ဒီတော့ စကားတွေကို နားထောင်တဲ့အခါ သတိလက်လွတ်နားမထောင်ဘဲ အကျိုးရှိအောင် ဘယ်လိုနားထောင်မလဲ။

လူတွေဟာ စကားတွေကို ပြောချင်သည်ဖြစ်စေ၊ မပြောချင်သည်ဖြစ်စေ ပြောနေကြရတယ်။ ဒီလိုပြောတဲ့စကားတွေကို နားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်သည်ဖြစ်စေ နားထောင်နေကြရတယ်။ စကားတွေ ပြောတဲ့အခါမှာ အကောင်းနဲ့ပြောတာရှိသလို အဆိုးဘက်ရောက်တာတွေလည်းရှိတယ်။ ဒီလို စကားပေါင်းများစွာကို နားထောင်တဲ့အခါမှာ နားမထောင်တတ်ရင် မိမိအတွက် အချိန်လည်းကုန်၊ စိတ်လည်းပင်ပန်းသွားစေနိုင်ပါတယ်။ ဒီတော့ စကားတွေကို နားထောင်တဲ့အခါ သတိလက်လွတ်နားမထောင်ဘဲ အကျိုးရှိအောင် ဘယ်လိုနားထောင်မလဲ

၁။ မိမိကောင်းကြောင်းပြောတဲ့အခါ

မကောင်းဘဲနဲ့ ကောင်းတယ်ပြောနေရင်တော့ မိမိ တကယ်မကောင်းသေးကြောင်း ပြန်ပြောနိုင်အောင် ကြိုးစားပါ။ မြှောက်ပင့်ပြောရင်လည်း မြှောက်မှန်းသိပြီး ခွင့်လွှတ်လိုက်ပါ။ 

ကောင်းလို့မို့ ကောင်းတယ်ပြောရင်တော့ မသာယာဖို့ ကြိုးစားပါ။ ဘဝင်မမြင့်ပါနဲ့။ "ငါက ကောင်းတာလား၊ ကောင်းတယ်ဆိုတာလေးက ကောင်းတာလား" "ငါ့ကို ချီးမွမ်းကြတာလား၊ ကောင်းတဲ့သဘောလေးကို ချီးမွမ်းကြတာလားလို့ စဉ်းစားပြီး အမှန်အတိုင်းသိပါစေ။

၂။ မိမိမကောင်းကြောင်းပြောလာတဲ့အခါ

ဟုတ်နေရင် ပြင်ဖို့ ကြိုးစားပါ။ အပြစ်ရှာပေးတာကို ကျေးဇူးတင်ပါ။ မဟုတ်ရင်တော့ အသိဉာဏ်နဲ့ယှဉ်ပြီး သည်းခံဖို့ ကြိုးစားပါ။ သည်းခံနိုင်ဖို့အတွက် လောကကြးမှာ မမှန်ကန်တဲ့သူတွေ အကျင့်သီလမစောင့်စည်းကြဘူးလို့ နှလုံးသွင်းထားပါ။ ကဲ့ရဲ့တဲ့ စကားသံတွေသက်သက်ကြောင့်တော့ ကိုယ့်မှာ ဘာမှဖြစ်မသွားပါဘူးလို့ အမှန်သိပါ။ ဖြစ်စရာ အကြောင်းတရားတွေရှိလို့ ဖြစ်တာလို့လည်း အမှန်သိပါ။

အနှစ်မရှိတဲ့စကားတွေကို ရှေုာင်ပြီး အနှစ်ရှိတဲ့စကားတွေကိုပဲ ရွေးချယ်နားထောင်ပါ။ စကားတကာ့ စကားထဲမှာ အကောင်းဆုံးဖြစ်တဲ့ သူတော်ကောင်းတွေပြောတဲ့စကားကို နားလည်ပြီး အမြဲမပြတ်နားထောင်လိုက်နာတတ်ဖို့ ကြိုးစားပါ။

Source : Psychologytoday

Share

Loading Next Article...
က္က