အီစီကလီတွေ လုပ်စရာမလိုပါဘူး။ ဒါတွေနဲ့ အထာကျကျ ဆွဲဆောင်လို့ရပါတယ်။
 

၁။ ကိုယ်ဘာလဲဆိုတာ ဖော်ပြ

ကိုယ်က ဘယ်လိုလူမျိုးလဲ၊ ကိုယ့်အမြင်တွေ၊ ကိုယ့်စွမ်းဆောင်နိုင်မှုတွေကို သူသိပါစေ။ ရိုးရိုးသားသားနဲ့ အရှိကိုအရှိတိုင်း ယုံကြည်မှုရှိရှိ ဖော်ပြနိုင်မှုဟာ စမတ်ကျပြီး ယောက်ျားတွေနှစ်သက်တဲ့ပုံစံမျိုးပါပဲ။ အထင်လည်းကြီးကြပါတယ်။

၂။ သူ့ခေါင်းထဲမှာ နေရာယူ

အီစီကလီတွေ မလုပ်ပါနဲ့။ ချွဲနွဲ့နေတာမျိုးက အသက် ၂၀ အောက် ကောင်မလေးတွေရဲ့အထာပါ။ ကိုယ်က နေရာတစ်ခုမှာ ရပ်တည်နေနိုင်ပြီဆိုရင် တကူးတက သွားပြီးအီနေစရာမလိုပါဘူး။ သူ သဘောကျနိုင်မယ့်အရာတွေကို ကိုယ်ကလုပ်ပြပါ။ သူ့အမြင်တွေကို ဆွေးနွေးပေးခြင်းဟာ သူကိုယ့်ဆီ တိမ်းညွှတ်လာစေမယ့်နည်းတစ်ခုပါပဲ။

ဆက်စပ်ဖတ်ရှုချင်စရာ ---> အမျိုးသားတွေ ဘဝလက်တွဲဖော်အဖြစ် စဉ်းစားလေ့ရှိတဲ့ အမျိုးသမီးတွေဆိုတာ

 

၃။ မိမိကိုယ်ကိုယ်ယုံကြည်မှု

အလကားနေ စိတ်ပျက်အားငယ်တဲ့ပုံစံကြောင့် ဘယ်သူမှ ကိုယ့်အနားကို မကပ်ချင်ပါဘူး။ ရဲရင့်ပါ။ တက်ကြွပြီး ရင်ဆိုင်နိုင်စွမ်းရှိပါ။ မဟုတ်မခံစိတ်နဲ့ ကြိုးစားလိုစိတ်ရှိတဲ့ အမျိုးသမီးတွေဟာ ယောက်ျားတွေရဲ့ အာရုံစိုက်မှုကို ရရှိပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဟာ မိတ်ကပ်မလိမ်းဘဲနဲ့တောင် ဆွဲဆောင်မှုရှိနေတာမျိုးလေ။

၄။ ခပ်ချေချေနေပါ

တခါတလေမှာ ငြင်းဆန်ဖို့ လိုအပ်ပါတယ်။ သူချိန်းတိုင်း၊ တောင်းဆိုတိုင်း လိုက်လျောလို့ မဖြစ်ပါဘူး။ သူ့ဘက်က ဘယ်လောက်ပဲရိုမန့်တစ်ဆန်ဆန် ပြင်ဆင်ထားပါစေ အဲ့ဒီ ညစာစားပွဲလေးကို ငြင်းသင့်ရင်ငြင်းလိုက်ပါ။ သူက စကားစရုံရှိသေး ကိုယ်က ဖိနပ်လေးကောက်စီးပြီး သွားလိုက်မယ်ဆို သိပ်ကိုလွယ်လွန်းသွားပါလိမ့်မယ်။ လူတွေက အလွယ်တကူရရင် သိပ်စိတ်မဝင်စားတတ်ဘူးဆိုတာလည်း မမေ့ပါနဲ့။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ကိုယ့်ချစ်သူအပေါ် မိန်းကလေးတွေ မပြုမူသင့်တဲ့အရာ (၄) ခု

 

၅။ ထိကပါးရိကပါး

သိတာ သိပ်မကြာသေးဘဲနဲ့ လိင်နဲ့ဆက်နွှယ်နေတဲ့စကားတွေ ထိကပါးရိပါးပြောလာရင် လက်မခံပါနဲ့။ ကိုယ့်မှာ ကိုယ်ပိုင်တန်ဖိုးရှိပါတယ်။ ကိုယ့်ကို သူက လေးစားမှုနဲ့ တန်ဖိုးထားမှု ရှိရပါမယ်။ သူ့ဘက်က စပြောရင် မနှစ်သက်ကြောင်း ငြင်းဆန်ပါ။ ကိုယ့်ဘက်ကလည်း လက်ခံပြောမိရင် ကိုယ်က ဘယ်လိုမှ အထာမကျတော့ပါဘူး။ ပွင့်လင်းပါ ဒါပေမဲ့ အဆုံးစွန်ထိရောက်စရာ မလိုပါဘူး။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ဘဝလက်တွဲဖော် ရောက်မလာသေးခင် လုပ်ထားဖို့အရာ (၄) ခု

Share

Loading Next Article...
က္က