အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီးရောက်ချင်ကြသူတွေချည်းပဲပေါ့။ ကလေးဘဝက အေးချမ်းဖြူစင်ပါတယ်။
 

ကလေးဘဝဟာ စိတ်ကူးယဉ်စရာတွေနဲ့ ပြည့်နှက်နေခဲ့ကြတာချည်းပါပဲ။ အရွယ်ရောက်လာရင် ဘာဖြစ်ရမယ်၊ ဘာတွေလုပ်မယ်ဆိုတာလည်း ရည်မှန်းထားကြပါတယ်။ တကယ်တမ်း အရွယ်ရောက်လာတော့ ငယ်ငယ်က ရည်မှန်းထားခဲ့တာတွေကို လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့တာမျိုးလေ။ တချို့သော စိတ်ကူးရည်မှန်းချက်တွေက ပျော်စရာကောင်းပါတယ်။

 

၁။ သူဌေးကြီး

အသက်ကြီးလာရင် သူဌေးကြီးဖြစ်ရမယ်၊ လိုချင်တာတွေ အားလုံးကို ဝယ်နိုင်ရမယ်လို့ စိတ်ကူးဖူးကြမှာပါ။ လက်ရှိထက် အဆပေါင်းများစွာသာတဲ့ အနေအထားတစ်ခုကိုပေါ့။ တကယ်လည်း အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်တဲ့အချိန်မှာတော့ ငွေရေးကြေးရေးဟာ အင်မတန် စိစစ်ချွေတာရတဲ့အဖြစ်ကို ရောက်သွားတယ်လေ။ ပိုက်ဆံအိတ်ဆိုတာလည်း ကြက်သွန်နီလိုပဲ။ တစ်လွှာခွာပြီးတိုင်း ဘာမှမတွေ့လို့ မျက်ရည်ဝဲရတာမျိုး။

 

၂။ သန့်ရှင်းရေး

ငယ်တုန်းက အမေအဖေကခိုင်းလို့ ပန်းကန်ဆေးရတာမျိုးကို ဘယ်တုန်းကမှ မလုပ်ချင်ခဲ့ဘူးလေ။ ကြီးလာရင် ဘယ်တော့မှ ပန်းကန်မဆေးဘူး၊ သူများကိုပဲဆေးခိုင်းမယ်လို့ တွေးခဲ့ဖူးမယ်ထင်ပါတယ်။ ကလေးဘဝဆိုတော့ အပြစ်ကင်းတဲ့ မျှော်လင့်ချက်တွေပေါ့။ အရွယ်ရောက်လာတဲ့အခါမှာ သန့်ရှင်းရေးဆိုတာ မနေနိုင်ရင် ကိုယ်တိုင်ထလုပ်ဖြစ်သွားပါတယ်။

 

၃။ ပိတ်ရက်တိုင်းလျှောက်လည်မယ်

စနေ၊ တနင်္ဂနွေနေ့တိုင်း ကစားကွင်းသွားချင်ခဲ့တယ်။ လူကြီးတွေက လိုက်မပို့နိုင်ခဲ့ကြပါဘူး။ ဒီတော့ ကိုယ်သာအရွယ်ရောက်လာရင် ပိတ်ရက်တိုင်း ကစားကွင်းသွားပစ်မယ်လို့လည်း ကြံရွယ်ဖူးပါတယ်။ တကယ်တမ်း အရွယ်ရောက်လာရော ပိတ်ရက်ဆို တစ်နေကုန် အိပ်နေတာနဲ့ အချိန်ကုန်တာများပါတယ်။

 

၄။ မိဘတွေ

ကိုယ့်ကို အရမ်းချုပ်ခြယ်လွန်းတဲ့ မိဘတွေဆီကနေ ထွက်ခွာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ စိတ်ကူးဖူးပါတယ်။ အရွယ်ရောက်လာချိန်မှာတော့ မိဘတွေရဲ့ မေတ္တာရိပ်နဲ့ အကြံဉာဏ်တွေကို တန်ဖိုးထားတတ်လာပြီလေ။ ရက်အနည်းငယ်လောက် ခွဲရရင်ကိုပဲ အမေ့ကိုလွမ်းနေကြတဲ့ အဖြစ်မျိုးပါ။

Source : Bright Side

Share

Loading Next Article...
က္က