ဝေဖန်တတ်သူတွေဟာ သူတို့ပတ်ဝန်းကျင်ကလူတွေအပေါ် မျှော်လင့်ချက်မြင့်မားသူတွေ ဖြစ်ပါတယ်။
 

ဝေဖန်မှုရှိမှ တိုးတက်တယ်ဆိုတဲ့စကားလည်း ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက ဝေဖန်မှုကို လိုချင်မှ ဝေဖန်တာကောင်းပါတယ်။ ကိုယ်ဝေဖန်လိုက်လို့ တစ်စုံတစ်ခု တိုးတက်သွားတယ်ဆိုမှ ဝေဖန်တာ ကောင်းပါတယ်။ ဒီလိုမှ မဟုတ်ဘဲ တစ်ဖက်ကမလိုချင်ပေမယ့်လည်း ဝေဖန်စကားတွေပြောနေတတ်တဲ့ အကျင့်မျိုးက အဆင်မပြေပါဘူး။ လူအမြင်ကတ်ပြီး လူမုန်းများပါတယ်။ ဒီအကျင့်ကို ဖျောက်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

၁ - မပြောခင် ခဏရပ်

ဝေဖန်စကားမပြောခင် ခဏရပ်ပါ။ ပြောဖို့လိုရဲ့လား တွေးကြည့်ပါ။ ဒီလိုမျိုး ထောက်ပြဖို့ လိုရဲ့လား တွေးကြည့်ပါ။ အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိစ္စတွေဆို ဝေဖန်မှတ်ချက်စကားမပြောတာ အကောင်းဆုံးပါပဲ။ ရင်ထဲမှာ ဖြစ်ပေါ်တဲ့ခံစားချက်ကို အပြုံးတစ်ခု၊ ခေါင်းတစ်ချက် ငြိမ့်ပြီး အဆုံးသတ်လိုက်ပါ။ မပြောလို့ရတယ်ဆို လုံးဝမပြောသင့်ပါဘူး။

 

၂ - မျှော်လင့်မှု

ဝေဖန်တတ်သူတွေဟာ သူတို့ပတ်ဝန်းကျင်ကလူတွေအပေါ် မျှော်လင့်ချက်မြင့်မားသူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ ဝေဖန်တတ်တဲ့အကျင့်ဟာ ဒီလိုမျှော်လင့်ချက်မြင့်မားမှုကနေ ထွက်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။ သင့်ဘေးနားကလူတွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရတာ၊ မကျေမနပ်ဖြစ်ရတာတွေ ခဏခဏရှိနေတယ်ဆိုရင် ဒီလိုမျှော်လင့်ထားမှုကို ပြင်သင့်ပါတယ်။

၃ - ခံစားတတ်သူ

ဝေဖန်တတ်သူအများစုဟာ ဖြစ်ရပ်တိုင်း၊ ကြုံတွေ့ရတဲ့အရာတိုင်းကို ကိုယ့်အတွေးကိုယ့်အမြင်နဲ့ ခံစားနေတတ်သူတွေဖြစ်ပါတယ်။ "ငါဆိုရင်တော့" ဆိုတဲ့ ခံစားမှုနဲ့ အရာရာတိုင်းကို လိုက်ကြည့်နေတဲ့အခါ ဝေဖန်စရာတွေပဲ ဖြစ်နေပါတော့တယ်။  ဒီလိုခံစားတတ်မှုတွေကို ဖျောက်ဖျက်ရမှာ ဖြစ်ပါတယ်။ လူတွေမှာ ကိုယ့်ဘဝနဲ့ကိုယ်ရှိသလို နောက်ခံ အခြေအနေတွေကလည်း မတူညီတာကြောင့် အခြေအနေတစ်ခုကို ခံစားဖြတ်ကျော်ပုံတွေက တူညီကြမှာ မဟုတ်ပါဘူး။ အရာရာတိုင်းဟာ ကိုယ်စိတ်တိုင်းကျ ဖြစ်နေမှာ မဟုတ်ပါဘူး။

 

၄ - မကောင်းမြင်မှု

လူတွေရဲ့ မကောင်းတဲ့အပိုင်းတွေကိုပဲ ရွေးမြင်နေတာဖြစ်ပါတယ်။ လူတွေအကြောင်းပြောရင် မကောင်းတဲ့အပိုင်းတွေကိုပဲ ရွေးပြောတတ်တာ ဖြစ်ပါတယ်။ ဒီလို မကောင်းမြင်မှုကနေ မကောင်းတဲ့ဝေဖန်မှုတွေ ထွက်လာတာ ဖြစ်ပါတယ်။

၅ - အကြံညဏ်

ဝေဖန်မယ့်အစား အကြံညဏ်ပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။ တစ်ချို့က ပြဿနာကြုံနေရတာဖြစ်ပြီး အထောက်အကူဖြစ်မယ့် အကြံညဏ်မျိုးလိုချင်တာပါ။ သူတို့ပြဿနာ ကြုံနေရပြီလို့ ထောက်ပြပေးတဲ့လူ လိုတာမဟုတ်ပါဘူး။ ပြဿနာ ဘာကြောင့်ဖြစ်ရတယ်လို့ ဝေဖန်သုံးသပ်ပြသူကို လိုတာ မဟုတ်ပါဘူး။ အသုံးဝင်မယ့် အကြံညဏ်တွေ လိုတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ယောက်ျားတွေက စမတ်ကျတဲ့မိန်းကလေးတွေကို သဘောကျပေမဲ့မချစ်ရဲကြ)

Photos & Source: wikiHow

Share

Loading Next Article...
က္က