"သားအချစ်၊ မြေးအနှစ်" ဆိုတဲ့အတိုင်း အဘွားတွေက အလိုလိုက်ကြပါတယ်။
 

အဘိုး၊အဘွားတွေလက်မှာ ကြီးပြင်းရတာလောက် ပျော်စရာကောင်းတာမရှိတော့ပါဘူး။ မိဘတွေက အလိုမလိုက်တတ်ပေမဲ့ အဘိုး၊ အဘွားတွေကတော့ ကိုယ့်ကို သည်းသည်းလှုပ်ချစ်ကြတယ်မဟုတ်လား။ အဘွားဆို ပိုတောင် ချစ်ဖို့ကောင်းသေးတယ်။ ကိုယ့်အသက်ဘယ်လောက်ကြီးလာပါစေ အဘွားမျက်စိထဲမှာတော့ ကလေးလေးလိုပဲ နေလို့ရတာ အရမ်းကို နွေးထွေးပျော်ရွှင်ရပါတယ်။

၁။ မုန့်ကျွေးတယ်

အဘွားအနားကို ရောက်သွားတိုင်း မုန့်တစ်ခုခုတော့ စားရတာချည်းပါပဲ။ ငယ်ငယ်တုန်းကဆို သကြားလုံး၊ ကွတ်ကီးတို့လို မုန့်လေးတွေ အမြဲတမ်းရတတ်တယ်လေ။

၂။ အကြံပေးတယ်

လူ့ဘဝထဲကို ကိုယ့်ထက် အများကြီးစောပြီး ရောက်လာသူပီပီ အဘွားဆီမှာ အတွေ့အကြုံတွေ အများကြီးပါပဲ။ ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြလိုက်ရင် အဘွားက အကြံကောင်းလေးတွေ ပေးပါလိမ့်မယ်။

၃။ နွေးထွေးမှု

ကိုယ့်အပေါ် နွေးနွေးထွေးထွေး ဆက်ဆံသူက အဘွားပါပဲ။ မိဘတွေနဲ့ ကတောက်ကဆဖြစ်ရပေမဲ့ အဘွားနဲ့ဆို လုံးဝ အေးဆေးပဲလေ။ အဘွားက နားလည်ပေးတတ်သူပါ။

gettyimages-531356489.jpg 

၄။ ရှေးဟောင်းနှောင်းဖြစ်

အမြဲတမ်းလိုလို ကြားရမှာကတော့ ရှေးဟောင်းနှောင်းဖြစ်တွေပါပဲ။ ဘဝဇာတ်ခုံပေါ်က ပျော်စရာ၊ လွမ်းစရာတွေကို ဖွဲ့နွဲ့ပြီး ပြောပြတာမို့ စိတ်ဝင်စားစရာကောင်းပါတယ်။

၅။ ကိုယ့်ဘက်တော်သား

ကိုယ့်ကို အရမ်းချစ်၊ အရမ်းအလိုလိုက်သူပီပီ ဘာဖြစ်လာလာ ကိုယ့်ဘက်မှာပဲ ရပ်တည်ပါတယ်။ "သားအချစ်၊ မြေးအနှစ်" ဆိုတဲ့အတိုင်း အဘွားတွေက ကိုယ့်အလိုလိုက်ကြပါတယ်။ အဓိက ကတော့ ကိုယ့်ကိုပျော်ရွှင်စေချင်တာပါ။

၆။ သင်ကြားသူ

အဘွားနားကို ရောက်သွားရင် သင်ယူစရာ တစ်ခုမဟုတ်တစ်ခုတော့ ရတာချည်းပါပဲ။ မီးဖိုချောင်ထဲမှာဆိုလည်း အဘွားကို ကူပေးရင်း ချက်ပြုတ်နည်းတွေအကြောင်း သင်ယူနိုင်ပါတယ်။ မာလကာရွက်လေးကို ရှုနေတဲ့အဘွားနားကိုရောက်ရင်တော့ မာလကာရွက်ကိုချေပြီးရှုတဲ့အခါ အမူးအမောပြေတယ်ဆိုတာ သိလာရပါလိမ့်မယ်။

558273177.jpg 

၇။ ကိုယ့်ကိုပိုကောင်းတဲ့လူဖြစ်လာစေ

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကြောင့် အဘွားအနားကို ရောက်သွားတိုင်းမှာ ကိုယ့်အတွက် ပိုကောင်းတဲ့ စိတ်ခံစားချက်တွေကို ရရှိလာပါတယ်။ အဘွားရဲ့ သင်ကြားမှုတွေ၊ ဆိုဆုံးမမှုတွေကြောင့်ပဲ ကိုယ်က အရင်ကထက် ပိုကောင်းအောင်နေမိသွားပါတယ်။

Source : Metro

Share

Loading Next Article...
က္က