သင်ဘယ်လိုမျိုး ရှိနေသည်ဖြစ်စေ ချစ်သူများနေ့ကို ပျော်ရွှင်စွာ ဖြတ်သန်းလို့ရပါတယ်။

 

Valentine's Day ဆိုတာ ချစ်သူစုံတွဲတွေအတွက်တော့ ရင်ခုန်စရာနေ့ရက်တစ်ခုပါပဲ။ ဘယ်လို ရင်ခုန်ပျော်ရွှင်မှုမျိုးလဲ ဆိုတာကို ချစ်သူရှိသူတွေ ပိုပြီးနားလည်နိုင်ကြမှာပါ။ လှပတဲ့နေ့ရက်လေးကို ချစ်သူနဲ့အတူ ဖြတ်သန်းမယ်ဆို ဘာတွေလုပ်ကြမလဲ?

မနက်

valentines_day_big.jpg

ဒီလိုနေ့မျိုးက စောစောစီးစီး အိပ်ရာထရမယ့်နေ့ပါ။ ချစ်သူနဲ့တွေ့ဖို့အတွက် မိန်းကလေးဘက်ကလည်း ကိုယ့်ကိုယ်ကိုယ်လှပအောင် ပြင်ဆင်ရမှာပေါ့။ စိတ်ထဲမှာလည်း ချစ်သူပေးမယ့်လက်ဆောင်ကို ကြိုတွေးပြီး ရင်ခုန်နေပါလိမ့်မယ်။ ယောက်ျားလေးဘက်ကလည်း ချစ်သူလေးစိတ်မခုရအောင် စောစောထပြီး အိမ်ရှေ့သွားကြိုရင်ကြို မကြိုရင် ပေးမယ့်လက်ဆောင်ကို ဂရုတစိုက်ပြင်ဆင်ထုပ်ပိုးဖို့ စောစောအိပ်ရာထရတယ်လေ။ လူငယ်စုံတွဲအများစုကတော့ ဆင်တူဝတ်စုံလေးတွေဝတ်လေ့ရှိပါတယ်။ တီရှပ်တစ်စုံကို ကျပ် ၂၀၀၀၀ လောက်နဲ့ ရနိုင်ပါတယ်။

ရိုမန့်တစ်ဆန်ဆန်နဲ့ Surprise လုပ်ပေးချင်ရင်တော့ စီစဉ်ပေးတဲ့ဝန်ဆောင်မှုတွေ ရှိပါတယ်။ ဖေ့စ်ဘွတ်ပေါ်ကနေ မှာယူလို့ရတဲ့ နှင်းဆီပန်းစည်းတွေကတော့ ၃ပွင့်တစ်စည်းကို ကျပ် ၅၀၀၀ ဝန်းကျင် ကျသင့်ပါလိမ့်မယ်။ အမြင့် ၃ ပေ ရှိတဲ့ဝက်ဝံရုပ်ကြီးတွေကတော့ ကျပ် ၃၅၀၀၀ ဝန်းကျင်ပါ။ ချောကလက်တွေကတော့ အမျိုးအစားပေါ်မူတည်ပြီး ကျပ် ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ရှိပါတယ်။ တခြားလက်ဆောင်တွေကို စဉ်းစားမယ်ဆို အကုန်အကျသက်သာပြီး သူများထက်ထူးတာတွေ ရနိုင်ပါတယ်။ မိန်းကလေးတွေကတော့ အရုပ်၊ ပန်းစည်းနဲ့ ချောကလက်ကို ထိပ်ဆုံးကစဉ်းစားပေမဲ့ ယောက်ျားလေးတွေကတော့ ချစ်သူထံကလက်ဆောင်ဆိုရင် သူဝါသနာပါတဲ့အရာကိုပေးတာ ပိုနှစ်သက်ပါတယ်။ ချောကလက်ဟာ ချစ်စိတ်ကိုတိုးပွားစေတဲ့အရာဖြစ်ပြီး ဦးနှောက်ကနေ အန်ဒေါ်ဖင်ဟော်မုန်းကို ထွက်ရှိစေလို့ လူရဲ့စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

