ကွဲသွားတဲ့ဖန်ခွက်ကို ပြန်ဆက်ထားသလိုပါပဲ။ ထစ်ခနဲဆို ပြန်ကွဲဖို့ အရမ်းလွယ်သွားတယ်လေ။
 

ချစ်တုန်းကတော့ အရမ်းချစ်ခဲ့ကြတာပဲ၊ နောက်မှ အဆင်မပြေတာတွေ များလာလို့ လမ်းခွဲလိုက်ရတာမျိုး ရှိကြမှာပါ။ ဘယ်လိုနည်းနဲ့ပဲ ဝေးခဲ့ဝေးခဲ့ ရည်းစားဟောင်းဆိုတာ ပြန်ပတ်သက်လို့ ကောင်းတဲ့အရာမဟုတ်ပါဘူး။ လမ်းတွေ့ရင်တောင်မှ ခပ်ချေချေနဲ့ ခေါင်းမော့ပြီး မသိချင်ယောင်ဆောင် ကျော်သွားလိုက်ရတဲ့အရာမျိုးပါ။ သံယောဇဉ် တို့လန်းတို့လန်း ကျန်နေလို့ ပြန်ဆက်ရင်ကောင်းမလားဆိုပြီး တွေးနေမိတယ်ဆိုရင် ဒါတွေဖတ်ကြည့်ပါဦး။

(၁) အတိတ်ကို မပြောင်းနိုင်ဘူး

အတိတ်မှာ ကြုံခဲ့တဲ့ ခါးသီးစရာဖြစ်ရပ်ကို ဘယ်လိုမှ ပြန်ပြင်လို့ မရတော့ဘူးလေ။ ဒီအတိတ်ကြီးက ကိုယ့်ခေါင်းထဲမှာလည်း စွဲကျန်နေဦးမှာပါ။ အဲ့လိုမျိုးကို ပြန်ဆက်မယ်ဆို နှစ်ခါနာကျင်ရပါလိမ့်မယ်။

 

(၂) မကောင်းတာတွေအားလုံးကို မေ့သွားလိမ့်မယ်

ကောင်းတာလေးတွေပဲ စဉ်းစားမိပြီး ခွင့်လွှတ်ရင်း ပြန်ဆက်လိုက်ပါပြီဆိုပါစို့။ တစ်ကြိမ်ဖြစ်ဖူးတာ ခွင့်လွှတ်လိုက်မယ်ဆိုရင် နောက်အကြိမ်တွေတိုင်းလည်း ခွင့်လွှတ်ရပါတော့မယ်။ ဒါကို လက်ခံနိုင်ပါ့မလား။

(၃) ခွင့်လွှတ်ဖို့ ခဲယဉ်းလာမယ်

တစ်ယောက်နဲ့တစ်ယောက် မပတ်သက်ချင်လောက်အောင် ဖြစ်ခဲ့ကြပြီးမှ ပြန်ဆက်တယ်ဆိုတာ ကွဲသွားတဲ့ဖန်ခွက်ကို ပြန်ဆက်ထားသလိုပါပဲ။ ထစ်ခနဲဆို ပြန်ကွဲဖို့ အရမ်းလွယ်သွားတယ်လေ။

(၄) အနာကျက်အောင်စောင့်ပါဦး

အသည်းကွဲတာဟာ တကယ့်အသည်း ကွဲအက်သွားတာမဟုတ်ပေမဲ့ အတော်ကို နာကျင်ရတဲ့ခံစားချက်ပါ။ နှလုံးသားမှာ မမြင်နိုင်တဲ့အနာတစ်ခု နက်ရှိုင်းစွာ ရသွားသလိုပါပဲ။ အနာတစ်ခု ဖြစ်လာရင် အနာကျက်ဖို့အချိန်လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ စိတ်မြန်လက်မြန်နဲ့ အဆက်ဟောင်းကို ပြန်တွဲလိုက်တာက အနာမကျက်တဲ့အပြင် အနာသစ်တစ်ခု ထပ်ရသွားပါဦးမယ်။

 

(၅) ခပ်ချေချေ နေလိုက်စမ်းပါ

သူ့မှ မရရင် သေရပါလိမ့်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူ့ဘက်က လာဆက်သွယ်တာကို လွယ်လွယ်ကူကူ ခေါင်းငြိမ့်တော့မလို့လား။ သူကတော့ သွေးနားထင်ရောက်ပြီး ဘဝင်မြင့်တော့မှာ သေချာပါတယ်။ သူ့ဘက်က ခြေတစ်လှမ်းလှမ်းရုံရှိသေး ကိုယ့်ဘက်က တက္ကစီငှားပြီး အပြေးသွားတာမျိုးက ရုပ်ရှင်တွေထဲမှာပဲ ကြည့်ကောင်းတာပါ။ အပြင်မှာဆိုရင် ကိုယ့်ဘက်က သူ့ကို အလျှော့ပေးလိုက်သလိုဖြစ်သွားတာကြောင့် သူက ပိုဆိုးလာဦးမှာပါပဲ။

Share

Loading Next Article...
က္က