ဈေးကြီးတာတွေချည်း ရွေးပြီး လက်ဆောင်ပေးမယ်ဆို သူ့အနေနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ရပါမယ်။ သူက လက်ဆောင်ပြန်ပေးမယ်ဆိုလည်း ဈေးကြီးတာပဲ ရှာရတော့မှာလေ။
 

မိန်းကလေးတွေတိုင်းက ပျော်စရာကောင်းတဲ့ အချစ်ရေးကို လိုချင်ကြတာချည်းပါပဲ။ ချစ်ရတဲ့လူနဲ့ လက်ထပ်လိုက်ရတယ်ဆိုတာမျိုးလည်းရှိသလို အမြဲတမ်း ရန်ဖြစ်စကားများနေကြတာတွေလည်း ရှိပါတယ်။ အမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ့်ချစ်ရတဲ့ယောက်ျားတစ်ယောက်ကို မလုပ်သင့်တာတွေ မလုပ်မိဖို့ ဆင်ခြင်လိုက်ပါ။ ဒါဆိုရင် သူက ကိုယ့်ကို ပစ်ပယ်နိုင်မှာ မဟုတ်ပါဘူး။

 

၁။ ပြဿနာတွေရှင်းပေးဖို့ကြိုးစားတာ

သူ့အလုပ်ထဲက ပြဿနာတွေကို ကိုယ်က အားလုံးဒိုင်ခံရှင်းပေးတာမျိုးဟာ အပေါ်ယံကြည့်ရင်တော့ အရမ်းသဘောကောင်းတယ် ထင်ရပါတယ်။ တကယ်တမ်းမှာက သူ့အလုပ်ကိစ္စကို သူကသာ တာဝန်ယူရမှာမို့လို့ ကိုယ်က အတင်းအကျပ် ဖြေရှင်းပေးခြင်းဟာ သူ့မာနကို ထိခိုက်စေပါတယ်။ သူ အကူအညီမတောင်းဘဲနဲ့ ရှင်းပေးစရာမလိုပါဘူး။

 

၂။ ဈေးကြီးတဲ့လက်ဆောင်တွေပဲပေးတယ်

အချစ်ဆိုတာ ငွေရှိမှ တည်တံ့တာမဟုတ်ဘူးဆိုတာ သိထားပါ။ ဈေးကြီးမှ လက်ဆောင်ဖြစ်တာမဟုတ်ပါဘူး။ သူ့အတွက် အဆင်ပြေမယ့်၊ သူနှစ်သက်မယ့်အရာကသာ တကယ့်လက်ဆောင်ပါ။ ဈေးကြီးတာတွေချည်း ရွေးပြီး လက်ဆောင်ပေးမယ်ဆို သူ့အနေနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ရပါမယ်။ သူက လက်ဆောင်ပြန်ပေးမယ်ဆိုလည်း ဈေးကြီးတာပဲ ရှာရတော့မှာလေ။

 

၃။ "ကျွန်မပြောခဲ့သားပဲ"

သူ့ဘက်က အတိမ်းအစောင်းတစ်ခုခု ဖြစ်လာလို့ ကိုယ့်ကိုရင်ဖွင့်ကာမှ " ကျွန်မပြောသားပဲမဟုတ်လား" ဆိုပြီး ဆီးပြောလိုက်ရင် သူတကယ် စိတ်ပျက်ရပါတယ်။ နောက်ဆို အမှားကြုံလာတိုင်း ရင်ဖွင့်တော့မှာတောင်မဟုတ်ဘူး။ အဲ့လို ရင်ဖွင့်ပြောပြတာမျိုး မရှိတဲ့ အချစ်ရေးက ယုံကြည်မှုလည်းတည်ဆောက်ဖို့ ခဲယဉ်းပါတယ်။

 

၄။ ဖက်ရှင်ကိုပြောင်းပစ်လိုက်တာ

သူက သင့်ကိုချစ်ခဲ့တာ ပင်ကိုယ်ပုံစံလေးအတိုင်း ချစ်ခဲ့တာပါ။ ချိန်းထားတာရှိလို့ ဆိုပြီး မိတ်ကပ်တွေအထူကြီးလိမ်း၊ ဖက်ရှင်ကိုပြောင်းပြီး သွားတွေ့တာမျိုးလည်း သူက မနှစ်သက်ပါဘူး။ နဂိုအတိုင်းလေးပဲ ရှိနေတာက သူကြိုက်တဲ့ပုံစံဖြစ်ပါတယ်။

Source : Bright Side

Share

Loading Next Article...
က္က