နေ့လယ်

vd 1.jpg 

အိမ်ပြင်ကိုထွက်လိုက်တာနဲ့ အတူတူလျှောက်လည်နေကြတဲ့ ကိုယ့်လိုပျော်နေတဲ့ စုံတွဲတွေကို လမ်းပေါ်မှာ အများကြီးတွေ့ရဦးမှာပါ။ ဒီနှစ် ဗယ်လန်တိုင်းနေ့ကတော့ အင်္ဂါနေ့ဆိုတော့ အလုပ်လုပ်နေတဲ့ အတွဲတွေက အပြင်ထွက်ဖို့ခက်ပါလိမ့်မယ်။ ချစ်သူနဲ့အလည်အပတ်ထွက်မယ်ဆိုရင် ပလာဇာတွေနဲ့ စားသောက်ဆိုင်တွေမှာ အထူးအစီအစဉ်တွေ ရှိပါတယ်။ စုံတွဲတွေအတွက် လက်ဆောင်ဆင်တူ၊ အမှတ်တရဓာတ်ပုံရိုက်ပေးတာလိုမျိုးတွေ ရှိပါတယ်။ Myanmar Plaza ကတော့ ဒီလိုအစီအစဉ်တွေရှိကြောင်း ကြေညာထားပါတယ်။ ဒီလိုနေ့မျိုးမှာ ရုပ်ရှင်ကြည့်မယ်ဆိုရင်တော့ ကြိုတင်လက်မှတ်ဝယ်ထားမှ စိတ်ချရမှာပါ။

ညနေ

Romantic-Beach-Dinner-640x440.jpg 

ညနေဘက်ဆိုရင် ရိုမန့်တစ်ဆန်တဲ့ ညစာလေး အတူတူစားလို့ရတာပေါ့။ ရုံးတက် အလုပ်လုပ်နေရတဲ့ စုံတွဲတွေအတွက် အကောင်းဆုံးအစီအစဉ်ပါပဲ။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဘားတွေမှာ ချစ်သူများနေ့ အမှတ်တရ စုံတွဲတွေအတွက် ပရိုမိုးရှင်းတွေ ရှိပါတယ်။ Vintage Luxary Yatch Hotel ကတော့ စုံတွဲတွေအတွက် ညစာကို နှစ်ယောက် ၆၀၀၀၀ ကျပ်နဲ့ စီစဉ်ထားပြီး လက်ဆောင်၊ ဂိမ်း၊ တေးဂီတတွေနဲ့ အမှတ်တရဓာတ်ပုံရိုက်ဖို့ စီစဉ်ပေးထားမယ်လို့ ကြေညာထားပါတယ်။ Thai 47 စားသာက်ဆိုင်ကလည်း စုံတွဲတွေအတူစားနိုင်မယ့် အထူးအစီအစဉ်တွေ ရှိပါတယ်။ Inya Bar ကတော့ လာသမျှအတွဲတွေကို တီရှပ်တွေ လက်ဆောင်ပေးပါမယ်တဲ့။ လူငယ်တွေအကြိုက်တွေ့ရဲ့ FUSE Bar မှာလည်း ဆင်တူဝတ်လာတဲ့စုံတွဲ ၁၀ တွဲကို အထူးလက်ဆောင်တွေပေးမယ်လို့ ကြေညာထားပါတယ်။

ချစ်သူများနေ့မှာ ယောက်ျားတွေလိုချင်တဲ့ အရာ (၅) မျိုး

ကိုယ့်ချစ်သူဆီက အချစ်များများရဖို့ ဒီလိုနေ့မျိုးမှာ အထူးတလည်ဆင်နွှဲတာဟာ ချစ်သူကိုတန်ဖိုးထားရာရောက်ကြောင်း ပြသတဲ့သဘောပါပဲ။ "အိမ်ပြန်ချိန်တွေ အတူလျှောက်လည်၊ နေဝင်ချိန်ဆို အတူရှိမယ်" ဆိုတဲ့ စိုင်းစိုင်းရဲ့သီချင်းလေးက ဒီလိုနေ့မျိုးမှာဆို ပိုပြီးလိုက်ဖက်တယ်လေ။ ချစ်သူလေးကို အိမ်ပြန်ပို့ရင်း အနမ်းနဲ့နှုတ်ဆက်ကာ ဒီနှစ်ရဲ့ ချစ်သူများနေ့ကို ချိုမြိန်စွာ အဆုံးသတ်လိုက်လို့ ရပါတယ်။

 

