ထက်မြက်တဲ့မိန်းမတွေက ချစ်သူရှာရတာ ပိုခက်နေကြတယ်။
 

ယေဘုယျအားဖြင့် ကြည့်ရင်တော့ လူတစ်ဦးဟာ ကိုယ့်ထက်ပိုပြီး ဆွဲဆောင်မှုရှိသူ၊ အောင်မြင်ထက်မြက်သူကို သဘောကျလေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသားတွေကတော့ ဒီလိုမဟုတ်ပါဘူး။ သူတို့ထက်ပိုတော်ပြီး ပိုဆွဲဆောင်မှုရှိတဲ့ စမတ်ကျကျမိန်းကလေးတွေနဲ့ ချစ်သူမဖြစ်လိုကြဘူးလို့ ဆိုတယ်။

 

၂၀၀၆ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တွေ့ဆုံချစ်ကြိုက်မှုများပြားလာတဲ့အချိန်မှာတောင် အမျိုးသားတွေဟာ သူတို့ထက်ပိုပြီး ဉာဏ်ကောင်းထက်မြက်တဲ့ အမျိုးသမီးတွေကို လက်မတွဲခဲ့ကြပါဘူး။ သိပ်မကြာခင်က အမေရိကန်ပြည်ထောင်စုရှိ ဘတ်ဖလိုတက္ကသိုလ်၊ ကယ်လီဖိုးနီးယားလူသာရန်တက္ကသိုလ်၊ တက္ကဆက်တက္ကသိုလ်က သုတေသီတွေ ပူးပေါင်းကာ ဒီအကြောင်းကို ထပ်မံလေ့လာခဲ့ကြပါသေးတယ်။ ကနဦးလေ့လာဆန်းစစ်မှုအရ အမျိုးသား ၈၆ ရာခိုင်နှုန်းဟာ သူတို့ထက်ပိုစမတ်ကျတဲ့ အမျိုးသမီးနဲ့ ချစ်သူဖြစ်နေစဉ်မှာ သက်တောင့်သက်သာရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆက်လက်လေ့လာကြည့်ရာမှာတော့ ဒါတွေကို သိခဲ့ရပါတယ်။

 

ပထမလေ့လာမှုမှာတော့ ပညာသိပ်မတတ်တဲ့ အမျိုးသားတွေဟာ သူတို့ထက်ပိုပြီး စမတ်ကျတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံရမှာ စိတ်ဝင်စားကြပါတယ်။ ချစ်သူအဖြစ်နဲ့လည်း တွဲကြည့်လိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ထပ် လေ့လာမှုမှာတော့ ပညာတတ်အမျိုးသားတွေဟာ သူတို့ထက်ပိုထူးချွန်တဲ့ အမျိုးသမီးတွေရဲ့အနားမှာ မနေလိုကြတာကို တွေ့ရပါတယ်။ ဦးနှောက်စားရတဲ့စမ်းသပ်မှုကို အမျိုးသမီး၊ အမျိုးသား အတူယှဉ်တွဲပြီး စမ်းသပ်ရာမှာ အမျိုးသမီးက အမှတ်ပိုများသွားတယ်ဆိုရင် အမျိုးသားဟာ ယင်းအမျိုးသမီးကို ခပ်ခွာခွာဖြစ်သွားပါတော့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အမျိုးသားတွေဟာ သူတို့ထက်ပိုတော်တဲ့ အမျိုးသမီးတွေကို စိတ်ထဲမှာသာ သဘောကျပေမဲ့ ချစ်သူအဖြစ်နဲ့ ရေရှည်လက်တွဲဖို့ကို ဝန်လေးကြောင်း သုတေသီတွေက ကောက်ချက်ချပါတယ်။

Source : Huffpost

Share

Loading Next Article...
က္က