ချီးကျူးထိုက်သူတွေပါပဲ။ တော်ရုံလူက ဟောက်သံကြားရင် မအိပ်နိုင်ဘူးလေ။
 

ဟောက်တတ်ခြင်းဟာ ကိုယ်တိုင်ဘာမှမခံစားရပေမဲ့ ဘေးလူအတွက်တော့ အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အသံပါ။ ဟောက်သံကျယ်ကျယ်ကြောင့် တော်တော်နဲ့လည်း အိပ်မပျော်ဘူးလေ။ တကယ်လို့များ သင့်ဘေးကလူဟာ ညအိပ်တိုင်း ဟောက်တတ်တယ်ဆိုရင်တော့ သင့်ကို သူရဲကောင်းတစ်ဦးလို့ သတ်မှတ်လိုက်ပါပြီ။

 

ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး စိတ်ရှုပ်ဒေါသဖြစ်စရာ အသံထွက်ပေါ်ရာရဲ့ဘေးမှာ အိပ်နိုင်တယ်ဆိုကတည်းက သင့်မှာ သည်းခံနိုင်စွမ်း မြင့်မားလို့ပဲမဟုတ်လား။ ကိုယ်ချင်းစာတတ်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဟောက်တတ်သူရဲ့ဘေးမှာ အိပ်စက်သူတွေဟာ ချီးကျူးစရာလူတွေပါလို့ Metro သတင်းဌာနက ရေးသားဖော်ပြခဲ့တာပါ။

 

ဟောက်တတ်ခြင်းဟာ သေရာပါအကျင့်ကြီးတစ်ခုတော့ မဟုတ်ပါဘူး။ ငယ်တုန်းက မဟောက်ပေမယ့် အသက်ကြီးလာမှ ဟောက်တတ်လာသူတွေ၊ ကျန်းမာရေးကြောင့် ဟောက်တတ်လာရတာတွေလည်း ရှိပါတယ်။ ဟောက်တတ်တဲ့အကျင့်ဟာ ပျောက်ကင်းအောင် ကုသလို့ရတဲ့အရာဖြစ်ကြောင်း ကျန်းမာရေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေက အတည်ပြုထားကြပါတယ်။ ဆေးလိပ်နဲ့အရက် သောက်သုံးသူတွေမှာလည်း ညအိပ်ရင်ဟောက်တတ်လာလို့ ဆေးလိပ်၊ အရက်ကို ဖြတ်သင့်ပါတယ်။

Source : Metro

Share

Loading Next Article...
က္က