သင့်အကျင့်ကို ဖွင့်မပြောပေမဲ့ နောက်ဆိုရင်တော့ သင့်ကို ရှောင်ဖို့ ကြိုးစားတော့မှာ ဖြစ်ပါတယ်။
 

အပေါင်းအသင်းနဲ့ပတ်သက်ရင် မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ မတူပါဘူး။ သူတို့မှာ ယောကျာ်းလေးတွေထက် အပေါင်းအသင်းနည်းတတ်ပေမဲ့ ဒီနည်းနည်းလေးကိုပဲ ရင်းရင်းနှီးနှီး ခင်တွယ်လေ့ရှိပါတယ်။ ခင်တဲ့သူနဲ့ တော်ရုံလက်တွဲမဖြုတ်ဘဲ ရေရှည်တွဲလေ့ရှိပါတယ်။ ဒါပေမဲ့ မိန်းကလေးအချင်းချင်းတောင် သင့်ကို ရင်းနှီးခင်မင်တဲ့သူ မရှိဘူးဆိုရင်တော့ အကြောင်းအရင်းတစ်ခုခုတော့ ရှိနေပါပြီ။

၁ - ပြင်ဆင်ရေးသမား

မိန်းကလေးသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးမခင်ရတဲ့အကြောင်းအရင်းဟာ သူတို့ကို ပြင်ဆင်ပေးချင်တဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဟိုလိုမပြောသင့်ဘူး၊ ဒီလိုမလုပ်သင့်ဘူး စတဲ့ ဝေဖန်အကြံပြုချက်တွေနဲ့ ပြင်ဆင်ပေးချင်နေတာပါ။ သူငယ်ချင်းက ကိုယ့်အပေါ်လေးစားမှုကြီးကြီးမားမား ရှိလားဆိုတာကို မသိဘဲ ဆုံးမစကားတွေ ခဏခဏ ပြောတတ်သူပါ။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - အပေါင်းအသင်းနဲ့လိုက်ပြီး အကျင့်တွေကူးစက်တယ်ဆိုတာ ဟုတ်သလား)

 

၂ - နှိုင်းယှဉ်

သူငယ်ချင်းတွေနဲ့ ပြိုင်ဆိုင်နှိုင်းယှဉ်တာ ဖြစ်ပါတယ်။  သူငယ်ချင်းအပေါင်းအသင်းချင်းတွေ့ကြတဲ့အခါ ပျော်ရွှင်ရတဲ့အချိန်တွေကို ဒီလို လိုက်နှိုင်းယှဉ်နေတဲ့အကျင့်က ဖျက်ဆီးပစ်ပါတယ်။ သင့်ရဲ့ နှိုင်းယှဉ်မှုတွေကြောင့် သူငယ်ချင်းတွေက မကျေမချမ်းဖြစ်နေတတ်ပါတယ်။ သင့်အကျင့်ကို ဖွင့်မပြောပေမဲ့ နောက်ဆိုရင်တော့ သင့်ကို ရှောင်ဖို့ ကြိုးစားတော့မှာ ဖြစ်ပါတယ်။

၃ - မနာလိုမှု

လူတိုင်းက မနာလိုစိတ်ဖြစ်ရတဲ့အချိန် ရှိပါတယ်။ ဒါပေမဲ့ မနာလိုစိတ်ဟာ အကျင့်တစ်ခုလိုဖြစ်နေပြီး တော်ရုံလောက်နဲ့ မနာလိုတတ်တာ ဖြစ်ပါတယ်။ ဒီလို အကျင့်ရှိတာကြောင့် သူငယ်ချင်းတွေက သင့်ကို မပေါင်းသင်းချင်ရုံတင်မကဘူး သင်နဲ့ဆုံရမှာကိုပါ လန့်တာပါ။

 

၄ - ပွဲဖျက်သူ

ပွဲလမ်းသဘင်အပါအဝင် သူငယ်ချင်းအပေါင်းအသင်းတွေ စုလုပ်တဲ့ အစီအစဉ်မျိုးမှာ သင်ဘယ်တော့မှ မပါပါဘူး။ သင့်ကိုပါဖို့ ဖိတ်ခေါ်တဲ့အခါမှာ မပါဝင်တဲ့အပြင် ပျက်စီးရာ ပျက်စီးကြောင်းတွေ ပြောတတ်တာပါ။ နောက်ပိုင်း သူငယ်ချင်းတွေ ဆုံဖို့ရှိရင် သင့်အကြောင်း သိနေတာကြောင့် သင့်ကို မခေါ်တော့ပါဘူး။ ဒီလိုနဲ့ ရင်းရင်းနှီးနှီးပေါင်းတဲ့ သူငယ်ချင်း နည်းပါးလာတာပါ။

 

၅ - အာရုံစိုက်ခံချင်တာ

ပဲများတယ်လို့လည်း ပြောတတ်ကြပါတယ်။ လူလယ်ကောင်မှာ သင့်ကို အာရုံစိုက်စေချင်တာ ဖြစ်ပါတယ်။ ဒီလို အာရုံစိုက်ဖို့ သင့်ဘက်က ကြိုးစားအားထုတ်မှုတွေလုပ်တာ ဖြစ်ပါတယ်။ ဒီလို အကျင့်ကို သင့်သူငယ်ချင်းတွေက မကြိုက်တာကြောင့် သင်နဲ့ အပေါင်းအသင်း မလုပ်တာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - အပေါင်းအသင်းနဲ့လိုက်ပြီး အကျင့်တွေကူးစက်တယ်ဆိုတာ ဟုတ်သလား)

Photos & Source: Bustle

Share

Loading Next Article...
က္က