ကိုယ်ပိုင်အရည်အချင်းနဲ့ ကျွမ်းကျင်လိမ္မာမှုတွေကို ဦးစားပေးပြီး ချီးကျုးပါ။

သားသားမီးမီးတွေဆိုတာ မိမိတို့ရဲ့ကိုယ်ပွားလေးတွေဆိုရင်လည်း မမှားပါဘူး။ အနာဂတ်မှာ ယဉ်ကျေးလိမ္မာပြီး ကိုယ့်အားကိုယ်ကိုးတတ်သူတွေအဖြစ်ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးဖို့တာဝန်ရှိပါတယ်။



သမီးလေးဆိုရင်

သမီးလေး တွေးလေ့၊ စဉ်းစားလေ့ရှိတဲ့ အကြောင်းတွေ၊ သူ စိတ်ဝင်စားတတ်တဲ့ အကြောင်းတွေကိုသိအောင် မေးထားပါ။ ဒါမှသာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့ သမီးလေးကို ကူညီရာရောက်ပါမယ်။ သမီးလေးကို ချီးကျူးတဲ့စကား (သို့မဟုတ်) အားနည်းချက်ကို ဝေဖန်ထောက်ပြတဲ့ စကားတွေကို သေချာရွေးချယ်ပြီး ပြောပေးပါ။ အလှအပတွေထက် ကိုယ်ပိုင်အရည်အချင်းနဲ့ ကျွမ်းကျင်လိမ္မာမှုတွေကို ဦးစားပေးပြီး ချီးကျူးပါ။ သမီးလေးအတွက် သင့်လျော်အသုံးဝင်မယ့် အတတ်ပညာတွေကို သင်ကြားပေးပါ။ သမီးလေးကို အိမ်မှုကိစ္စနိုင်နင်းသူဖြစ်လာစေရန် မိခင်နှင့်အတူ ဝိုင်းပြီး ကူလုပ်ပါစေ။



သားလေးဆိုရင်

ပွေ့ဖက်ယုယပေးပါ။ ယောကျ်ားလေးတွေဟာ မိန်းကလေးတွေထက် မိန်းကလေးတွေထက် ပွေ့ဖက်ယုယမှုခံရတာ ပိုနည်းပါတယ်။ မိဘရဲ့ ပွေ့ဖက်မှုကြောင့် သားလေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလေးစားမှုတွေ တိုးတက်လာစေပါတယ်။ သားလေးရဲ့ စိတ်ဓာတ် တည်ငြိမ်ရင့်ကျက်စေဖို့ တစ်ခါတစ်ရံ ငိုကြွေးပါစေ။

Source : Psychology Today

Share

Loading Next Article...
က္က