ဘယ်လိုအရာတွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦး။
 

အမျိုးသားတစ်ယောက်ကို ဘယ်လိုဆွဲဆောင်မလဲဆိုတဲ့ အကြံဉာဏ်နဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ဆွဲဆောင်မှု ကျဆင်းစေတဲ့အရာတွေလည်း ရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ရဲ့အလှအပနဲ့ ဆွဲဆောင်မှုတွေဟာ ကိုယ့်ရဲ့အပြုအမူတွေကြောင့်ပဲ မှေးမှိန်သွားရတတ်ပါတယ်။ ဘယ်လိုအရာတွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦး။

၁။ ကြင်နာစိတ်မရှိခြင်း

အမျိုးသမီးတစ်ဦးဟာ ဘယ်လောက်ပဲ လှပချောမောနေပါစေ စိတ်ထားမကောင်းဘူးဆိုရင်လည်း သူမရဲ့အလှက မပေါ်လွင်တော့ပါဘူး။ တစ်ဖက်သားကို ကူညီလိုစိတ်ကင်းမဲ့တာ၊ ကောက်ကျစ်တာတွေဟာ လူတစ်ရဲ့သွင်ပြင်ကိုပါ ညစ်နွမ်းသွားစေပါတယ်။

၂။ အလွန်အမင်းနွမ်းနယ်မှု

အိပ်ရေးပျက်တဲ့ညတွေ များလာရင် အလှအပကို လျော့နည်းစေပါတယ်။ လူကိုလည်း ပိုပင်ပန်းစေပါတယ်။ မျက်ကွင်းတွေညိုမယ်၊ အစားပိုစားမိမယ်၊ စိတ်မကြည်တော့ဘူး။ ဒီလိုဆိုရင် ဘယ်လိုလုပ်ဆွဲဆောင်မှုရှိတော့မလဲ။ လန်းဆန်းတက်ကြွနေသူကသာ ဆွဲဆောင်မှုရှိတာပါ။

 

၃။ မပျော်တတ်ဘူး

ရယ်မောခြင်းဟာ ဆေးဝါးတစ်လက်လိုပါပဲ။ ဒါ့အပြင် တစ်ဖက်သားကိုလည်း ဆွဲဆောင်မှုရှိစေတဲ့အရာပါ။ ရယ်စရာပြောလို့မှ မရယ်ဘဲ ကျောက်ရုပ်ကြီးလို နေနေတာက လူသားမဆန်ရာရောက်ပါတယ်။ အဲ့လိုပုံစံမျိုးတွေ ယောက်ျားလေးတွေက စိတ်မဝင်စားကြပါဘူး။

၄။ စိတ်ဖိစီးနေသူ

၂၀၁၃ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုရလဒ်တစ်ခုမှာတော့ ကော်တီဇော (cortisol)ဟော်မုန်း မြင့်တက်ပြီး စိတ်ဖိစီးနေကြတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေအပေါ် ဆွဲဆောင်နိုင်စွမ်း နည်းပါးတယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှုနည်းသူက ကျန်းမာပျော်ရွှင်ပြီး သွက်လက်နေတော့ လူတွေက သဘောကျကြတာပေါ့။

 

၅။ ညာပြောခြင်း

မရိုးမသားနဲ့ စကားကို ဟိုပြောဒီပြော ပြောနေသူတွေက စိတ်ရှုပ်စရာကောင်းပါတယ်။ ထက်မြက်တဲ့မိန်းကလေးတွေထက် ရိုးသားတဲ့ မိန်းကလေးတွေကိုသာ အမျိုးသားတွေက သဘောကျကြတာပါ။ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ရိုးသားမှုမရှိဘဲ လိမ်ညာလှည့်ဖြားနေတဲ့ အမျိုးသမီးတွေကိုတော့ ယောက်ျားတွေက သဘောမကျကြပါဘူး။

Source : Daily Star

Share

Loading Next Article...
က္က