မြင်ရတာ ကြည်နူးဖို့ကောင်းလွန်းလို့ အားကျမိပါတယ်။
 

တရုတ်နိုင်ငံက အသက် ၁၀၀ ဝန်းကျင်အရွယ် ဘိုးဘွားစုံတွဲတစ်တွဲရဲ့ ချစ်ခင်လွန်းကြပုံတွေဟာ Chongquing Evening News မှာ ဖော်ပြခံခဲ့ရပြီးနောက် လူပေါင်းများစွာရဲ့ စိတ်နှလုံးကို ကြည်နူးသွားစေခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်လာခဲ့ကြတာ ၈၁ နှစ်တောင် ကြာခဲ့ပါပြီ။

 

အဘွား Wu Wi'an က အသက် ၁၀၀ နှစ် ရှိပြီဖြစ်ကာ အဘွားရဲ့ခင်ပွန်း အဘိုး Xiang Yongshan က အသက် ၉၉ နှစ် ရှိပြီလို့ သိရပါတယ်။ ဝူရဲ့အသက် ၃ နှစ်မှာ သူမရဲ့မိဘတွေက ရိုးရာဓလေ့အတိုင်း ဝူရဲ့ခြေဖဝါးတွေကို ချည်နှောင်ထားခဲ့ပါတယ်။ ဘယ်လောက်ပဲငိုငို ဖြည်မပေးခဲ့ပါဘူး။ ထိုခေတ်ကာကလတုန်းက ခြေဖဝါးကို ချည်နှောင်ပြီး ဖိနပ်သေးသေးလေးစီးနင်းခြင်းဟာ တရုတ်နိုင်ငံရဲ့ နယ်ဘက်ဒေသတွေမှာ ပြုလုပ်လေ့ရှိခဲ့ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် သင့်လျော်တဲ့ခင်ပွန်းကို ရှာတွေ့လိမ့်မယ်ဆိုပြီး အယူအစွဲ ထားကြတာပါ။

 

ဝူရဲ့အသက် ၆ နှစ်မှာ စီအန်း (Xiang) ရဲ့ မိဘတွေက သူတို့သားနဲ့လက်ထပ်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဝူဟာ သူမတို့ထက် ချမ်းသာတဲ့မိသားစုက ပေါက်ဖွားတဲ့ စီအန်းနဲ့ လက်ထပ်ရတာက သူမရဲ့ခြေထောက်သေးသေးလေးတွေကြောင့် ဖြစ်ပါတယ်။ သူမက ကျောင်းတက်ခွင့်တော့ မရခဲ့ရှာပါဘူး။ သူမရဲ့အသက် ၁၉ နှစ်မှာတော့ လက်ထပ်ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အရမ်းကို သာယာခဲ့ပါတယ်။ ခုလို သာယာရခြင်းရဲ့ သော့ချက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ဆက်ဆံပြီး တစ်နေ့တစ်ရက်လေးတောင်မှ ခွဲမနေကြခြင်းဖြစ်တယ်လို့ ဘိုးဘွားစုံတွဲက ဆိုပါတယ်။

 

ဘွားဘွားဝူနဲ့ ဘိုးဘိုး Xiang တို့ကနေ ဖွားမြင်လာလိုက်တဲ့ မျိုးဆက်တွေက ငါးဆက်တောင် ရှိသွားပါပြီ။ မိသားစုမျိုးရိုးဝင် ၅၅ ဦး ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ဆောင်းဦးပွဲတော်ကိုရောက်တဲ့အခါ ဘိုးဘွားတို့ဆီကို ပြန်လာကြပြီး စားကြသောက်ကြနဲ့ နှစ်ကူးအားလပ်ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြပါတယ်။

Source : Shanghaiist

Share

Loading Next Article...
က္က