ကလေးတွေကလည်း သူ့ကိုချစ်ကြသလို သူကလည်း ကလေးတွေကိုချစ်တာ အဓိကကျတဲ့ လက္ခဏာကောင်းတစ်ခုပါ။
 

ယောက်ျားတစ်ယောက်ကို ချစ်မိသွားတဲ့အခါ သူနဲ့ ဘဝတစ်ခုထူထောင်ဖို့ မျှော်လင့်မိတာပါပဲ။ အမှတ်တရနေ့ရက်တွေ ဖြတ်သန်းမယ်၊ မင်္ဂလာဆောင်မယ်၊ အိမ်လေးတစ်လုံးမှာ အတူတူနေကြရင်း ကလေးတွေမွေးကြမယ်ပေါ့။ တကယ်လို့များ ကိုယ့်ချစ်သူမှာ ဒီလိုအမူအကျင့်လေးတွေ ရှိနေပြီဆိုရင် သူဟာ နောင်တစ်ချိန်မှာ ဖခင်ကောင်းတစ်ယောက် ဖြစ်လာနိုင်ခြေရှိမယ်လို့ ယူဆရပါတယ်။

၁။ ကလေးတွေနဲ့ရင်းနှီးတယ်

သူ့ရဲ့တူတွေ၊ ညီ/ညီမလေးတွေနဲ့လည်း တရင်းတနှီးနေသလို ကိုယ့်ဘက်ကဆွေမျိုးတော်စပ်တဲ့ ကလေးတွေနဲ့ ရင်းနှီးမှုရယူနိုင်တယ်တာလည်း ကောင်းတဲ့လက္ခဏာရပ်ပါပဲ။ ကလေးတွေကလည်း သူ့ကိုချစ်ကြသလို သူကလည်း ကလေးတွေကိုချစ်တာ အဓိကကျတဲ့ လက္ခဏာကောင်းတစ်ခုပါ။ သူက ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိနေလို့ဖြစ်ပါတယ်။

 

၂။ ကလေးကစားစရာတွေနဲ့လည်းဆော့နိုင်တယ်

ယောက်ျားလေးတွေဆို စူပါဟီးရိုးအရုပ်တွေ၊ သေနတ်တွေနဲ့ ဆော့ရတာ နှစ်သက်ကြပါတယ်။ မိန်းကလေးတွေကတော့ အရုပ်မလေးတွေနဲ့ပေါ့။ ဒီလိုကလေးကစားစရာတွေကို ကလေးတွေနဲ့အတူ ဆော့ပေးနိုင်ပါတယ်။ နောက်ဆို ဖခင်ဘဝရောက်လာရင် ကလေးအတွက် အရုပ်တွေလိုက်ရွေးပေးဦးမယ့်လူပါပဲ။

၃။ ကာတွန်းကားကြိုက်တယ်

ကာတွန်းကားကြိုက်တာ ကလေးဆန်တာမဟုတ်ပါဘူး။ စိတ်နှလုံးရိုးသားတယ်လို့ ကောက်ချက်ချနိုင်တဲ့လူပါ။ လူကြီးတွေက ကာတွန်းကားဆို မကြည့်ချင်ကြပေမဲ့ ကိုယ်ငယ်ငယ်တုန်းက ကာတွန်းကားကြိုက်ခဲ့တာကိုတော့ ငြင်းပယ်လို့မရနိုင်ပါဘူး။ သူက ကာတွန်းကားကြိုက်တယ်ဆိုရင်တော့ ကလေးတွေရဲ့စိတ်ကို နီးနီးစပ်စပ်နားလည်ပေးမယ့်သူပါ။

 

၄။ အိမ်အလုပ်တွေကူတယ်

သူ့အိမ်မှာ အမေ့ကို အိမ်မှုကိစ္စတွေ ကူပေးတယ်ဆိုရင် ကိုယ့်ကိုလည်း ကူညီပေးမယ့် ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ဦးဖြစ်လာဦးမယ် ထင်ပါတယ်။ ကိုယ်က အလုပ်များနေချိန် သူက အမြင်မတော်တာတွေ ကူညီပေးသွားမယ့်ယောကျ်ားမျိုးပေါ့။

၅။ ခွေးချစ်တယ်

ခွေးချစ်တာနဲ့ ဖခင်ကောင်းနဲ့ ဘာဆိုင်သလဲလို့ ရုတ်တရက် ခပ်ကြောင်ကြောင် ဖြစ်သွားတယ်မဟုတ်လား။ တကယ်တော့ ခွေးတွေဟာ အသိဉာဏ်မြင့်မားလွန်းတဲ့ တိရစ္ဆာန်တွေပါ။ လူတွေနဲ့လည်း နီးနီးစပ်စပ်ရှိပါတယ်။ ကလေးတွေနဲ့လည်း တူပါတယ်။ ဂျီကျတတ်၊ တွယ်တာတတ်၊ စိတ်ကောက်တတ်ကြပါတယ်။ ကိုယ့်ရဲ့ချစ်သူဟာ သူမွေးထားတဲ့ခွေးကို ဂရုစိုက် ချစ်တတ်မယ်ဆိုရင်တော့ ကိုယ့်သားသမီးကိုလည်း ဂရုစိုက်ကြင်နာဦးမယ့်လူပဲ ဖြစ်ပါတယ်။

Source : Women Talk

Share

Loading Next Article...
က္က