အကောင်းမြင်တဲ့အမျိုးသမီးတွေရဲ့ နှလုံးဟာ ပိုပြီးကျန်းမာတယ်လို့လည်း သိပ္ပံပညာရှင်တွေက အတည်ပြုခဲ့ပြီးပါပြီ။
 

ကိုယ့်ပတ်ဝန်းကျင်ကဖြစ်ဖြစ် ကိုယ်သိတဲ့လူတွေထဲမှာဖြစ်ဖြစ် တွေ့လိုက်တိုင်း ပျော်ရွှင်ပေါ့ပါးနေကြသူတွေကို မြင်ဖူးမှာပါ။ သူတို့ကိုကြည့်ရတာ စိတ်ချမ်းသာပါတယ်။ အမြဲတမ်းပျော်ရွှင်အောင် ဘယ်လိုများနေထိုင်ကြသလဲလို့ စပ်စုကြည့်တဲ့အခါ သူတို့ရဲ့ အမူအကျင့်တွေက အတုယူကျင့်ကြံစရာကောင်းမှန်း သိလာရပါတယ်။

၁။ အကောင်းမြင်

တချို့လူတွေရဲ့ စိတ်သဘာဝကိုက အကောင်းမြင်တတ်ကြပါတယ်။ အကောင်းမြင်တဲ့အမျိုးသမီးတွေရဲ့ နှလုံးဟာ ပိုပြီးကျန်းမာတယ်လို့လည်း သိပ္ပံပညာရှင်တွေက အတည်ပြုခဲ့ပြီးပါပြီ။ အကောင်းမြင်စိတ်ဟာ မြင်တတ်ပါများရင် အကျင့်ဖြစ်သွားရောလေ။

၂။ ဦးစားပေးသင့်တာကိုတွေ ဂရုတစိုက်ရှိတယ်

ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ ကျန်းမာရေးတို့ကို ဦးစားပေးပါတယ်။ စိတ်ပျော်ရွှင်မှုကို ဦးစားပေးတတ်ကြပြီး၊ အချစ်နဲ့ ကျန်းမာရေးတို့ဟာ အစီအစဉ်အလိုက် ဦးစားပေးအဆင့်တွေမှာ ရှိနေကြပါတယ်။ အရေးမပါတာတွေအတွက် အချိန်ပေးပြီး စိတ်ရှုပ်မခံကြပါဘူး။

 

၃။ ကိုယ့်အတွက်ကိုယ်အရင်ကြည့်

အတ္တကြီးရမယ်လို့ မဆိုပါဘူး။ ဒီအလုပ်ကို လုပ်လိုက်လို့ ကိုယ့်ကိုထိခိုက်နစ်နာစေမလား၊ အကျိုးရှိစေမလားဆိုတာကို အရင်လေ့လာပြီးမှ လုပ်ကြသူတွေပါ။ သူတစ်ပါးကို ကူညီဖေးမလိုက်လို့ ရလာတဲ့ ပျော်ရွှင်မှုဟာ မကူညီချင်ဘဲ ကူညီလိုက်ရလို့ စိတ်ရှုပ်ရတာနဲ့တော့ ကွာတယ်မဟုတ်လား။

၄။ ဘဝရဲ့အဓိပ္ပာယ်

နေရာတစ်ခုတည်းမှာပဲ ပုံသေကားချ ရပ်တန့်နေကြသူတွေမဟုတ်ပါဘူး။ မိတ်ဆွေသစ်တွေရအောင် ကြံဆောင်တတ်သူတွေပါ။ ခရီးသွားတာနဲ့ စိတ်လှုပ်ရှားဖွယ် ခံစားချက်တွေကိုလည်း ရယူလိုသူတွေ ဖြစ်ပါတယ်။

၅။ အဆိုးဆုံးကိုကြိုစဉ်းစားတယ်

ဒါက အဆိုးမြင်ဝါဒီ မဟုတ်ပါဘူး။ အဆိုးဆုံးအထိကို ကြိုတွေးပြီးမှ အကောင်းဆုံးပြုမူလို့ရမှာ ဖြစ်ပါတယ်။ ရှုထောင့်ပေါင်းစုံကနေ ထောင့်စေ့အောင် မြင်တတ်မှ အကောင်းဆုံးကို ရလာမှာဖြစ်ပါတယ်။

 

၆။ အချစ်ကိုပြသတတ်သူတွေ

သူတို့ချစ်တဲ့ လူ၊ တိရစ္ဆာန်နဲ့ အရာဝတ္ထုတွေအပေါ် ရိုးသားစွာ ချစ်ခင်ပြပါတယ်။ ပြီးတော့ ကြင်နာတဲ့စိတ်နှလုံး ရှိကြတယ်လေ။

၇။ ဘဝကိုရှေ့ဆက်နေသူ

အတိတ်ကို ပြန်တွေးပြီး ဖြစ်ရပ်ဆိုးတွေကို ခေါင်းထဲမှာ တချိန်လုံးထည့်ထားခြင်းဟာ ကိုယ့်ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရိုက်သတ်နေတာပါပဲ။ ပြီးတာတွေပြီးပါစေလို့ လက်ခံနိုင်စွမ်း ရှိပါတယ်။

Source : Prevention

Share

Loading Next Article...
က္က