင့်တတ်ပါတယ်။ လက်တွဲဖော်နဲ့ အတူရှိတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်လုံခြုံမှုရှိတဲ့ ခံစားချက်မျိုး ဖြစ်ပါတယ်။

၃ - အမြင်ခံချင်တယ်

 

ဝတ်လာတာကို လှတယ်လို့ အပြောခံချင်တာမျိုး မဟုတ်ပါဘူး။ တစ်ဖက်လူစိတ်ထဲ ဘာတွေခံစားနေရလဲ မြင်စေချင်တာ ဖြစ်ပါတယ်။ တစ်ဖက်လူပြောချင်တဲ့ စကားတွေကို မပြောဘဲနဲ့ ကြားစေချင်တာ ဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ ခံစားချက်အခြေအနေကို သိရှိနားလည်စေချင်တာ ဖြစ်ပါတယ်။

၄ - ပူးပေါင်းပါဝင်ချင်တယ်

 

အမျိုးသားတွေဟာ ဦးဆောင်ရမယ်ဆိုတဲ့ သင်ကြားမှုတွေ ရှိတာကြောင့် အမျိုးသားတွေက အမြဲတမ်းရှေ့က ဦးဆောင်ချင်ကြပါတယ်။ ဦးဆောင်တာကနေ ကြီးစိုးတဲ့အဆင့်ထိ ဖြစ်လာတတ်ပါတယ်။ ဒါမျိုး မလိုချင်ပါဘူး။ ဘယ်ကိစ္စမဆို နှစ်ဦးသား ပူးပေါင်းဖြေရှင်းတာမျိုးပဲ ကြိုက်ပါတယ်။ ဝမ်းနည်းစရာတွေရှိရင် ဖွင့်မပြောတာမျိုးကို သဘောမကျပါဘူး။ နှစ်ဦးသား ဝေမျှခံစားချင်ပါတယ်၊ ကူညီနိုင်တာတွေ ကူညီချင်ပါတယ်။

၅ - လိင်ပိုင်းဆိုင်ရာ

 

လိင်ပိုင်းဆိုင်ရာအရလည်း ဆွဲဆောင်မှုရှိတယ်လို့ အထင်ခံချင်ကြပါတယ်။ အထင်မခံရဘူးဆိုရင်တောင်မှာ လိင်ပိုင်းဆိုင်ရာအရ သူတို့က ဆွဲဆောင်မှု မရှိဘူးလို့  ပြောတာမျိုးကို မကြိုက်ပါဘူး။

၆ - တန်ဖိုးထား

 

မိန်းကလေးဟာလည်း သူတို့ကို တန်ဖိုးထားစေချင်ကြပါတယ်။ တန်ဖိုးထားကြောင်းပြဖို့ ယောကျာ်းလေးတွေလောက် အလုပ်ရှုပ်ခံစရာတောင် မလိုပါဘူး။ သူတို့ကို ချစ်ကြောင်းပြတဲ့အပြုအမူလေးတွေကတစ်ဆင့် တန်ဖိုးထားတယ်လို့ သူတို့ခံစားရပါတယ်။

၇ - အားကိုးချင်တယ်

 

ကိုယ်တွဲတဲ့လူဟာ အားကိုးရတဲ့လူဖြစ်စေချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ အားကိုးထိုက်တယ်လို့ ဘယ်အချိန်မှာ ခံစားရတယ်ဆိုတာကတော့ တစ်ဦးချင်းဆီပေါ် မူတည်ပါတယ်။ သူတို့မှာက သူတို့နှစ်သက်တဲ့ ပုံစံမျိုးတွေ ရှိပါတယ်။

Photos & Source: JordanGray

Share

Loading Next Article...
က္က