ယောကျ်ားတွေက အိမ်ထောင်သည်ဘဝရောက်သွားရင် လူပျိုဘဝထက် ပိုတော်လာပါတယ်။

ကိုယ့်ထက်အသက်ကြီးသူတွေနဲ့ ကိုယ့်ထက်အရင် အိမ်ထောင်ပြုသွားကြတဲ့ သူငယ်ချင်းတွေက သူတို့ရဲ့ အိမ်ထောင်ရေးအတွေ့အကြုံတွေကို ပြန်လည်မျှဝေတဲ့အခါ အချို့အရာတွေက တူညီနေတာကို တွေ့ရမှာပါ။ အိမ်ထောင်ပြုရမယ့်အရွယ် ရောက်လာတဲ့အခါ ကိုယ့်ရဲ့စီနီယာတွေဆီက အကြံဉာဏ်နဲ့ အတွေ့အကြုံတွေကို မေးရမြန်းရပြီလေ။ သူတို့တွေပြောကြတဲ့ စကားတွေထဲမှာ ဒီအချက် သုံးချက်ကတော့ အားလုံးပြောကြတာကို ကြားခဲ့ရပါတယ်။

၁။ ခက်ခဲတယ်

နှစ်ယောက်တစ်ဘဝ တည်ဆောက်ဖို့ဆိုတာ တကယ်ကိုခက်ခဲလွန်းပါတယ်။ ငွေရေးကြေးရေး အဆင်ပြေတယ်ဆိုရင်တောင်မှ မင်္ဂလာမဆောင်ခင်ကတည်းက အလုပ်တွေရှုပ်ရပြီလေ။ ညှိနှိုင်းရတာ၊ ဆုံးဖြတ်ချက်ရတာတွေနဲ့ နှစ်ဘက်အသိုင်းအဝိုင်းကြားမှာ အဆင်ပြေဖို့ရာ အတော်လေးကြိုးစားရပါတယ်။ အတူနေပြီဆိုလည်း အိမ်ထောင်သည်ဖြစ်သွားတော့ လူလွတ်ဘဝကလို မဟုတ်တော့ဘူး။ တာဝန်တွေ ဝတ္တရားတွေ များလာပြီ။ တချို့ကတော့ ဒါကိုခက်ခဲပင်ပန်းတယ်လို့ ထင်ကြတယ်။ တချို့ကျတော့လည်း အပြန်အလှန်ညှိနှိုင်းနားလည်ပေးတော့ ထင်သလောက် မခက်ပါဘူး။

 

၂။ ပြီးပြည့်စုံစေ

ပုံပြင်တွေထဲကလို ပျော်ရွှင်စွာ ပေါင်းဖက်ကြသွားသတည်းပေါ့။ တကယ်တော့ ဒါက ဇာတ်သိမ်းမဟုတ်ပါဘူး။ နှစ်ယောက်အတူ တည်ဆောက်ရတဲ့ ဘဝသစ်တစ်ခု စတင်လိုက်တာပါ။ တစ်ယောက်ရဲ့အကြောင်း တစ်ယောက်က ပိုသိနားလည်လာမယ်၊ သည်းခံရတာတွေ၊ အတူကြိုးစားရတာတွေ ရှိလာမယ်။ ဒါမှ ဘဝအစစ်ပါ။ မိဘအရိပ်မှာ နေခဲ့တုန်းက အပူအပင်မရှိခဲ့ပေမဲ့ အိမ်ထောင်ပြုလိုက်တော့မှပဲ ဘဝကို ရေရေရာရာ နားလည်လာပါတယ်။

 

၃။ ပိုကောင်းတဲ့လူ

နတ်သမီးတစ်ပါးက ကိုယ့် မှော်နှင်တံလေးနဲ့တို့ပြီး ရော့အင့် လူတော်တစ်ယောက် ဖြစ်လာစေဆိုပြီး လုပ်ပေးလိုက်တာမဟုတ်ပါဘူး။ ဘဝကို ပိုပြီး နားလည်လာတဲ့အခါ ကိုယ်က ပိုရင့်ကျက်လာရတယ်လေ။ လုပ်သင့်တာနဲ့ လုပ်ချင်တာကိုလည်း ခွဲခြားတတ်လာပြီ။ မဖြစ်ဖြစ်အောင် လုပ်ရမယ့်အရာတွေအတွက် အားစိုက်တတ်လာတော့ ကိုယ်ဟာ အိမ်ထောင်သည်ဘဝမှာ ပိုပြီးထက်မြက်လာခဲ့ရပါတယ်။ ဒါပေမဲ့ ကြိုးစားချင်စိတ်ရှိဖို့တော့ လိုတာပေါ့။ ဘာမှမလုပ်ဘဲနေရင် ဘာမှဖြစ်မလာသလို ကိုယ့်စိတ်ကို ဦးစားပေးနေရင်လည်း အိမ်ထောင်ရေးအဆင်မပြေနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။

Share

Loading Next Article...
က္က