မျက်နှာနဲ့ ခန္ဓာကိုယ်အောက်ပိုင်းတော့ မဟုတ်ပါဘူး
 

မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ သွင်ပြင်ဆိုတာ ဘယ်လိုမျိုး ဖြစ်မလဲလို့ သိချင်ကြမှာပါ။ မျက်နှာက အဓိကမဟုတ်ပါဘူး။ အမျိုးသားတစ်ဦးရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘယ်အစိတ်အပိုင်းက အမျိုးသမီးတွေကို အဓိက ဆွဲဆောင်နိုင်သလဲဆိုတာကို ဒေါက်တာ ဖလစ်စ် ဆိုတဲ့ အွန်လိုင်းဆေးဆိုင်တစ်ခုက မေးမြန်းခဲ့ပါတယ်။

 

အမျိုးသားတစ်ဦးရဲ့ ရင်အုပ်ပိုင်းဟာ အမျိုးသမီးတွေကို ဆွဲဆောင်မှုအရှိဆုံးလို့ စစ်တမ်းကောက်ယူမှုအရ သိရပါတယ်။ မေးမြန်းမှုရလဒ်အရဆိုရင် ရင်အုပ်က ၂၄ ရာခိုင်နှုန်း၊ ခပ်မိမိ ဆံပင်စတိုင်လ်က ၂၂ ရာခိုင်နှုန်း၊ ဆက်စီကျတဲ့ လက်မောင်းတွေက ၁၉ ရာခိုင်နှုန်း ဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားတွေကိုလည်း ရင်ခုန်ကြပါသတဲ့။

 

သိပ္ပံပညာရှင်တွေကတော့ အမျိုးသားတွေရဲ့ ဆွဲဆာင်မှုအရှိဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထုတ်ဖော်ကြေညာခဲ့ပြီးသားပါ။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး ငုတ်တိုလေးတွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာမှာ ပိုမိုလှုံ့ဆော်နိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်နေဟန်ထားနဲ့ ကြွက်သားတွေဟာလည်း အမျိုးသမီးတွေကို အဓိက ဆွဲဆောင်နိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

Source : Daily Star

Share

Loading Next Article...
က္က