ကလေးတစ်ယောက်ဆိုပေမဲ့ ဟေဒန်လေးရဲ့ စိတ်ထားကတော့ အချို့လူကြီးတွေထက်တောင် သာနေပါသေးတယ်။
 

ကလေးဘဝမှာ ဝါသနာပါတဲ့အရာတွေကို ပြောရမယ်ဆို ပုံဆွဲတာကလည်း တစ်ခုအပါအဝင်ပေါ့။ စာအုပ်တွေ၊ အိမ်နံရံတွေမှာ ရေးခြစ်ရတာကိုက ပျော်ရွှင်နေတာမျိုးလေ။ ဒါပေမဲ့ အသက် ၁၀ နှစ်သား ကောင်လေးတစ်ယောက်ကတော့ သူ့ရဲ့ပန်းချီလက်ရာတွေကို ရောင်းချကာ ပိုက်ဆံရှာဖွေနေပါတယ်။

 

ဟေဒန်က ပုံဆွဲတော်သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ညီလေးဖြစ်သူ မက်စ်အတွက် ဆေးဖိုးကို ရှာပေးလိုစိတ်နဲ့ အိမ်ရှေ့မှာ စားပွဲတစ်လုံးချ၊ " တစ်ပုံ တစ်ဒေါ်လာ" စာတမ်းပါ ဆိုင်းဘုတ်တစ်ခုထောင်ပြီး သူ့လက်ရာတွေကို ရောင်းခဲ့ပါသတဲ့။ ဒါတင်မက ဟေဒန်ဟာ လက်ကမ်းစာရွက်တွေလည်း ဝေခဲ့ပါသေးတယ်။ သူ့ရဲ့ညီလေးကို အရုပ်ဝယ်ပေးဖို့အတွက် အဲ့ဒီအလုပ်ကို လုပ်ခဲ့တာပါ။

ဟေဒန်ရဲ့ညီလေး မက်စ်က အသက် ၇ နှစ် ရှိပါပြီ။ Neurofibromatosis လို့ခေါ်တဲ့ ဖြစ်တောင့်ဖြစ်ခဲ အာရုံကြောရောဂါကို ခံစားနေရရှာပါတယ်။

 

ခုချိန်ထိတော့ ဟေဒန်လေးရဲ့ပုံတွေကို ရောင်းချရတာ ဒေါ်လာ ၁၀၀ ဖိုးလောက် ရှိနေပါပြီ။ ရတဲ့ငွေထဲက အချို့ကိုတော့ မက်စ်အတွက် အရုပ်တွေ ဝယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Source : People, NBC

Share

Loading Next Article...
က္က