ဘဝအခက်အခဲတွေကြားထဲမှာ ရင်သွေးကိုစောင့်ရှောက်နေပုံက ကရုဏာသက်စရာကောင်းပါတယ်။
 

လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေထဲက လူကြိုက်များတဲ့ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Reddit မှာ ပျံ့နှံ့နေတဲ့ ပုံလေးတစ်ပုံဟာ မိခင်မေတ္တာကို အောက်မေ့မြင်ယောင်မိစေပါတယ်။ ကလေးကို ကျောမှာသယ်ပိုးရင်း စားဝတ်နေရေးအတွက် အုတ်ခဲတွေသယ်နေရရှာတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံဟာ မြင်သူတိုင်းကရုဏာသက်ရပါတယ်။

သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ ဂွမ်းစောင်ပါးလေးတစ်ထည်နဲ့ ရင်သွေးငယ်ကို ရစ်သိုင်းပြီး ကျောမှာသယ်ပိုးထားတာကို တွေ့ရမှာပါ။ သူမဟာ ရင်သွေးလေးကို သယ်ထားလျက်နဲ့ အုတ်နီခဲ ၆ လုံးကို ခေါင်းပေါ်ရွက်ပြီး သယ်ဆောင်နေတာပါ။ အမျိုးသမီးရဲ့မျက်နှာကိုတော့ မမြင်ရပါဘူး။ ဒါပေမဲ့ ဒီပုံထဲက အမျိုးသမီးဟာ အိန္ဒိယသူတစ်ဦးဖြစ်မယ်လို့ ယူဆရပါတယ်။

 

ကလေးငယ်ဟာ မိခင်ရဲ့နောက်မှာ ငြိမ်သက်စွာပဲ လဲလျောင်းနေခဲ့ပါတယ်။ စားဝတ်နေရေး ကျပ်တည်းနေပုံရတဲ့ မိခင်ကတော့ အုတ်ခဲတွေခေါင်းပေါ်ဆင့်ကာ နေ့တွက်ခရဲ့ အသက်ဆက်ဖို့ ကြိုးစားနေလေရဲ့။

Source : Reddit

Share

Loading Next Article...
က္က