ကိုယ့်အပေါ်မှာ ဒါတွေလုပ်လာပြီဆို သူ့ကို စွန့်ခွာဖို့ အချိန်တန်လာပါပြီ။
 

လူတိုင်းမှာ အတ္တကိုယ်စီ ရှိကြပါတယ်။ တချို့အတ္တတွေကတော့ ဖြူစင်ရိုးသားကြပြီး တချို့အတ္တတွေကတော့ ကြောက်စရာကောင်းလောက်အောင် ပူပြင်းလွန်းပါတယ်။ အတ္တကြီးသူတွေက ကိုယ့်ဖို့ကိုယ်ပဲ ကြည့်တတ်ကြပြီး တဖက်သားကို စာနာနားလည်မှု မပေးကြပါဘူး။ ဒီလိုလူတွေနားမှာ နေရတာ သိပ်ကိုပင်ပန်းလွန်းတာမို့ ဝေးလေကောင်းလေပါပဲ။ ကိုယ့်အပေါ်မှာ ဒါတွေလုပ်လာပြီဆို သူ့ကို စွန့်ခွာဖို့ အချိန်တန်လာပါပြီ။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ကိုုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာစေဖို့

 

၁။ ညှဉ်းပန်းနှိပ်စက်တာ

ကိုယ့်ကို စိတ်ထိခိုက်အောင်၊ ခန္ဓာကိုယ်ကို နာကျင်အောင် ညှဉ်းပန်းနှိပ်စက်လာပြီဆိုရင်တော့ သူ့ကို စွန့်ခွာလိုက်ပါတော့။ တစ်ကြိမ်တစ်ခါ ဆိုတာတောင်မှ တော်တော်ကို များလွန်းနေပါပြီ။ ဒီလိုကြုံနေရတဲ့ လုပ်ငန်းခွင်ဆိုရင်လည်း စွန့်ခွာဖို့သာပြင်ပါ။ ကြာလာရင် ကိုယ့်အတွက် နာကျင်စရာတွေ များလာမှာစိုးရိမ်ရတယ်လေ။ အထူးသဖြင့် လူတွေရှေ့မှာ ဒီလိုလုပ်တာမျိုးကို လက်မခံပါနဲ့။

 

၂။ ပြဿနာဖြစ်တိုင်း ဝန်မခံတာ

အထူးသဖြင့် ချစ်သူရည်းစားတွေပေါ့။ ကိုယ့်အမှားကို အမှားလို့မမြင်ဘဲ သူများအမှားကိုသာ အတင်းလိုက်ရှာနေကြသူတွေပါ။ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားကြပါတယ်။ ဒီလိုလူမျိုးကို ချစ်သူတော်ထားရတာ ကိုယ့်အတွက် နာကျင်စရာတွေချည်းပါပဲ။ အတ္တကြီးလွန်းတဲ့ သူ့စိတ်ကြောင့် ချစ်သူတွေဖြစ်နေချိန်မှာတောင် ဒီလောက်စိတ်ဆင်းရဲရရင် ယူပြီးမှဆို ပိုတောင် ဆိုးလာပါဦးမယ်။ ပြီးတော့ သူက ကိုယ့်ကိုမငဲ့တတ်သူဆိုရင် နောက်တစ်ယောက်ကို အလွယ်လေး ရှာသွားနိုင်ခြေရှိပါတယ်။

Source : Red Online

ဆက်စပ်ဖတ်ရှုချင်စရာ ---> အလုပ်မှာ အဆင်မပြေဘူးလို့ ခံစားရရင် ဘာလုပ်သင့်လဲ

Share

Loading Next Article...
က္က