တစ်ကိုယ်တော် Vanlentine's Day

Valentine’s Day ဟာ တစ်ကိုယ်တည်းသမားတွေအတွက်တော့ စိတ်ရှုပ်စရာ ဖြစ်နိုင်ပါတယ်။ ကိုယ်တစ်ကိုယ်တည်း ဖြစ်နေတာကပဲ လူတွေအတွက် ပြောင်စရာ၊ နောက်စရာလိုပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာပန်းစည်းတွေ၊ ချောကလက်တွေ၊ ဓာတ်ပုံတွေကို တစ်နေ့ကုန်ရှယ်နေတာကိုလည်း တွေ့ရပါဦးမယ်။ နည်းနည်းလေးအတင့်ရဲပြီး စားသောက်ဆိုင်လေး၊ ဈေးဝယ်စင်တာလေးသွားလိုက်ရင်တော့ ချစ်ခြင်းတွေပြည့်လျှံနေတဲ့ စုံတွဲတွေ သင့်ဘေးနားမှာ ဝန်းရံနေတာကိုလည်း တွေ့ရပါဦးမယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။Valentine’s Day မှာ တစ်ကိုယ်တည်းဖြစ်နေရတဲ့ အားသာချက်တွေက တစ်ပုံတစ်ပင်ပါ။

တစ်ကိုယ်တည်းသမားတွေသာလျှင် ရနိုင်မယ့် အခွင့်အရေးတွေရှိနေပါတယ်။

မနက်

Sleeping.jpg 

ဒီနေ့ဟာ စုံတွဲတွေအတွက် အထူးနေ့ဖြစ်ပေမဲ့ သင်က တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် စောစောထစရာမလိုပါဘူး။ လက်ဆောင်ဝယ်၊ ချိန်းထားတဲ့ နေရာစောစောသွား၊ဒါပေမဲ့ ကားကကြပ်၊ တော်တော်နဲ့ မရောက်၊ စောင့်နေသူက ဖုန်းဆက်ဆိုတဲ့ ဒဏ်တွေ သင်မခံစားရပါဘူး။ အနည်းဆုံး စုံတွဲတွေရဲ့ တာဝန်ဖြစ်တဲ့ မက်ဆေ့ စောစောပို့ပေးရတဲ့ အလုပ်မျိုးတောင် သင်က လုပ်စရာမလိုပါဘူး။ သာသာယာယာပဲ နှပ်နေလို့ရပါတယ်။ Valentine’s Day က သင်နဲ့လည်းဆိုင်ချင်တယ်ဆိုရင်တော့  ချောကလက်ဝယ်ထားပါ။ ရုံးကလူတွေ၊ ကျောင်းကလူတွေကို ကြွေးပေါ့။အိမ်သားတွေကို ကျွေးပေါ့။  Valentine’s Day  နေ့ဆိုတာ ချစ်သူစုံတွဲတွေပဲ ဆိုင်တဲ့ ကိစ္စမှ မဟုတ်တာ။ ရေလည်း နည်းနည်း လျှံနေတယ်ဆိုရင်တော့ တန်ဖိုးထားလေးစားရသူတွေကို  လက်ဆောင်ကောင်းကောင်းလေးပေးပေါ့။

နေ့လယ်

vd 2.jpg 

အလုပ်သွားရမယ့် လူကတော့ အေးအေးဆေးဆေး အလုပ်သွားရုံပါပဲ။ အလုပ်သွားစရာ မရှိဘူးဆိုရင်တော့ နေ့လယ်ဘက်အပြင်ထွက်မယ်ဆိုရင် စဉ်းစားပါ။ နေကလည်း ပူလွန်းပါတယ်။ နေရာနေရာတိုင်းမှာ ဖိနပ်ဆင်တူ၊ အကျႌဆင်တူတွေ မြင်နေရနိုင်ပါတယ်။ ဆိုင်တွေ ဆိုင်တွေကလည်း Valentine’s Day ဘာစပါယ်ရှယ်၊ ညာစပါယ်ရှယ်ဆိုတာတွေ လုပ်နေတတ်ပါတယ်။ အစားအသောက်ကြိုက်ရင်တော့ သူငယ်ချင်းတစ်ယောက်ခေါ်ပြီး ပရိုးမိုးရှင်းဆိုင်တွေ သွားဆွဲရုံပါပဲ။ လောလောဆယ်တော့  THAI 47  မှာ ပရိုမိုးရှင်း ပေးမယ်လို့ သိထားပါတယ်။ ဝယ်စရာရှိရင်လည်း ဒီလိုဆိုင်တစ်ဆိုင်မှာ သွားဝယ်ပေါ့။ City Mart မှာလည်း Valentine’s Day အတွက် ပရိုမိုးရှင်းတွေရှိနေတယ်လို့ သိရပါတယ်။  ဒါပေမဲ့အကောင်းဆုံးကတော့ ရေလည်း မထွက်၊ လူလည်းမပန်းတဲ့ အိမ်မှာ ရုပ်ရှင်ကြည့်တဲ့နည်းပါပဲ။ မကြည့်ရသေးတဲ့ ဟာသကားတွေ ထုတ်ပြီး အပြတ်ဟားပါတော့။

