လူငယ်တွေရဲ့သဘောကိုလည်း နားလည်တာမို့ ဘော်ဒါတွေနဲ့ လျှောက်သွားတာကို အပြစ်မြင်မှာမဟုတ်ပါဘူး။ ဘီယာသောက်လို့ ဆူမှမဟုတ်တဲ့အပြင် ကိုယ်ကသာချွဲလိုက်ရင် အမြည်းတောင်လုပ်ပေးဦးမယ့်သူတွေပါ။
 

အချစ်ဆိုတာ ချစ်နေဖို့ပဲလေ။ တကယ်တမ်း ချစ်မိပြီသာဆို အသားအရောင်၊ အသက်အရွယ်၊ အဆင့်အတန်းတွေလည်း ထည့်မတွေးမိကြတော့ပါဘူး။ ယောကျ်ားလေးနဲ့မိန်းကလေးမှာ ယောက်ျားလေးက မိန်းကလေးထက်ပိုအသက်ကြီးတဲ့ စုံတွဲတွေက ပုံမှန်ပါပဲ။ အဆင်လည်း ပြေကြပါတယ်။ မိန်းကလေးက ယောက်ျားလေးထက် နည်းနည်းအသက်ပိုကြီးတဲ့ မမနဲ့မောင်လေး အချစ်ရေးဆိုရင်တော့ ဒါလေးတွေကို သိထားဖို့လိုတာပေါ့။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ကိုယ့်ထက်ငယ်တဲ့ကောင်လေးနဲ့ ချစ်သူဖြစ်တဲ့အခါ ရလာမယ့် ကောင်းကျိုးတွေ

၁။ မညာပါနဲ့

ဘယ်လိုဆက်ဆံရေးမျိုးမဆို လိမ်ညာပေါင်းသင်းတာ မကောင်းဘူးမဟုတ်လား။ ချစ်ရတဲ့လူကိုဆိုလည်း လုံးဝ မညာသင့်ပါဘူး။ မမကို ညာမယ်ဆိုရင်တော့ မောင်လေး သိပ်မှားသွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မမတို့က လူ့လောကကို အရင်ရောက်လာပြီးဖြစ်သလို ကိုယ့်ထက်ငယ်သူကို ချစ်သူတော်ထားရတာနဲ့အမျှ အားလုံးစုံစမ်းထားပြီးသားဆိုတာ သဘောပေါက်လိုက်ပါ။

၂။ ခွင့်လွှတ်တတ်တယ်

အမှားတွေရှိလာရင်လည်း မကြောက်ပါနဲ့။ ဖေးမ ကူညီဖို့ အသင့်ပါပဲ။ အပြစ်ရှိရင်သာ မညာဘဲဝန်ခံလိုက်ပါ။ နားလည်ခွင့်လွှတ်ပေးဖို့ အသင့်ရှိပါတယ်။ လူငယ်တွေရဲ့သဘောကိုလည်း နားလည်တာမို့ ဘော်ဒါတွေနဲ့ လျှောက်သွားတာကို အပြစ်မြင်မှာမဟုတ်ပါဘူး။ ဘီယာသောက်လို့ ဆူမှမဟုတ်တဲ့အပြင် ကိုယ်ကသာချွဲလိုက်ရင် အမြည်းတောင်လုပ်ပေးဦးမယ့်သူတွေပါ။

couple.jpg 

၃။ ပြတ်သားတယ်

မိန်းကလေးတွေဟာ ငယ်တုန်းက ဘယ်လောက်ပဲ ကလေးဆန်တယ်ဆိုဆို အသက် ၂၅ နှစ် ကျော်လာတာနဲ့ ရင့်ကျက်လာကြပါပြီ။ လုပ်ငန်းခွင်မှာလည်း အထိုက်အလျောက် နေရာရလာမို့ ကိုယ်ပိုင်ရပ်တည်နိုင်သူတွေပေါ့။ စိတ်ဓာတ်လည်း ပိုမိုမာကြောလာပါတယ်။ တားမြစ်ထားတဲ့အရာတွေကို ချိုးဖောက်လိုက်တာနဲ့အမျှ ပြစ်ဒဏ်တစ်ခုခုရဖို့သာ ပြင်ထားလိုက်ပါ။ ပြတ်သားသူတွေပီပီ ကျောခိုင်းသွားတာနဲ့ ပြန်လှည့်ကြည့်တော့မှာလည်း မဟုတ်ပါဘူး။

ဆက်စပ်ဖတ်ရှုချင်စရာ ---> ရင်ခုန်စရာကောင်းတဲ့ ကောင်လေးတွေဆိုတာ

၄။ စိတ်ချမ်းသာရမယ်

စိတ်ချမ်းသာစရာတွေကတော့ အများကြီးပါပဲ။ ကိုယ့်အကြိုက်တွေကိုလည်း ကောင်းကောင်းသိနေသူဆိုတော့ နားလည်မှုလွဲတာတွေလည်း နည်းပါတယ်။ ကိုယ့်အကြိုက်ကိုသိသူပီပီ အခြေအနေပေါ် မူတည်ကာ လိုက်လျောဖြည့်စွမ်းပေးကြပါတယ်။ ချစ်ရတဲ့မမဟာ တခါတရံမှာ အမေတစ်ယောက်လို အေးမြရဲ့မေတ္တာကိုလည်း ပေးတတ်ပါတယ်။ ချစ်ရေးချစ်ရာမှာဆိုလည်း ကိုယ့်စိတ်ကိုကျေနပ်စေမယ့်သူမျိုးပါ။

tumblr_static_15jixvuinclc8kcsg4k84wkcw.jpg 

၅။ အာရုံမနောက်ရဘူး

ဖုန်းမကိုင်လို့ စိတ်ကောက်မှာ၊ လက်ဆောင်ဝယ်ပေးဖို့ ပူဆာတာတွေ မရှိပါဘူး။ အလုပ်များနေတယ်လို့သာ အကြောင်းပြချက် လုံလုံလောက်လောက် ပေးနိုင်မယ်ဆို စိတ်ကောက်မှာမဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သင့်ကိုလွမ်းနေမယ့်သူမျိုးပါ။

Share

Loading Next Article...
က္က