မကြည်လင်တဲ့စိတ်တွေကို မောင်းထုတ်ပြီး ကိုယ့်အနားကလူတွေနဲ့ သင့်မြတ်ပျော်ရွှင်အောင်နေကြည့်ပါ။
 

အဆိုးမြင်စိတ်ဟာ ကိုယ့်တစ်ယောက်တည်းမှာသာ ဖြစ်ပေါ်နေတာမှန်ပေမဲ့ ကိုယ့်အနီးက လူတွေကိုပါ သက်ရောက်မှုရှိသွားစေပါတယ်။ ကိုယ့်စိတ်၊ နှလုံးသားက ကြည်ကြည်လင်လင်မရှိဘဲ အချိန်တိုင်းလိုလို အားလုံးကို အဆိုးမြင်နေမိပြီလားဆိုတာ ပြန်ဆန်းစစ်ဖို့ သင့်ပါပြီ။ လူတွေအားလုံး ရှောင်ကြဉ်ကြတဲ့ အဆိပ်လိုလူသား မဖြစ်ပါစေနဲ့။ မကြည်လင်တဲ့စိတ်တွေကို မောင်းထုတ်ပြီး ကိုယ့်အနားကလူတွေနဲ့ သင့်မြတ်ပျော်ရွှင်အောင်နေကြည့်ပါ။

၁။ ကျေးဇူးစကား

ကျေးဇူးတင်တတ်ခြင်းဟာ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းကိုချောမွေ့ပြေပြစ်သွားစေပါတယ်။ ကိစ္စသေးသေးလေးမို့လို့ ကျေးဇူးတင်ဖို့မလိုဘူးလို့ မတွေးလိုက်ပါနဲ့။ ကိုယ့်ရဲ့ ကျေးဇူးစကားဟာ နှုတ်ဖျားကတင် ပြောလိုက်ရတာပါ။ တစ်ဖက်သားမှာတော့ ကြည်နူးချမ်းမြေ့ရပါတယ်။

o-FOX-NEWS-WOMEN-facebook.jpg 

၂။ မကျေနပ်တာတွေလျော့

ကိုယ့်ရဲ့ အလိုမကျမှုတွေ မကျေမနပ် ရေရွတ်ညည်းတွားသံတွေဟာ ဘေးလူတွေအဖို့ စိတ်ညစ်စရာပါပဲ။ ခေါင်းထဲမှာ မကျေနပ်တာတွေချည်းပဲ ပြည့်နေအောင် မထားပါနဲ့။

၃။ ခွင့်လွှတ်တတ်ပါစေ

ကိုယ်လက်မခံတာ တစ်ခုခုကို သူက လုပ်မိတယ်။ သူ့ကို မကျေနပ်ဘူး တစ်ခုခုပြန်လုပ်ရမှကျေနပ်မယ်။ အဲ့လိုစိတ်တွေကပဲ ကိုယ့်ကိုနှိပ်စက်နေတာပါ။ လက်စားချေခြင်းဟာ အမုန်းသံသရာကနေ ရုန်းမထွက်စေတော့ပါဘူး။ ခွင့်လွှတ်ပေးနိုင်ဖို့ ကြိုးစားပါ။

RMlogoHowdoIhelptwoangrypeoplereconcile.jpg 

၄။ ကူညီဖေးမပါ

နည်းနည်းလေး ကူညီပေးရုံလောက်နဲ့တင် အများကြီး အကျိုးကျေးဇူးရှိပါတယ်။ ကိုယ့်ဘက်က အများကြီး အားစိုက်လိုက်ရတာ မဟုတ်သည့်တိုင် တစ်ဖက်သားမှာ အများကြီး အဆင်ပြေသွားတယ်ဆို ပီတိဖြစ်ရပါလိမ့်မယ်။ ကူညီဖေးမတတ်သူ ဖြစ်ပါစေ။ ကိုယ့်ရဲ့ဒေါသတွေအောက်မှာ စိတ်နှလုံးကောင်းလေး ပျောက်ကွယ်မသွားပါစေနဲ့။

၅။ ကိုယ့်လိုလူတွေ

ကိုယ်ကလည်း ထစ်ခနဲဆို ဒေါသထွက်လွယ်တဲ့ အဆိုးမြင်သမား၊ အဲ့ဒါကိုမှ ကိုယ့်လိုလူတွေနဲ့ သွားပေါင်းနေရင် သူလည်း ပိုဆိုးလာမယ်၊ ကိုယ်လည်း ပိုဆိုးလာပါလိမ့်မယ်။ သဘောကောင်းတဲ့လူနားမှာ နေရတာ စိတ်ချမ်းသာရတယ်မဟုတ်လား။

angry_woman_computer-620x412.jpg 

၆။ စိတ်အပြောင်းအလဲ

ကိုယ့်စိတ်ကို ပြောင်းလဲဖို့က ခက်ပါတယ်။ ဒါပေမဲ့ ပြောင်းလဲကြည့်ပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့ အာရုံပြောင်းတဲ့ နည်းနဲ့ပေါ့။ အလုပ်ထဲမှာ စိတ်ရှုပ်လာရင် ခနလောက် လမ်းလျှောက်ပြီး သီချင်းနားထောင်၊ ကော်ဖီလေးသောက်လိုက်လေ။

 

၇။ ပြောင်းလဲလိုက်

ကိုယ်မကြိုက်တာ ဘာတွေလဲ? အဲ့တာတွေကို ပြောင်းလဲပစ်လိုက်။ အခန်းထဲမှာ ရှုပ်ပွနေတာမကြိုက်ရင် ရှင်းလိုက်။ မမြင်ချင်တာတွေရှိရင် ဖယ်ထုတ်လိုက်ပါ။ ဒီအလုပ်မှာ မပျော်တော့ဘူး အမြဲတမ်း စိတ်ရှုပ်ရတယ်ဆိုလည်း တခြားအလုပ်ပြောင်းဖို့သာ စဉ်းစားပါတော့။ ကြာလာရင် ဘယ်သူ့အတွက်မှ ကောင်းကျိုးပေးနိုင်မှာ မဟုတ်လို့ပါပဲ။

Source : Heather Jensen

Share

Loading Next Article...
က္က