မသိတဲ့လူတွေက အဒေါ်နဲ့ တူလို့ ထင်တာမျိုးရှိသလို ဦးလေးနဲ့တူမ လို့ ထင်ခံရတာလည်း ရှိပါတယ်။
 

မောင်နှမတော်တော်များများဟာ အသက်အားဖြင့် သိပ်မကွာကြပါဘူး။ ဒါကြောင့် သူတို့ကြုံရတဲ့ အခြေအနေ၊ အတွေ့အကြုံတွေကလည်း အရမ်းကြီး ကွာခြားလေ့မရှိပါဘူး။ ဒါပေမဲ့ မွေးချင်းတစ်ယောက် နှစ်ယောက်ပဲ ရှိပြီး ဒီတစ်ယောက်နှစ်ယောက်က ကိုယ့်ထက်အရမ်းငယ်တာ၊ ကြီးတာမျိုး ဖြစ်နေရင်တော့ အခြားမောင်နှမတွေနဲ့မတူတဲ့ ဆက်ဆံရေးမျိုးရှိတတ်ပါတယ်။ ဒီလိုညီအစ်ကို မောင်နှမ ရှိသူတွေသာသိတဲ့ အချက်လေးတွေလည်း ရှိပါတယ်။

၁ - အရုပ်

သူတို့ငယ်ငယ်တုန်းက သင်ကပဲ အကျႌဝတ်ပေး၊ ရေချိုးပေးခဲ့ရပါတယ်။ ဒီလိုအချိန်တွေမှာ သူတို့က အရုပ်လေးတစ်ရုပ်လို ဘာမှ မပြောဘဲ ရှိနေတတ်ပါတယ်။ သနပ်ခါးလိမ်းပေးတာ၊ မိတ်ကပ်လိမ်းပေးတဲ့အခါမျိုးတွေမှာဆို သူတို့က အရုပ်လေးတစ်ရုပ်လို ငြိမ်သက်နေတာပါ။ ကြီးလာလို့ ဟန်ဆောင်စကားများကြတဲ့အခါ ဒီလိုလုပ်ပေးခဲ့ရတာဆိုပြီး စလေ့ရှိကြပါတယ်။

 

၂ - ဘယ်တော့မှ ရန်မဖြစ်ဘူး

မောင်နှမချင်းရန်ဖြစ်တယ်ဆိုတာ မရှိပါဘူး။ အဝတ်အစားဝတ်တဲ့ စတိုင်ခြင်းလည်း မတူပါဘူး။ စိတ်ဝင်စားတာခြင်းလည်း မတူပါဘူး။ သဘောကျနှစ်သက်တဲ့ အရာခြင်းလည်း တူညီတာမျိုး ဘာမှမရှိတာကြောင့် မောင်နှမခြင်းရန်ဖြစ်ရတယ်ဆိုတာမျိုးလည်း မရှိပါဘူး။ အသက်ကွာဟလွန်းတာကြောင့် အကြီးတွေက သည်းခံတာလည်း ပါပါတယ်။

၃ - အကြံညဏ်ကောင်း

အသက်အရွယ်ကွာဟတာကြောင့် ညီအစ်ကို မောင်နှမခြင်း အကြံညဏ်ကောင်းတွေ ပေးနိုင်ပါတယ်။ သူတို့ သူငယ်ချင်းဆီက မရတဲ့အကြံညဏ်မျိုး သင့်ဆီကထွက်လာတတ်ပါတယ်။ သင်က ငယ်ရွယ်သူဆိုရင် သူတို့မမြင်တဲ့ထောင့်က မြင်တာမျိုးဖြစ်ပါတယ်။ ကြီးတဲ့လူဆိုရင်တော့ ရင့်ကျက်တဲ့ အကြံညဏ်မျိုး ပေးနိုင်တာပါ။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး -ရန်သူလို သူငယ်ချင်း (၆) မျိုး )

 

၄ - အတူတူသတ်မှတ်ထား

ဆယ်နှစ်လောက် ကွာနေပေမဲ့လည်း သင့်မိဘတွေက သင်တို့နှစ်ယောက်စလုံးကို အတူတူ ဆက်ဆံတာဖြစ်ပါတယ်။ ဒီလိုဆက်ဆံပုံက အိမ်တွင်းမှာ အသားကျနေပြီဖြစ်နေပေမဲ့ အပြင်လူတွေ အမြင်မှာတော့ အနည်းငယ် ကို့ယို့ကားယားနိုင်ပါတယ်။

၅ - အဒေါ်၊ ဦးလေး

မသိတဲ့လူတွေက အဒေါ်နဲ့ တူလို့ ထင်တာမျိုးရှိသလို ဦးလေးနဲ့တူမ လို့ ထင်ခံရတာလည်း ရှိပါတယ်။ မောင်နှမမှန်းသိသွားရင်တော့ အမေးအမြန်းထူတာတွေကို ခံရပါတယ်။ အသက်ဘယ်လောက်ကွာလဲ၊ မောင်နှမမှန်းမသိဘူးဆိုတဲ့ စကားတွေပါ။

 

၆ - အသက်အရွယ်

ကိုယ်က အသက်အရမ်းကြီးနေပေမယ့် အရမ်းငယ်တဲ့ မောင်တွေ၊ညီမတွေရှိနေတာကြောင့် အသက်ကြီးတဲ့လူပုံ ပေါက်မနေပါဘူး။ ကိုယ်က ငယ်တဲ့လူဆိုရင်လည်း အစ်ကို အစ်မတွေရဲ့ ဟန်တွေက ကိုယ့်ပေါ်မှာ လွှမ်းမိုးနေတာကြောင့် အရမ်းကြီး ကလေးဆန်မနေပါဘူး။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - လူတစ်ယောက်ဆီက ယုံကြည်မှုမြန်မြန်လိုချင်ရင် ဒီ (၅) ချက်လုပ်ပါ )

Photos & Source: Elite Daily

Share

Loading Next Article...
က္က