အသိဉာဏ်မြင့်မားပြီး မှတ်သားခွဲခြားနိုင်စွမ်းလည်း ရှိကြပါတယ်။
 

ခွေးတွေဟာ အသိဉာဏ်မြင့်မားတဲ့ တိရစ္ဆာန်တွေဖြစ်ပြီး လူတွေအတွက် အကောင်းဆုံးမိတ်ဆွေလည်း ဖြစ်ပါတယ်။ လူ့အရိပ်အကဲကို နားလည်လွန်းတဲ့ခွေးတွေက သခင်ဖြစ်သူဟာ လူဆိုးတစ်ဦးဖြစ်နေတယ်ဆိုရင်လည်း ကောင်းကောင်းကြီးသိပါသတဲ့။ ဒါကို သိပ္ပံပညာရှင်တွေက သေသေချာချာ လေ့လာခဲ့ပြီးမှ ထုတ်ပြန်ကြေညာလိုက်တာပါ။

 

Neuroscience and Biobehavioural Reviews ဂျာနယ်မှာ ဖော်ပြချက်အရ လူတစ်ဦးဟာအခြားလူအပေါ် ဆိုးသွမ်းတယ်ဆိုတာကို ခွေးတွေက နားလည်နေတယ်လို့ သိရပါတယ်။ သခင်ဖြစ်သူနဲ့ သုတေသနပြုသူတို့ဟာ ခွေးရှေ့မှာ ဟန်ပြသရုပ်ဆောင်ရင်း လေ့လာခဲ့ကြရတာပါ။ သခင်ဖြစ်သူက ဘူးတစ်ဘူးကိုဖွင့်ဖို့ ကြိုးစားတယ်၊ မအောင်မြင်ဘူး။ အခြားလူတစ်ဦး (သုတေသီ)ကို အကူအညီတောင်းခံပေမဲ့ ငြင်းပယ်ခံလိုက်ရတယ်။ နောက်ထပ် လေ့လာမှုတစ်ခုကိုလည်း အလားတူ ဟန်ပြခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သုတေသီက သခင်ဖြစ်သူကို ကူညီပေးခဲ့ပါတယ်။

 

ပထမလေ့လာမှုမှာ သခင်ကို ကူညီခဲ့တဲ့ သုတေသီက ခွေးကို ပြုစုကျွေးမွေးတာကို ခွေးက ကြည်ကြည်ဖြူဖြူ ခံယူပါတယ်။ သခင်ရဲ့အကူအညီကို ငြင်းပယ်လိုက်တဲ့ သုတေသီကလည်း ခွေးကို အလားတူကျွေးမွေးယုယတဲ့အခါ ခွေးက လက်မခံပါဘူး။ ကူညီတတ်သူဆီကိုသာ တန်းတန်းမတ်မတ် သွားလိုက်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခွေးတွေဟာ လူတွေအပေါ် ဝေဖန်အကဲဖြတ်နိုင်ပြီး လူဆိုးတွေဆိုရင် သိပ်မကြည်ဘူးဆိုတာ သိရကြောင်း ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

Source : Metro

Share

Loading Next Article...
က္က