မကြာခဏ ချစ်တင်းနှောတဲ့ စုံတွဲတွေက ဘဝအပေါ် ကျေနပ်ရောင့်ရဲမှု ပိုခံစားကြရတာကို တွေ့ခဲ့ရပါတယ်။
 

တိုရွန်တိုတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ မကြာခဏချစ်တင်းနှောခြင်းဟာ တစ်နှစ်ကို ဒေါ်လာ ၅၀,၀၀၀ လောက် ဝင်ငွေတိုးရသလို ကောင်းကျိုးပေးတယ်လို့ ဆိုလိုက်ပါတယ်။

 

လေ့လာမှုမှာ စုံတွဲ ၃၃၅ တွဲ ပါဝင်ခဲ့ပြီး ချစ်တင်းနှောမှုနဲ့ ဘဝအပေါ်ကျေနပ်မှုတို့ကို မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် ထွေးပိုက်တာ၊ နမ်းတာ၊ လက်ချင်းတွဲတာတွေကိုရော မကြာခဏ ပြုလုပ်လေ့ရှိမရှိကိုပါ မေးမြန်းခဲ့ပါတယ်။ မကြာခဏ ချစ်တင်းနှောတဲ့ စုံတွဲတွေရော ချစ်ခြင်းရဲ့အပြုအမူတွေကို ပြုလုပ်ကြသူတွေမှာပါ ဘဝအပေါ် ကျေနပ်ရောင့်ရဲမှု ပိုခံစားကြရတာကို တွေ့ခဲ့ရပါတယ်။

 

နောက်ထပ် လေ့လာမှုမှာတော့ ဆွစ်ဇာလန်နိုင်ငံက စုံတွဲ ၁၀၆ တွဲကို ဆန်းစစ်ရာမှာတော့ စုံတွဲတွေကို ၁၀ ရက်လျှင် ၁ ကြိမ်ထက်ပိုပြီး ချစ်တင်းနှောစေခဲ့ပါတယ်။ ၆ လ အကြာမှာတော့ အဆိုပါစုံတွဲတွေဟာ ပိုမိုပျော်ရွှင်လာကြတယ်လို့ သိရပါတယ်။

လူတွေဟာ အချစ်ရေးမှာ သာယာနေတယ်ဆိုရင် ဘဝမှာပါ ပိုမိုပျော်ရွှင်ကြရပါတယ်။ ချစ်တင်းနှောခြင်းကတော့ တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးစပ်စေပြီး အချစ်ရေးကိုပိုမိုခိုင်မာလာစေတယ်လို့ ဆန်းစစ်မှုရလဒ်မှာ ဖော်ပြခဲ့ပါတယ်။

Source : Metro

Share

Loading Next Article...
က္က