အချစ်မှာ အသက်ကြီးတယ်၊ ငယ်တယ်ဆိုတာမျိုးက သိပ်ပြီးအဓိကမကျပါဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်နေဖို့ကသာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေမှာတော့ ကိုယ့်ထက်ငယ်တဲ့ကောင်လေးကိုဆိုရင် သိပ်ပြီး မချစ်ချင်ကြတာများမယ် ထင်ပါတယ်။

ကိုယ့်ထက်အသက်ပိုငယ်တာနဲ့ပဲ မချစ်ဘဲနေလိုက်မယ်ဆိုပြီး ကိုယ့်နှလုံးသားကို မညာပါနဲ့။ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။

 

၁။ ပျော်ဖို့ကောင်း

သူနဲ့ဆို ဟန်ဆောင်စရာတွေမလိုဘူး။ သူကိုယ်တိုင်ကလည်း ပေါ့ပေါ့ပါးပါး ပျော်ရွှင်တတ်သူဖြစ်နေတော့ ကိုယ်ပါလိုက်ပြီး ပျော်ရတယ်လေ။ ငယ်ရွယ်တဲ့အမျိုးသားတွေက စွန့်စားရတာတွေကို နှစ်သက်တော့ သူနဲ့အတူ တောင်တက်တာ၊ အားကစားလုပ်တာတွေကို ကိုယ်လည်းလိုက်လုပ်ဖြစ်သွားတယ်။

 

၂။ ဝန်ပေါ့တယ်

ကိုယ့်ထက်ငယ်တဲ့ချစ်သူက ကိုယ့်အပေါ်ချွဲနွဲ့တာမျိုး ရှိပေမဲ့ တကယ်တမ်းမှာတော့ ပိုပြီးပွင့်လင်းကြပါတယ်။ ရည်းစားဟောင်းအကြောင်း သူ့ကိုအကုန်အစင် ပြောပြလိုက်ရင် သူက နားလည်ပေးမှာပါ။ လျှို့ဝှက်ချက်တွေလည်း ထားဖို့မလိုတော့ဘူးပေါ့။ ပြီးတော့ သူကိုယ်တိုင်ကလည်း ကိုယ့်လောက်မှ ဘဝနဲ့အချစ်အပေါ် အတွေ့အကြုံမရှိသေးတော့ ကိုယ့်ကိုပိုပြီးချစ်တယ်လေ။

 

၃။ ချစ်မှုရေးရာ

အမျိုးသားတွေဟာ အသက် ၂၀ ဝန်းကျင်မှာ လိင်လှုံ့ဆော်မှုဟော်မုန်း (testosterone) ပိုမိုထွက်ရှိကြပါတယ်။ ငယ်တဲ့အမျိုးသားက ကျန်းမာရေးပိုကောင်းပြီး သက်လုံပိုကောင်းတော့ ချစ်မှုရေးရာမှာဆို အမျိုးသမီးဘက်က စိတ်ကျေနပ်အောင်စွမ်းဆောင်နိုင်ပါတယ်။

Source : Shape

Share

Loading Next Article...
က္က