ကျွန်မအလုပ်နဲ့ ဝါသနာပါတဲ့အရာတွေအပေါ် အာရုံစိုက်နေနိုင်မယ်လေ။ ကျွန်မ လိုချင်တဲ့ ဘဝအတိုင်း ကျွန်မနေနေတယ်။
 

လူ့လောကထဲကို မိန်းကလေးတစ်ယောက်အဖြစ်နဲ့ ရောက်လာခဲ့ပြီး အချိန်တန်အရွယ်ရောက်တဲ့အခါ အိမ်ထောင်ပြု ကလေးမွေးကြတာဟာ သမိုင်းပေးတာဝန်လို ဖြစ်နေပါပြီ။ ဒါပေမဲ့ အမျိုးသမီးဖြစ်တိုင်းလည်း မဖြစ်မနေ အိမ်ထောင်ပြုရမယ်၊ ကလေးမွေးရမယ်ဆိုတာတော့ မဟုတ်သေးပါဘူး။ အိမ်ထောင်ပြုပြီးလည်း ကလေးမမွေးချင်ကြသူတွေ ရှိပါတယ်။ အနောက်တိုင်းက အမျိုးသမီးတွေဆိုရင် ကလေးမမွေးဘဲနေကြတာက အရှေ့တိုင်းထက်စာရင် ပိုများပါတယ်။ အမျိုးသမီးအချို့ကတော့ သူတို့ ဘာကြောင့် ကလေးမလိုချင်တာလဲဆိုတာ ပြောပြထားပါတယ်။

" ကျွန်မကလေးဘဝတုန်းကဆို ဖုန်းလည်းမရှိ၊ iPad လည်းမရှိ ၊ PlayStation ဂိမ်းလည်း မရှိဘူး။ အိမ်မှာပဲ အမေအဖေတွေနဲ့အတူ ဆော့ကစားခဲ့တာ။ ခုခေတ်ကလေးတွေက အရမ်းကို ကြီးတာမြန်ပြီး ကလေးဘဝကို မရလိုက်ကြသလိုပါပဲ။ ဒီနေ့ခေတ်အခါမှာ ကလေးတစ်ယောက်မွေးဖို့ဆိုတာ ကျွန်မတော့ တတ်နိုင်မယ်မထင်ဘူး" (Marie C)

 

" ကျွန်မက ကလေးတွေမွေးဖို့အတွက် အရမ်းကို တစ်ကိုယ်ကောင်းဆန်နေတယ်ဆိုတာ သိပါတယ်။ ကျွန်မ ဆန္ဒရှိနဲ့နေရာကို အချိန်မရွေး ကောက်သွားချင်တယ်။ ခရီးထွက်ချင်တယ်၊ ပိုက်ဆံသုံးချင်တယ်၊ အပြစ်ရှိသလို ခံစားချက်မရှိဘဲ အလုပ်အချိန်ပိုဆင်းချင်တယ်။ အိပ်ချင်တဲ့အချိန် တစ်ရေးနှပ်မယ် အဲ့သလိုတွေပေါ့။ ကျွန်မက အရမ်းကောင်းတဲ့ အဒေါ်တစ်ယောက်တော့ ဖြစ်ပါတယ်" (Lea M)

" ပထမအချက်က ကျွန်မ ကလေးမလိုချင်ဘူး။ ဒုတိယအချက်ကတော့ ကျွန်မရဲ့သွေးမဟုတ်လို့ ကလေးလည်း မွေးစားတာမျိုး မလုပ်ဘူး။ တတိယအချက်ကတော့ ကလေးမရှိဘဲနဲ့ ဘဝကိုဖြတ်သန်းရတာ ကျွန်မအဆင်ပြေနေသားပဲဥစ္စာ" (Valerie H)

" ခုခေတ်ကလေးတွေ ဘယ်လိုတွေလုပ်နေကြတယ်ဆိုတာ ရှင်တွေ့ဖူးလား? ကျွန်မတော့ အဲ့တာကို ကိုင်တွယ်နိုင်မယ်လို့ မထင်ဘူး" (Sarah T)

 

" ကျွန်မက အရမ်းတစ်ကိုယ်ကောင်းမဆန်ပါဘူး သူတို့ (ကလေး) မလိုချင်ရုံသက်သက်ပါပဲ။ ဘယ်တော့မှ ကလေးမယူဘူး။ ကလေးတွေနားမှာနေရတာ မကြိုက်ဘူး။ ကျွန်မအလုပ်နဲ့ ဝါသနာပါတဲ့အရာတွေအပေါ် အာရုံစိုက်နေနိုင်မယ်လေ။ ကျွန်မ လိုချင်တဲ့ ဘဝအတိုင်း ကျွန်မနေနေတယ်။ အဲ့တာက ကလေးတွေ မပါဝင်တဲ့ ဘဝပေါ့" (Adriana R)

" အချိန်၊ ငွေ၊ လွတ်လပ်မှု၊ စွမ်းအင်၊ အဆုံးသတ်ပုံပြင်။ တချို့မိန်းမတွေက ကလေးမွေးချင်စိတ်မရှိဘဲ မွေးလာကြတယ်လေ။ အဲ့ဒီအတွက် ဘာမှမှားယွင်းနေတာမျိုးလည်း လုံးဝမရှိပါဘူး" (Bethany C)

Source : Women Health Mag

Share

Loading Next Article...
က္က