ဖေ့စ်ဘွတ်၊ Snap chat နဲ့ အင်စတာဂရမ်တို့ဟာ လူငယ်တွေကြားမှာ ရေပန်းစားပါတယ်။
 

အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ တစ်နေ့ကို နှစ်နာရီကျော် အသုံးပြုနေကြသူတွေဟာ အထီးကျန်မှုကို ခံစားရနိုင်ခြေ နှစ်ဆ ပိုများတယ်လို့ ဗြိတိန်သတင်းဝက်ဘ်ဆိုက် Mirror က ရေးသားလိုက်ပါတယ်။ ယနေ့ခေတ်လူငယ်တွေဟာ လူမှုကွန်ရက်တွေကို ပိုမိုအသုံးပြုလာတဲ့အလျှောက် ပိုပြီး အထီးကျန်လာကြောင်း စိတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ Pinterest တို့မှာ အချိန်ပိုကုန်သွားတဲ့ လူငယ်တွေဟာ အခြားလူမှုအသိုင်းအဝိုင်းတွေကနေ ပိုပြီးဝေးသွားနိုင်ကြောင်းကိုလည်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်မှု ပိုများလေလေ အင်တာနက်ပေါ်မှာ မကောင်းတဲ့သက်ရောက်မှု ပိုကြုံရလေလေဖြစ်ကြောင်း အမေရိကန်သုတေသနတစ်ခုက ထုတ်ပြန်လိုက်တာပါ။

 

ယခင်လေ့လာမှုတစ်ခုအရ တစ်ပတ်အတွင်းမှာ ဝက်ဘ်ဆိုက်ပေါင်း ၅၈ ခုထက်မနည်းကို ဝင်ရောက်ခဲ့ကြသူတွေဟာ တစ်ပတ်အတွင်း ဝက်ဘ်ဆိုက်တွေထံ ၉ ကြိမ်သာ ဝင်ရောက်ခဲ့သူတွေနဲ့ယှဉ်ရင် တစ်ကိုယ်တည်းအထီးကျန်နိုင်ခြေ သုံးဆ ပိုများတယ်လို့ ဆိုခဲ့ဖူးတယ်။ ယခုလေ့လာမှုမှာတော့ အသက် ၁၉ နှစ်နဲ့ ၃၂ နှစ်ကြား လူငယ်ပေါင်း ၁၇၈၇ ဦးကို ယင်းတို့အသုံးများဆုံး လူမှုကွန်ရက် ၁၁ ခုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်ကူညီခဲ့ကြတဲ့ လူငယ်တစ်ဦးချင်းစီဟာ လူမှုရေးပိုင်းမှာ တစ်ကိုယ်တည်းအထီးကျန်နေရတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ် သတိမူမိတယ်လို့ ဝန်ခံခဲ့ကြပါတယ်။

Source : Metro

Share

Loading Next Article...
က္က