Valentine’s Day နေ့ရောက်တဲ့အခါ လက်ဆောင်တွေ၊ ဓာတ်ပုံတွေနဲ့အတူ ဒီနေ့ကို ဟာသလုပ်တာတွေကလည်း ဆိုရှယ်မီဒီယာတွေပေါ် ဗုံးပေါလအော တက်လာပါလိမ့်မယ်။ ဒါတွေကိုလိုက်ကြည့်ပြီး သင်လည်း လိုက်ပြောင်လို့ရပါတယ်။ ဒါပေမဲ့ သူများတွေပျော်တာကို ပြောင်တဲ့အလုပ်မျိုး အားမပေးချင်ပါဘူး။ ကိုယ့်ဘာကိုယ် တစ်ပွေတည်းရုပ်ရှင်ကြည့်တာ အကောင်းဆုံးပါပဲ။

 

ညဘက်

maxresdefault.jpg 

ကမ္ဘာပေါ်က လူတိုင်းမှာ အတွဲ ရှိနေတာမှမဟုတ်ဘဲ။ တစ်ကိုယ်တည်း ရပ်တည်နေသူတွေကလည်း နည်းနည်းနောနောမှ မဟုတ်တာ။ ကိုယ့်လို တစ်ပွေတည်းသမာဖြစ်တဲ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပါ။ ဆုံမလား၊စားမလား၊ သောက်မလားမေး။ ဒါမှမဟုတ် အိမ်ကိုဖိတ်ပြီး ဆုံကြ၊ ပြောကြ၊ တွေ့ကြတာပေါ့။ သူငယ်ချင်းစုံတွဲတွေလည်း လာချင်တယ်ဆို ဖိတ်ပေါ့။ အပြန်အလှန်စနောက်ရင်း ပျော်စရာဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် အသောက်အစားလေးနဲ့ လုပ်ကြတဲ့ single party တွေလည်း ရှိပါတယ်။ သူငယ်ချင်းတစ်ယောက်က ဒီလိုပါတီမျိုးသွားဖို့ ဖိတ်တယ်၊ သင်ကလည်း စိတ်ပါတယ်ဆို ငြင်းမနေပါနဲ့။ ပါတီမှာ တစ်ယောက်ယောက်နဲ့ တွေ့ပြီး တစ်ကိုယ်တည်းသမားအဖြစ်ကို စွန့်ခွာဖို့ အလားအလာရှိသူလည်း ဖြစ်သွားနိုင်ပါတယ်။

ရည်းစားမရှိသူတွေ သောကြာညမှ ပြုလုပ်စရာ (၅) ခု

ညဘက် သောက်ချင်ရင်လည်း သောက်ပေါ့၊ သွားချင်တဲ့ ပွဲ သွားပေါ့။ သင်က လွပ်လပ်တဲ့လူပဲ။ ဒီလိုမှ လွပ်လွပ်လပ်မရှိဘူးဆိုရင် တစ်ကိုယ်တည်းသမား သင်ဟာ အချုပ်အနှောင်ရှိသူတွေလို ဖြစ်နေပြီပေါ့။ သင်ကဲမယ်ဆို  ကန်တော်ကြီး မျှော်စင်ကျွန်းမှာ G-SHOCK LOVER DAY ဖျော်ဖြေပွဲရှိတယ်လို့ သိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ရဲရင့်အောင်၊ Bobby Soxer တို့ပါ ပါမယ်တဲ့။ လက်မှတ်ဈေးနှုန်းကတော့ တစ်ယောက်ကို ၉၀၀၀ ပါ။

 

Share

Loading Next Article...
က္က